ဆယ်ကျော်သက် လူငယ်တွေအတွက် ကျန်းမာရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး နဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာ (Sex Education) တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးမယ့် MyanHealth ရဲ့ “ကျန်းမာတဲ့လူငယ်၊ တောက်ပတဲ့အနာဂတ်”ပွဲလေးကို ပိုပြီး အသက်ဝင် သွားအောင် ဖန်တီးပေးနိုင်ဖို့ အင်တိုက်အားတိုက် ပါဝင်ကူညီပေးမယ့် Volunteer လူငယ် ၃ ဦး ကို ဖိတ်ခေါ်ချင်ပါတယ်။
✨ Volunteer တွေအနေနဲ့ ဘာတွေ ကူညီပေးရမလဲ? • ပွဲလာဧည့်သည်တွေကို နွေးနွေးထွေးထွေး ကြိုဆိုပြီး Registration ပိုင်းမှာ ကူညီပေးခြင်း • ပွဲရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ “မှန်လား/မှားလား” နဲ့ “မရှက်တမ်းမေး” အစီအစဉ်တွေမှာကူညီပေးခြင်း • ပွဲတစ်လျှောက်လုံး အစီအစဉ်တွေ ချောမွေ့စွာ လည်ပတ်နိုင်အောင် On-ground မှာ တက်တက်ကြွကြွ ပါဝင်ပေးခြင်း
🎁 Volunteer လုပ်ခြင်းအားဖြင့် ဘာတွေ ပြန်လည်ရရှိမလဲ? • ပွဲစီစဉ်ကျင်းပမှု (Event Management) နဲ့ ပတ်သက်တဲ့ လက်တွေ့ အတွေ့အကြုံကောင်းများ • တက်ကြွတဲ့ လူငယ်တွေ၊ ကျန်းမာရေးပညာရှင်တွေနဲ့ Network အသစ်တွေ ချိတ်ဆက်နိုင်ခြင်း • MyanHealth မှ အသိအမှတ်ပြု ပေးအပ်မယ့် Volunteer Certificate • ပျော်စရာကောင်းပြီး အဓိပ္ပာယ်ရှိတဲ့ အမှတ်တရ နေ့ရက်လေးတစ်ခု
📌 ဘယ်လို လျှောက်ထားရမလဲ? လူငယ်တွေရဲ့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေမှာ စိတ်ပါဝင်စားပြီး၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိတဲ့ ဘယ်သူမဆို လျှောက်ထားနိုင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့ Page ရဲ့ Messenger ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်
📅 ပွဲကျင်းပမည့်ရက်: ၂၁ နိုဝင်ဘာ ၂၀၂၆ 📍 နေရာ: The Light Orphanage, Hlaegu
ပိုမိုကျန်းမာပြီး တောက်ပတဲ့ အနာဂတ်တွေကို အတူတူ တည်ဆောက်ကြရအောင်! 💪✨
#MyanHealth #StrongerTogether #YouthEmpowerment #TeenHealth #VolunteerWanted #YouthHealthAwareness