အလုပ်သင် သတင်းထောက်နှင့် ဆောင်းပါးရှင်များ အလိုရှိသည်
Full-time
ရာထူးအသေးစိတ်
သင်ဟာ ကျန်းမာရေးဗဟုသုတတွေကို စိတ်ဝင်စားပြီး စာရေးသားခြင်းနဲ့ သတင်းတင်ဆက်ခြင်းမှာ ဝါသနာပါသူတစ်ဦးလား။
𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ကျန်းမာရေးစာမျက်နှာမှာ အတူလက်တွဲလုပ်ကိုင်ဖို့ တက်ကြွလှုပ်ရှားတဲ့ လူငယ်များကို ဖိတ်ခေါ်နေပါတယ်။
ခေါ်ယူမည့် ရာထူးများ
- အလုပ်သင် သတင်းထောက် (𝙄𝙣𝙩𝙚𝙧𝙣 𝙍𝙚𝙥𝙤𝙧𝙩𝙚𝙧)
- ကျန်းမာရေး ဆောင်းပါးရှင် (𝙃𝙚𝙖𝙡𝙩𝙝 𝘾𝙤𝙣𝙩𝙚𝙣𝙩 𝙒𝙧𝙞𝙩𝙚𝙧)
လုပ်ငန်းတာဝန်များ
- နောက်ဆုံးရ ကျန်းမာရေးသတင်းများကို ရှာဖွေတင်ဆက်ခြင်း။
- လူထုအတွက် အကျိုးရှိမည့် ကျန်းမာရေးဆောင်းပါးများ ရေးသားခြင်း။
- လိုအပ်ပါက ဆရာဝန်များ၊ ပညာရှင်များနှင့် အင်တာဗျူးများ ပြုလုပ်ခြင်း။
အရည်အချင်း သတ်မှတ်ချက်များ
- ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို စိတ်ဝင်စားသူဖြစ်ရပါမယ်။
- မြန်မာစာ အရေးအသား ကောင်းမွန်ပြီး သတင်းလုပ်ငန်းကိုစိတ်ဝင်စားသူဖြစ်ရပါမယ်။
- အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဆောင်းပါးများကို ဖတ်ရှုနားလည်ပြီး ဘာသာပြန်ဆိုနိုင်သူကို ဦးစားပေးမှာပါ။
- သတ်မှတ်ထားသော အချိန်အတွင်း အလုပ်ပြီးစီးအောင် လုပ်ဆောင်နိုင်သူဆို လာရောက်လက်တွဲလို့ရပါတယ်။
ရရှိမယ့် အကျိုးကျေးဇူးများ
- သတင်းစာပညာနှင့် 𝘾𝙤𝙣𝙩𝙚𝙣𝙩 𝙒𝙧𝙞𝙩𝙞𝙣𝙜 ရေးသားခြင်း၊ 𝙥𝙤𝙙𝙘𝙖𝙨𝙩 ထုတ်လုပ်ခြင်းတို့တွင်အတွေ့အကြုံသစ်များ ရရှိခြင်း။
- လုပ်ငန်းခွင် ကျွမ်းကျင်မှုအတွက် သင်တန်းနှင့်လမ်းညွှန်မှုများ ရရှိခြင်း။
- အလုပ်သင်ကာလပြီးဆုံးပါက အရည်အချင်းပေါ်မူတည်ပြီး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်း။
လျှောက်ထားရန် နည်းလမ်း
မိမိ၏ ကိုယ်ရေးရာဇဝင် (𝘾𝙑) နှင့် မိမိကိုယ်တိုင် ရေးသားထားသော စာမူ /နမူနာဆောင်းပါးကို 𝙖𝙙𝙢𝙞𝙣𝙢𝙮𝙖𝙣𝙝𝙚𝙖𝙡𝙩𝙝@𝙜𝙢𝙖𝙞𝙡.𝙘𝙤𝙢 သို့မဟုတ် 𝙑𝙞𝙗𝙚𝙧 𝙉𝙤 : 𝟬𝟵 𝟳𝟵𝟭 𝟲𝟲𝟲 𝟭𝟬𝟬 သို့ (𝟯𝟬.𝟰.𝟮𝟬𝟮𝟲) ရက်နေ့ နောက်ဆုံးထား၍ပေးပို့ လျှောက်ထားနိုင်ပါတယ်။
- 𝙖𝙙𝙢𝙞𝙣𝙢𝙮𝙖𝙣𝙝𝙚𝙖𝙡𝙩𝙝@𝙜𝙢𝙖𝙞𝙡.𝙘𝙤𝙢
- 𝟬𝟵 𝟳𝟵𝟭 𝟲𝟲𝟲 𝟭𝟬𝟬 (viber)