• ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း ခြင်ဆီကင်ဆာ လူနာ ငါးဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာနက ခြင်ဆီအစားထိုးနည်းဖြင့် အောင်မြင်စွာ ကုသပေးနိုင််ခဲ့ပြီး ကျန်းမာရေး အခြေအနေကောင်းမွန်လို့ အောက်တိုဘာ ၂၆ ရက်မှာ ဆေးရုံဆင်းခွင့်ရသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
• သူနာပြုတက္ကသိုလ် (ရန်ကုန်) နဲ့ မန္တလေးသူနာပြုတက္ကသိုလ်ကနေ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) နဲ့ အောင်မြင်ခဲ့သူ ၂၈၃ ဦးနဲ့ ၁၇၉ ဦး၊ စုစုပေါင်း ၄၆၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေး ခန့်အပ်လွှာ ပေးပြီးပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
• ပဋိပက္ခနဲ့ နေရပ်စွန့်ခွာရမှု ကြုံနေရတဲ့ ကလေးတွေ စိတ်ကျန်းမာရေးဟာ တခြားလိုအပ်ချက်တွေလိုဘဲ အရေးကြီးပြီး လုံခြုံတဲ့ နေရာတစ်ခုမှာ ကစားခွင့်တာ၊ ဖေးမမယ့်သူ ရှိတာ၊ ခံစားချက်ကို လွတ်လွတ်လပ်လပ် ပြောပြခွင့်ရတာတာ ကြုံတွေ့ရတဲ့ အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်ရာမှာ ကူညီပေးနိုင်တယ်လို့ UNICEF Myanmar က ထုတ်ပြန်ပါတယ်။
• ယီမင်အနောက်တောင်ပိုင်း တိုက်ဇ်မြို့နဲ့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်ပြီး လမ်းပန်းဆက် သွယ်ရေး ပိတ်ဆို့ခံရလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၃,၀၀၀ ကျော်ဟာ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အပြင် အသက်အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က သတိပေးထားတယ်လို့ AP သတင်းဌာနက ရေးသားပါတယ်။
• အမေရိကန်၊ နယူးယောက်ပြည်နယ်မှာ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့နေပြီး ကလေးတစ်ယောက် သေဆုံးထားတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒီသေဆုံးမှုဟာ နှစ်ပေါင်း ၃၀ အတွင်း ဝက်သက်ရောဂါနဲ့ ဆက်စပ်ပြီး ပထမဆုံးသော ကလေးသေ ဆုံးမှုလည်း ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
• အီဘိုလာဗိုင်းရပ်စ် ကာကွယ်ဆေးသစ်နှစ်မျိုးကို လူတွေနဲ့ စမ်းသပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုလိုက်ပြီး ဒီဆေးတွေဟာ ကွန်ဂိုနိုင်ငံက လူပေါင်း ၅,၃၀၀ ကျော် သေဆုံးစေခဲ့တဲ့ ဘွန်ဒီဘူဂျို (Bundibugyo) ဗိုင်းရပ်စ်မျိုးကွဲကို တိုက်ဖျက်ဖို့ အထူးထုတ်လုပ်ထားတာပါ။
• တစ်နှစ် နှစ်ကြိမ်ပဲ ထိုးရမယ့် HIV ကူးစက်မှုကာကွယ်ဆေးသစ် Lenacapavir ကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က အတည်ပြုလိုက်ပြီ ဖြစ်ကာ ဒါဟာ ဝင်ငွေ နည်းနဲ့ အလယ်အလတ်ဝင်ငွေရှိ နိုင်ငံပေါင်း ၁၂၀ မှာ စျေးသက်သက်သာသာနဲ့ မြန်မြန်ရရှိပြီး အသုံးပြုနိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ ABC သတင်းက ရေးသားထားပါတယ်။
• ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ (Mpox) ကူးစက်ခံရသူ ၄၇၀ ဦးအထိ ရှိလာပြီး ရောဂါလက္ခဏာ တွေ့ရင် ချက်ချင်းစစ်ဆေးမှုခံယူဖို့ ထိုင်းနိုင်ငံ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။
• ထိုင်းနိုင်ငံမှာ အသက်အရွယ် မရွေး ကူးစက်နိုင်တဲ့ Respiratory Syncytial Virus (RSV) ပိုး ကူးစက်မှုနှုန်းဟာ အရင်ကာလတွေထက် ၃၀ ရာခိုင်နှုန်း မြင့်တက်နေပြီး အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ အသိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
• အပူပိုင်းဒေသတွေမှာသာ တွေ့ရများတဲ့ ခြင်မျိုးစိတ်တွေဟာ အခုဆိုရင် ဥရောပနိုင်ငံအများအပြားမှာ အခြေချလာပြီး မြောက်ဘက်ပိုင်းကို တဖြည်းဖြည်း ရွှေ့လာနေတယ်လို့ EURO News က ရေးသားထားပါတယ်။ ဒီခြင်တွေကတဆင့် သွေးလွန်တုပ်ကွေး (ဒင်ဂီ)၊ ချီကွန်ဂွန်ညာနဲ့ ဇီကာ လို ရောဂါတွေ တစ်ပြိုင်နက်တည်း ပျံ့နှံ့မလာစေဖို့ ကျန်းမာရေးအာဏာပိုင်တွေက ကြိုတင်ပြင်ငဆင်နေကြပြီး ကာကွယ်ရေးလုပ်ငန်းတွေမှာ ပြည်သူတွေ ပါဝင်မှုကလည်း အရေးကြီးတယ်လို့ ဆိုထား ပါတယ်။
• အူအတက်ရောင်၊ သည်းခြေအိတ်ရောဂါနဲ့ အူပိတ်တာမျိုး အရေးပေါ်ဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်တဲ့ ရောဂါတွေကို ခွဲစိတ်ကုသတဲ့အခါ အမေရိကန် ခွဲစိတ်ဆရာဝန်များကောလိပ် (ACS) အသိ အမှတ်ပြု ဆေးရုံတွေမှာဆိုရင် သေဆုံးမှုနည်းပြီး ဆေးရုံတက်ကာလလည်း ပိုတိုတယ်လို့ ACS အသိအမှတ်ပြု ဆေးရုံ ၅၅ ခုက ခွဲစိတ်လူနာ ၂၀,၀၀၀ ကျော်ကို အခြေခံဆန်းစစ်ထားတဲ့ လေ့လာမှုအရ တွေ့ရတယ်လို့ JAMA Surgery ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အရေးပေါ် ခွဲစိတ်ကုသတဲ့အခါ ကြိုတင်ပြင်ဆင် ချိန်နည်းနည်းနဲ့ ကုသရတာဖြစ်ပြီး ဒီလိုအောင်မြင်ဖို့အတွက် ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းအ ဖွဲ့တွေရဲ့ ပူးပေါင်းမှုကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။
• အသက် ၆၅ နှစ်မတိုင်မီ အယ်လ်ိဇိုင်းမားရောဂါ စတင်ခံရသူဟာ ၆၅ နှစ်နဲ့အထက်ကျမှ ဖြစ်သူတွေထက် ရောဂါနဲ့ ပတ်သက်တဲ့ Tau ပရိုတင်းတွေ ပိုစုပြုံလာပြီး ဦးနှောက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတယ်လို့ လေ့လာမှုအသစ်တစ်ခုအရ တွေ့ရပါတယ်။ အသက်ငယ်ငယ်နဲ့ ရောဂါဖြစ်သူတွေရဲ့ ပရိုတင်းစုပြုံမှုဟာ အသက် ၆၅ နှစ်နဲ့အထက် ဖြစ်သူတွေထက် နှစ်ဆကျော် ပိုမြန်ပြီး ဒါဟာ လူနာရဲ့ စကားပြောနိုင်စွမ်း၊ အမြင်နဲ့ အရာဝတ္ထုတွေရြ့ အနေအထားကို သိမြင်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း စတဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေအပေါ် ထိခိုက်မှု ပိုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။