Skip to content
Ads Advertisement

ပါရာစီတမောရောနှောတိုင်းရင်းဆေး ၄ မျိုး သုံးစွဲခြင်းမပြုကြရန် သတိပေး

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်မရှိတဲ့ တိုင်းရင်းဆေးဝါး ၄ မျိုးကို သုံးစွဲရန် မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါ သောက်ဆေး (ဆေးမှုန့်/ဆေးထုတ်)၊ အာရှရွှေကြယ် အမှတ်တံဆိပ် ချောင်းဆိုးရင်ကျပ် သောက်ဆေး (ဆေးမှုန့်/ဆေးထုတ်)၊ ရတနာဖြိုး အမှတ်တံဆိပ် အဆစ်ရောင်ရောဂါ သောက်ဆေး (ဆေးမှုန့်/ဆေးထုတ်)၊ ဆေးအညွှန်းတံဆိပ် ဖော်ပြထားခြင်းမရှိတဲ့ ဆေးမှုန့်/ဆေးထုတ် လေးမျိုးဟာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် မရှိတဲ့အပြင် အနောက်တိုင်းဆေးဝါး Paracetamol ရောနှောထားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလိုဆေးတွေထဲမှာ ရောနှောတွေ့ရတတ်တဲ့ Paracetamol နဲ့ အနောက်တိုင်းဆေးဝါးတွေဟာ သင့်တော်တဲ့ပမာဏနဲ့ သောက်သုံးရင် အကိုက်အခဲပျောက်စေပေမဲ့ သတ်မှတ်ပမာဏထက် ပိုမိုသောက်မိရင်တော့ ဘေးထွက်ဆိုးကျိုး (side effect) တွေ အများကြီးဖြစ်စေနိုင်ပါတယ်။ ဆေးဆိုင်တွေအနေနဲ့လည်း စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားတဲ့ တိုင်းရင်းဆေးဝါးများကို ကျင့်ဝတ်အရ လုံးဝ (လုံးဝ) မပြုလုပ်ရန်နဲ့ လိုက်နာခြင်းမရှိရင် တိုင်းရင်းဆေးဝါးဥပဒေ ပုဒ်မ ၃၁၊ ၃၂ အရ အရေးယူမယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement