• ချင်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ ဖြစ်နေကြလို့ ဆေးအကူအညီ လိုတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
• အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားတာကနေ ဖြစ်တဲ့ ရောဂါ၊ လေထုညစ်ညမ်းတာနဲ့ ရာသီ ဥတုပြောင်းလို့ ဖြစ်နိုင်တဲ့ ရောဂါတွေကြောင့် ကျန်းမာရေးအတွက် သတိပြုလိုက်နာနေထိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။
• ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က စစ်ရှောင်တွေအတွက် အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အ ထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇရို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ AHA စင်တာက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အကူအညီနဲ့ ဆန်၊ မိသားစုသုံးပစ္စည်းနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။
• ကိုယ်အင်္ဂါ အစိတ်အပိုင်း၊ ကျန်းမာရေးနဲ့ ဘဝရဲ့ အဖိုးတန်အချိန်တွေကို ပေးဆပ်််ခဲ့သူတွေ ပြန်လည် သန်စွမ်းရေးအတွက် စေတနာရှင်တွေကိုယ်စား Clean Yangon က ကျပ်သိန်း ၁,၈၀၀ မတည်ပြီး ဘီလူးချောင်း ပြန်လည်သန်စွမ်းရေးစင်တာကို ဆောက်လုပ်လှူဒါန်းလိုက်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓခွန်အား ပြန်လည်ဖြည့်တင်းပြီး ယုံကြည်ချက်အသစ်တွေနဲ့ ကိုယ့်ဘတကို ဆက်လက် တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပါတယ်။
• ရခိုင်ပြည်နယ်ထဲက စစ်ရှောင်ပြည်သူတွေဟာ အမိုးအကာနဲ့ အခြေခံလိုအပ်ချက် မပြည့်စုံတဲ့အပြင် ကျန်းမာရေးအတွက် ဆေးဝါး မလုံလောက်တာနဲ့ ဆေးကုသစရိတ် မတတ်နိုင်လို့ ဖျားနာတာကိုယ်တိုင် အချိန်မီကုသဖို့ ခက်ခဲနေတယ်လို့ ဒေသအခြေစိုက် သတင်းမီဒီယာတွေက ရေး သားထားပါတယ်။
• မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက သပြေရေ၊ ချက်ကန်၊ ဝန်းလဲရိုး (အထက်)၊ တယ်င်ကန်၊ ပေခုနပင်ရွာနဲ့ မှန်ထောင်ကွင်း စစ်ရှောင်စခန်းတွေက အိမ််ထောင်စု ၁,၀၇၀ (လူဦးရေ ၅,၃၅၀ ဦး) ဟာ တော တောင်တွေထဲ ရာသီဥတုအပူဒဏ်ကြားက စစ်ရှောင်နေကြရလို့ အရေးပေါ်ဆေးဝါး၊ ဓာတ်ဆားထုပ်နဲ့ ရေသန့် စတဲ့ အထောက်အပံ့တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသတွင်း အဖွဲ့အစည်းတွေဆီက သိရပါတယ်။
• ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း သုံးခုမှာ စာရင်းသွင်းထားတဲ့ လူ ၁,၇၀၀ ကျော်နဲ့ ဆေးကုသမှု အကြီရေ ၁,၀၀၀ နီးပါးအတွက် ထိုင်းအစိုးရဆေးရုံတွေမှာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေပေးနေပြီလို့ M-FUND က ထုတ်ပြန်ထားပါတယ်။
• ကမ္ဘောဒီးယားက အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ပိုးတွေ့ခဲ့ပြီး ဒါဟာ အခုနှစ်အတွင်း လူကို ကူးစက်တဲ့ရောဂါဖြစ်ပွားမှု ခြောက်ကြိမ်မြောက် ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှ ထုတ်ပြန်ပါတယ်။ ကူးစက်ခံရသူဟာ အော့ဒ်ဒါမန်းပြည်နယ် အနောက်မြောက်ပိုင်း ထရာပီယန်ပရာဆက်ခရိုင်၊ တူအိုလ်ခရူအော့စ်ကျေးရွာက ကြက်မွေးမြူရေးခြံပိုင်ရှင်ဖြစ်ပြီး ဖျားနာ၊ သေဆုံးထားတဲ့ ကြက်တွေကို ထိတွေ့ခဲ့သူဖြစ်ကာ တနင်္ဂနွေနေ့က အမျိုးသားပြည်သူ့ကျန်းမာရေးဌာနနဲ့ ကမ္ဘောဒီးယား ပတ်စတာ အင်စတီကျုမှာ စစ်ဆေးရာကနေ ရောဂါပိုး တွေ့ခဲ့တာပါ။ လက်ရှိမှာ သူ့ကို ဒေသခံဆေးရုံတစ်ခုမှာ သီးခြားခွဲပြီး အထူးကြပ်မတ် ကုသနေသလို ကြက်ခြံထဲက ကြက်တွေဟာလည်း H5N1 ရောဂါပိုးကူးစက်နေ ပြီလို့ အမျိုးသား တိရစ္ဆာန်ကျန်းမာရေးနှင့် ထုတ်လုပ်မှု သုတေသနဌာနက စက်တင်ဘာ ၂၃ ရက်မှာ အတည်ပြုထားပါတယ်။
• ကင်ဆာလူနာတွေ “ဘဝရှင်သန်လိုစိတ်” ပြန်ရလာဖို့ ယဉ်ကျေးမှုနဲ့ အနုပညာကို ဆေးကုသတဲ့ နည်းကို အီတလီနိုင်ငံ၊ ရောမမြို့ တိုက်ဘာရီနာကျွန်းမှာ ရှိတဲ့ ခေတ်မီဆေးကုသရေးစင်တာမှာ စပြီး အသုံးပြုနေပါပြီ။ ဆေးရုံဝင်းထဲ အနုပညာလက်ရာနဲ့ အလှဆင်ထားတဲ့ ကုသရေးနေရာတွေ ရှိသလို ပြတိုက်တွေကို လိုက်လံကြည့်နိုင်တဲ့ အစီအစဉ်နဲ့ ရှေးဟောင်း ဘုရားကျောင်း အဆောက်အ အုံနဲ့ အပျက်အစီးတွေကိုပါ လေ့လာနိုင်တဲ့ အစီအစဉ်ကိုပါ ထည့်သွင်းထားပြီး အနုပညာဟာ ဘဝကို ဖော်ပြပေးတဲ့အတွက် ဘဝဆုံးရှုံးမှု ကြောက်နေသူတွေအတွက် ဒီအတွေ့အကြုံတွေ ကနေ ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်ယူဆောင်ပေးတာ ဖြစ်တယ်လို့ ကုသရေးဌာနအကြီးအကဲ ဒေါက်တာ ဗင်ချန်ဇို ဗယ်လန်တီနီက ဆိုပါတယ်။
• ကလေးတွေ ကင်ဆာဖြစ်ပုံနဲ့ ပတ်သက်ပြီး အရင်က မသိရသေးတဲ့ ပုံစံသစ်တစ်ခုကို နော်ဝေသိပ္ပံ ပညာရှင်တွေ တွေ့ရှိထားပါတယ်။ ကင်ဆာဖြစ် ကလေးငယ် အတော်များများရဲ့ DNA ပြုပြင်ရေး စနစ်ထဲမှာ ပရိုတင်းတချို့ကို တိုက်ခိုက်တဲ့ ပုံမှန်မဟုတ်သော ပဋိပစ္စည်းတွေ များပြားစွာ ထုတ်လုပ်နေတာ တွေ့ရသလို ဒီစနစ်ဟာ ဂျီနိုမ်ထဲက ပျက်စီးမှုနဲ့ အမှားတွေကို ရှာဖွေပြုပြင်ပေးပါတယ်။ ဒီတွေ့ရှိချက်ဟာ ကလေးတွေ ကင်ဆာမဖြစ်ခင် အစောပိုင်းကတည်းက စစ်ဆေးနိုင်သလို နောက်ပိုင်းမှာ ဆယ်ကျော်သက်အရွယ် ကင်ဆာဖြစ်မှုကိုလည်း တားဆီးနိုင်ဖို့ အခွင့်အလမ်း ဖြစ် လာနိုင်ပါတယ်။
• အစောပိုင်းအဆင့် ရင်သားကင်ဆာဖြစ် အမျိုးသမီးတွေကို ကုသဖို့ ဆုံးဖြတ်တဲ့အခါ အထောက် အကူဖြစ်တဲ့ မျိုးဗီဇစစ်ဆေးမှုကို ပိုပြီး သုံးနိုင်ရင် ဗြတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHA) အနေနဲ့ တစ်နှစ်ကို ပေါင် လေးသန်းအထိ ကုန်ကျစရိတ် သက်သာနိုင်တယ်လို့ University College London (UCL) ဦးဆောင်တဲ့ သုတေသနစစ်တမ်းသစ်မှာ ဖော်ပြထားပါ တယ်။ ဟော်မုန်းတုံ့ပြန်မှု ရှိပြီး HER2 မရှိတဲ့ ကင်ဆာလူနာ ၄,၄၂၀ ပါဝင်ခဲ့တဲ့ ဒီသုတေသန စမ်း သပ်မှုရလဒ်အရ Prosigna နဲ့ စစ်ဆေးရာမှာ ပြန်လည်ဖြစ်ပွားနိုင်ခြေနည်းတဲ့ လူနာ ၆၇ ရာခိုင်နှုန်းဟာ ဟော်မုန်းကုထုံးတစ်မျိုးတည်းနဲ့ ဘေးကင်းကင်း ကုသနိုင်တာကို တွေ့ရှိခဲ့ကြောင်းကို အောက်တိုဘာ ၂၃ ကနေ ၂၇ ရက်အထိ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ လုပ်တဲ့ ESMO 2026 ကွန်ကရက်မှာ တင်ပြတဲ့ ဒီစစ်တမ်းမှာ ဖော်ပြထားတာပါ။