Skip to content

Contributors

Our Medical Experts

ဒေါက်တာယင်းဘီတားသည် ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး ပြည်သူ့ကျန်းမာရေး သုတေသနပညာရှင်တစ်ဦးလည်း ဖြစ်သည်။ အထွေထွေကုသရေးနဲ့ ခွဲစိတ်ကုပညာရပ်များတွင် အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိပြီး ကုသရေးအတွေ့အကြုံများ ခွဲစိတ်ကုပညာရပ်အတွေ့အကြုံများ၊ သုတေသနတွေ့ရှိချက်များနှင့် ပြည်သူ့ကျန်းမာရေး အတွေ့အကြုံများကို ပေါင်းစပ်၍ ပြည်သူလူထုထံ မှန်ကန်သော ကျန်းမာရေးအသိပညာဗဟုသုတများကို ဖြန့်ဝေ၍ လက်တွေ့ကျင့်သုံးနိုင်စေရန် အစဉ်တစ်စိုက် ကြိုးပမ်းနေသူဖြစ်သည်။ဒေါက်တာဝေါ်မိသီသည် ဆရာဝန်တစ်ဦးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးပညာရှင်၊ သုတေသီတစ်ဦးလည်းဖြစ်သည်။ ကုသရေး၊ ပြည်သူ့ကျန်းမာရေးနှင့် သုတေသနပညာရပ်တို့ကို ပေါင်းစပ်ပြီး ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန် စိတ်အားထက်သန်ပြီး လက်ရှိ MyanHealth မှတစ်ဆင့် မှန်ကန်သောကျန်းမာရေးသတင်းအချက်အလက်များကို လူတိုင်းလက်လှမ်းမှီနိုင်စေရန်နှင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြှင့်တက်လာစေရန် ဆောင်ရွက်လျှက်ရှိသည်။
ဒေါက်တာကျော်မင်းထိုက်သည် ဆရာဝန်သုတေသီတစ်ဦးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးပါရဂူဘွဲ့ (DrPH) ကို တက်ရောက်လျှက်ရှိသည်။ လက်ရှိတွင် ကူးစက်ရောဂါဗေဒ၊ စိတ်ကျန်းမာရေးနှင့် GIS နှင့် စက်သင်ယူမှု (Machine Learning) သုံးပြီး မြေပုံဆွဲကာ ဒေသအလိုက် ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာများဖြင့် သုတေသနများ ပြုလုပ်လျှက်ရှိပါသည်။ သူသည် အရှေ့တောင်အာရှဒေသတွင် ဆီးချို၊ တီဘီနှင့် သွေးလွန်တုပ်ကွေးရောဂါများဆိုင်ရာ သုတေသနများ ပြုလုပ်ခဲ့သည်။ သုတေသနတွေ့ရှိချက်များအပေါ်အခြေပြုကာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းကျင့်သုံးမှုများ မြှင့်တင်ရန် ရည်စူးပြီး မြန်မာနိုင်ငံ၏ လူထုကျန်းမာရေး မြှင့်တင်ရန်အတွက် အသိပညာမျှဝေခြင်းကို ဆောင်ရွက်လျှက်ရှိသည်။ကျွန်တော်ကတော့ ဒေါက်တာကောင်းမြတ်စိုးဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နယ်ပယ်မှာ ကျင်လည်ခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးရှိပါပြီ။ ထိုင်းနိုင်ငံ၊ ခွန်ကန်တက္ကသိုလ်မှာ ပြည်သူ့ ကျန်းမာရေးဆိုင်ရာမဟာဘွဲ့လွန်သင်တန်းကို လတ်တလော တက်ရောက်သင်ယူနေပါတယ်။ ပြည်သူ လူထုတစ်ရပ်လုံးသိသင့်သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို ခေတ်နဲ့လျော်ညီစွာ အချိန်နဲ့ တစ်ပြေးညီ တင်ဆက်နေတဲ့ MyanHealth မှာ Dr. Kris အနေနဲ့ ပါဝင်အားဖြည့်ကူညီပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို တင်ဆက်ရေးသားနေပါတယ်ခင်ဗျာ။

Ads Advertisement