Skip to content

ဆောင်းပါးများ

တိတ်တိတ်လေး ပြနေတတ်တဲ့ အရေပြားကင်ဆာ သတိပေးလက္ခဏာများ
ဆောင်းပါးသတင်း

တိတ်တိတ်လေး ပြနေတတ်တဲ့ အရေပြားကင်ဆာ သတိပေးလက္ခဏာများ

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  August 4, 2026

အရေပြားပေါ်မှာ အနာသေးသေးလေးတစ်ခု ပေါ်လာတယ်။ ဘာမှမနာဘူး။ သွေးထွက်လိုက်၊ အနာဖေးတက်လိုက်၊ ကျက်သွားသလိုဖြစ်လိုက်နဲ့ အပြီးအပိုင်တော့ မပျောက်ဘူး။ နောက်ပြီး ခန္ဓာကိုယ်ပေါ်မှာ နှစ်ပေါင်းများစွာရှိနေတဲ့ မှဲ့တစ်လုံးကလည်း ဖြည်းဖြည်းချင်း အရောင်ပြောင်းလာတယ်၊ ပုံစံမတူတော့ဘူး၊ နည်းနည်းစီ ကြီးလာတယ်။ ဒါပေမယ့် မနာကျင်သလို နေ့စဉ်အလုပ်တွေကိုလည်း မထိခိုက်တဲ့အတွက် သတိမထားမိဘဲ လျစ်လျူရှုထားလိုက်မိတတ်တယ်။ အရေပြားပေါ်က အနာ၊ မှဲ့နဲ့ အဖုအကျိတ်အများစုဟာ ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့် မကျက်နိုင်တဲ့အနာ၊ ပြောင်းလဲလာတဲ့မှဲ့နဲ့ မပျောက်ဘဲ ဆက်ကြီးလာတဲ့အဖုတွေဟာ အရေပြားကင်ဆာရဲ့ တိတ်တိတ်လေး ပြနေတတ်တဲ့ သတိပေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ အရေပြားကင်ဆာဟာ ရှားပါးတဲ့ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီရဲ့ ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အရေပြားကင်ဆာလူနာအသစ် ၁.၅ သန်းကျော် ရှိခဲ့ပါတယ်။ အန္တရာယ်ပိုများတဲ့ Melanoma တစ်မျိုးတည်းမှာပင် လူနာအသစ်Continue reading "တိတ်တိတ်လေး ပြနေတတ်တဲ့ အရေပြားကင်ဆာ သတိပေးလက္ခဏာများ"

ညောင်းညာကိုက်ခဲမှုနဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့ 𝘿𝙧.𝙆𝙖𝙪𝙣𝙜 𝙈𝙚𝙙𝙞𝙘𝙖𝙩𝙚𝙙 𝙃𝙚𝙧𝙗𝙖𝙡 𝙊𝙞𝙡 က အသင့်ရှိနေပါပြီ
Tips & Tricks

ညောင်းညာကိုက်ခဲမှုနဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့ 𝘿𝙧.𝙆𝙖𝙪𝙣𝙜 𝙈𝙚𝙙𝙞𝙘𝙖𝙩𝙚𝙙 𝙃𝙚𝙧𝙗𝙖𝙡 𝙊𝙞𝙡 က အသင့်ရှိနေပါပြီ

By MyanHealth  |  August 3, 2026

နေ့စဉ် ကြုံတွေ့နေရတဲ့ ညောင်းညာကိုက်ခဲမှုနဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့ 𝘿𝙧.𝙆𝙖𝙪𝙣𝙜 𝙈𝙚𝙙𝙞𝙘𝙖𝙩𝙚𝙙 𝙃𝙚𝙧𝙗𝙖𝙡 𝙊𝙞𝙡 က အသင့်ရှိနေပါပြီ။ 🌿 သဘာဝ 𝙀𝙨𝙨𝙚𝙣𝙩𝙞𝙖𝙡 𝙊𝙞𝙡𝙨 (၈) မျိုး အထူးပါဝင်ခြင်း🌿 ပရုတ်နံ့ လုံးဝကင်းစင်ခြင်း🌿 စိတ်ကို ကြည်လင်လန်းဆန်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကြောင့် အခုတလော လူကြိုက်များ ခေတ်စားနေတဲ့ ဒီထုတ်ကုန်လေးအကြောင်း အသေးစိတ်ကိုတော့ ဒီ 𝙑𝙞𝙙𝙚𝙤 လေးမှာ ဝင်ရောက်လေ့လာကြည့်လိုက်ပါနော်။ (ဒီ 𝙑𝙞𝙙𝙚𝙤 လေးကတော့ Dr. Kaung မှ ပံ့ပိုးတင်ဆက်ထားတဲ့ ကြော်ငြာအစီအစဉ်လေး ဖြစ်ပါတယ်ရှင်။) #𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 #𝘿𝙧𝙆𝙖𝙪𝙣𝙜 #𝙃𝙚𝙧𝙗𝙖𝙡𝙊𝙞𝙡 #𝙎𝙩𝙧𝙚𝙨𝙨𝙍𝙚𝙡𝙞𝙚𝙛 #𝙀𝙨𝙨𝙚𝙣𝙩𝙞𝙖𝙡𝙊𝙞𝙡𝙨

လှချင်ရက်စက်စက်ယို၊ဒုက္ခမပိုစေလို
မျှဝေရင်းကူ

လှချင်ရက်စက်စက်ယို၊ဒုက္ခမပိုစေလို

By MyanHealth  |  August 3, 2026

လူ့သဘာဝသည် ခက်ခဲနက်နဲသော အမှန်တရားထက် လွယ်ကူဆန်းကြယ်သော ဖြတ်လမ်းနည်းများကို ပိုမိုနှစ်သက်တတ်ကြသည့်အတိုင်း၊ ယနေ့ခေတ်ကာလတွင်လည်း မိမိတို့၏ ခန္ဓာကိုယ်အချိုးအစား လှပ တင့်တယ်ရေးအတွက် သဘာဝတရား၏ နည်းလမ်းများကို ဘေးဖယ်၍ ဆေးဝါးဓာတုဆိုင်ရာ ဖြတ်လမ်းများကို အလွန်အမင်း အားကိုးလာကြသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပေသည်။ ​အထူးသဖြင့် အမျိုးသမီးငယ်များနှင့် ခန္ဓာကိုယ်အလေးချိန် လျော့ကျလိုသူများအကြားတွင် ဆီးချို ရောဂါသည်များအတွက် သွေးတွင်းသကြားဓာတ် ထိန်းညှိရန် သီးသန့်ထုတ်လုပ်ထားသော Mounjaro (Tirzepatide) နှင့် Semaglutide (Wegovy) ကဲ့သို့သော အစွမ်းထက် ထိုးဆေးများကို “တစ်ခါထိုး ပိန်ဆေး” သို့မဟုတ် “နတ်ဆေး” ဟု မဆင်မခြင် တင်စားခေါ်ဝေါ်ကာ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိသဘောထားအတိုင်း သုံးစွဲနေကြခြင်းသည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေပေပြီ။ ထိုဆေးဝါးများကို ရက်သတ္တပတ်တိုင်း ပမာဏ ၂.၅ မီလီဂရမ်မှContinue reading "လှချင်ရက်စက်စက်ယို၊ဒုက္ခမပိုစေလို"

မက်ကလောင်ခြစ်ခြင်းအလေ့အထ
မျှဝေရင်းကူ

မက်ကလောင်ခြစ်ခြင်းအလေ့အထ

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  August 1, 2026

မက်ကလောင်ခြစ်ခြင်း၊ ရှားခြစ်ခြင်းဆိုတာ ရှေးလူကြီးသူမတွေနဲ့အတူ ကြီးပြင်းလာခဲ့သူအများစုအတွက် မစိမ်းလှတဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့်ကျန်းမာရေးစောင့်ရှောက်မှုရယူဖို့ ခက်ခဲခဲ့တဲ့ အချို့ဒေသတွေမှာ အဖျားတက်တာ၊ကိုယ်လက်ကိုက်ခဲတာ၊ ဇက်ကြောတက်တာတွေဖြစ်လာရင် အလွယ်တကူ အားကိုးခဲ့ကြတဲ့အိမ်တွင်းကုသနည်းတစ်မျိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေအရ မက်ကလောင်ခြစ်ခြင်းက အချို့လူတွေမှာ နာကျင်မှုနဲ့ မသက်မသာဖြစ်မှုကို ခဏတာသက်သာသလို ခံစားရစေနိုင်ပေမဲ့ ရောဂါရဲ့ အခြေခံအကြောင်းရင်းကို ကုသပေးနိုင်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့ ကိရိယာတွေကို အသုံးပြုတာ၊ လူတစ်ဦးနဲ့တစ်ဦး ခြစ်တဲ့ကိရိယာမျှဝေတာ ဒါမှမဟုတ် သွေးယိုလွယ်တဲ့ ကျန်းမာရေးအခြေအနေရှိချိန်မှာ ခြစ်တာတွေက မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ မက်ကလောင်ခြစ်ခြင်းဟာ Gua sha လို့ခေါ်တဲ့ အရှေ့အာရှရိုးရာကုထုံးတစ်မျိုးနဲ့ ဆင်တူပါတယ်။ Gua ဆိုတာ ခြစ်ခြင်းကို ဆိုလိုပြီး sha ဆိုတာကတော့ ခြစ်ပြီးနောက် အရေပြားပေါ်မှာ ပေါ်လာတဲ့Continue reading "မက်ကလောင်ခြစ်ခြင်းအလေ့အထ"

ငါးအစိမ်းစားရင် ကူးစက်တတ်တဲ့ အသည်းသန်ပြားပိုးအန္တရာယ်
အစာအာဟာရ

ငါးအစိမ်းစားရင် ကူးစက်တတ်တဲ့ အသည်းသန်ပြားပိုးအန္တရာယ်

By MyanHealth  |  July 31, 2026

“ငါးအစိမ်းစားရင် ကူးစက်တတ်တဲ့ အသည်းသန်ပြားပိုးအန္တရာယ်ကို သိရှိကာကွယ်နိုင်ဖို့ ဒီဗီဒီယိုလေးကို အဆုံးထိ ကြည့်လိုက်ပါနော်။”

လတ်တလော မြန်မာနဲ့ ကမ္ဘာတစ်လွှားမှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး သတင်းအချက်အလက်များ
ဆောင်းပါးသတင်း

လတ်တလော မြန်မာနဲ့ ကမ္ဘာတစ်လွှားမှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး သတင်းအချက်အလက်များ

By MyanHealth  |  July 31, 2026

လတ်တလော မြန်မာနဲ့ ကမ္ဘာတစ်လွှားမှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိရှိဖို့ လိုအပ်နေပြီလား? သင့်နေ့စဉ်ဘဝနဲ့ မိသားစုအတွက် မဖြစ်မနေ သိထားသင့်တဲ့— 🔹 ကျန်းမာရေးဆိုင်ရာ (လုပ်သင့် / မလုပ်သင့်) သတိပေးချက်များ🔹 ယုံကြည်စိတ်ချရတဲ့ ပညာရပ်ဆိုင်ရာ ဆောင်းပါးများ🔹 ကျွမ်းကျင်သူတွေရဲ့ အင်တာဗျူး အစီအစဉ်များ ဒါတွေအားလုံးကို 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 𝙈𝙚𝙙𝙞𝙖 𝘾𝙝𝙖𝙣𝙣𝙚𝙡 မှာ (၂) ပတ်တစ်ကြိမ် စောင့်မျှော်ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ပိုပြီး ကျန်းမာပြည့်စုံတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် မှန်ကန်တဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေ ရရှိဖို့က အရမ်းကို အရေးကြီးပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ဖတ်ရှုလေ့လာရင်း ကျန်းမာတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို အတူတူ တည်ဆောက်လိုက်ရအောင်! #𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 #𝙃𝙚𝙖𝙡𝙩𝙝𝙉𝙚𝙬𝙨 #𝙃𝙚𝙖𝙡𝙩𝙝𝙘𝙖𝙧𝙚𝙈𝙮𝙖𝙣𝙢𝙖𝙧Continue reading "လတ်တလော မြန်မာနဲ့ ကမ္ဘာတစ်လွှားမှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး သတင်းအချက်အလက်များ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Fifth Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Fifth Week )

By Ko Tin  |  July 30, 2026

• အသည်းရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ တစ်နှစ်ကို လူ ၁ ဒသမ ၃ သန်းကျော် သေဆုံးနေတယ်လို့ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားမှာ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ အသည်းရောဂါပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာသန္တာထွန်းက ပြောပါတယ်။ • အသည်းရောင်ရောဂါဟာ ကုသရင် ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပေမယ့် လူတိုင်းဟာ ကျန်းမာရေး စောင်ံရှောက်မှုနဲ့ ကုသမှုတွေအတွက် တန်းတူညီ လက်လှမ်းမမီနိုင်သေးတဲ့ အခြေအနေမှာပဲ မြင်တွေ့နေရဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO (မြန်မာ) က ထုတ်ပြန်ထားပါတယ်။ • မင်္ဂလာဒုံမြို့နယ်မှာ နေတဲ့ သစ်စက်ရုံလုပ်သား အမျိုးသားတစ်ဦး (၂၅ နှစ်) ဟာ ဇူလိုင် ၂ ရက် မနက် ၉ နာရီခွဲလောက်မှာ အလုပ်လုပ်နေစဉ် သစ်ဖြတ်စက်နဲ့Continue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Fifth Week )"

Magnesium ချို့တဲ့ခြင်းဟာ အကြောင်းအရင်းမရှိခေါင်းကိုက်တာ၊ နှုံးတာ၊ ကြွက်တက်တာ၊ ခြေလက်တွေထုံကျင်တာရဲ့ တရားခံဖြစ်နေနိုင်ပါတယ်
မျှဝေရင်းကူ

Magnesium ချို့တဲ့ခြင်းဟာ အကြောင်းအရင်းမရှိခေါင်းကိုက်တာ၊ နှုံးတာ၊ ကြွက်တက်တာ၊ ခြေလက်တွေထုံကျင်တာရဲ့ တရားခံဖြစ်နေနိုင်ပါတယ်

By Dr. Htar Htar Hlaing, M.B, B,S (Mdy) MSc (Nutrition & Dietetic) (UK)  |  July 30, 2026

ပုံမှန်လေးစားသောက် နေထိုင်နေရင်း အကြောင်းအရင်းမရှိခေါင်းကိုက်တာ၊ နှုံးတာ ၊ ညဘက် ခြေထောက်ကြွက်တက်တာ ၊ ခြေလက်တွေထုံကျင်လာတာ၊ မျက်နှာကြွက်သားအသေးလေးတွေ အရေပြားတွေမှာ တဆတ်ဆတ်လှုပ်တာ စတဲ့ လက္ခဏာတွေရှိနေရင် မဂ္ဂနီဆီယမ် (magnesium) ဓါတ်လျော့နည်းမှုကို မေ့မထားစေချင်ပါဘူး။ Magnesium ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာအဓိကနေရာကနေပါဝင်ပါတယ်။ မကြာခဏ diet လုပ်တဲ့လူတွေ ၊ ကော်ဖီအသောက်များသူတွေနဲ့ အသီးအရွက်အစေ့အဆန်အစားနည်းသူတွေမှာ magnesium deficiency ဖြစ်ဖို့ရာခိုင်နှုန်းများနိုင်ပါတယ်။ Magnesium ဟာဆိုရင် အရိုးတည်ဆောက်တဲ့နေရာ ဆီးချိုသမားတွေအတွက် insulin အဓိကအလုပ်လုပ်တဲ့နေရာတွေမှာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ တွေမှာ ပါဝင်ပါတယ် ။ မကြာခဏ ခေါင်းတခြမ်းကိုက်တာ depression ဝင်တာ mood မကောင်းတာတွေဟာလဲ magnesium deficiency ကြောင့်ဖြစ်နိုင်ပါတယ်။ ဒီဓါတ်ဟာ သွေးကြောတွေကိုကျန်းမာစေတဲ့အတွက် သွေးပေါင်ချိန်ကိုကျစေပြီး နှလုံးကျန်းမာစေပါတယ်။Continue reading "Magnesium ချို့တဲ့ခြင်းဟာ အကြောင်းအရင်းမရှိခေါင်းကိုက်တာ၊ နှုံးတာ၊ ကြွက်တက်တာ၊ ခြေလက်တွေထုံကျင်တာရဲ့ တရားခံဖြစ်နေနိုင်ပါတယ်"

ခေတ်စားနေတဲ့ တစ်ခါထိုး ပိန်ဆေး
သတင်း

ခေတ်စားနေတဲ့ တစ်ခါထိုး ပိန်ဆေး

By MyanHealth  |  July 29, 2026

“ဒီ့ထက်ပိုပြီး ပိန်ချင်တာ။ အရမ်းပိန်ချင်လို့ကို ဆေးထိုးတာ။ ဆေးထိုးတဲ့အချိန် လေးခေါက်မြောက်မှာ စအောင့်တာ။ အောင့်တော့ အစာအိမ်ပဲ ဖြစ်နေတယ် ထင်တာ။ နောက်တစ်ခေါက် ထိုးလိုက်သေးတယ်။ ထိုးပြီးတော့မှ တော်တော်အောင့်တော့ မဖြစ်တော့ဘူးဆိုပြီး ဆေးရုံသွားပြတော့မှ အူမကြီး ယောင်နေတာ။ ပြောရမယ်ဆိုရင် တခါမှ မဖြစ်ဖူးဘူးလေ” လို့ အဆိုတော်ပိုပိုက ပြောပါတယ်။ သူ ပြောပြတာက တစ်ခါထိုး ပိန်ဆေးကြောင့် ထိုးလို့ ကြုံခဲ့ရတဲ့ ဖြစ်စဉ်ပါ။ မြန်မာနိုင်ငံမှာ ငွေကြေးတတ်နိုင်တဲ့ အမျိုးသမီးအများစုဟာ ကိုယ်အလေးချိန် လျော့ကျဖို့အတွက် ထိုးဆေး၊ သောက်ဆေးနဲ့ သဘာဝဆေး အမည်ခံ တရားမဝင် ဓာတုဆေးဝါးတွေကို သုံးစွဲနေကြတာ ရှိပါတယ်။ အဲဒီအထဲမှာမှ ဝိတ်မြန်မြန်ကျစေတဲ့အတွက် တစ်ခါထိုး ပိန်ဆေးလို့ အများစုက လွယ်လွယ်ကူကူခေါ်နေကြတဲ့ Mounjaro လို ဆေးမျိုး၊ SemaglutideContinue reading "ခေတ်စားနေတဲ့ တစ်ခါထိုး ပိန်ဆေး"

ရန်ကုန်ဆေးရုံကြီးမှာ အစာအိမ်/အူလမ်းကြောင်းဆိုင်ရာ ပါမောက္ခသုံးဦးနဲ့ လူနာတွေ စတင်လက်ခံကုသပေး
သတင်း

ရန်ကုန်ဆေးရုံကြီးမှာ အစာအိမ်/အူလမ်းကြောင်းဆိုင်ရာ ပါမောက္ခသုံးဦးနဲ့ လူနာတွေ စတင်လက်ခံကုသပေး

By MyanHealth  |  July 28, 2026

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုဌာနတွင် အထူးကုပါမောက္ခဆရာဝန်ကြီးသုံးဦးဖြင့် ဇူလိုင် ၂၇ ရက်မှစ၍ တာဝန်ယူ ကြည့်ရှုကုသပေးနေပြီ ဖြစ်ပါတယ်။ လာရောက်ကုသရသူတွေ စောင့်ဆိုင်းရတာမျိုး မဖြစ်အောင်အတွက် ပါမောက္ခ ဆရာဝန်ကြီးတွေက လူနာတွေကို တပြိုင်နက်တည်း ကြည့်ရှုစစ်ဆေးတဲ့ အလှည့်ကျ တာဝန်ယူပေးတဲ့ စနစ်နဲ့ ကုသပေးမှာ ဖြစ်ပြီး အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာ (Gastroesophageal Reflux Disease – GERD) ၊ အစာအိမ် ဒါမှမဟုတ် အူသိမ်ဦးပိုင်းမှာ အနာဖြစ်တာ (Peptic Ulcers)၊ အူလမ်းကြောင်း ပုံမှန်မဟုတ်တဲ့ရောဂါ (Irritable Bowel Syndrome – IBS) ၊ ပါးစပ်ကနေ စအိုဝအထိ အစာခြေလမ်းကြောင်း တစ်လျှောက် ရေရှည်ရောင်ရမ်းတာနဲ့ နာကျင်တာကို ဖြစ်စေတဲ့Continue reading "ရန်ကုန်ဆေးရုံကြီးမှာ အစာအိမ်/အူလမ်းကြောင်းဆိုင်ရာ ပါမောက္ခသုံးဦးနဲ့ လူနာတွေ စတင်လက်ခံကုသပေး"

မျက်နှာရှင်းရှင်းပေါ်က အရိပ်ထင်းထင်းများ
အမျိုးသမီးကျန်းမာရေး

မျက်နှာရှင်းရှင်းပေါ်က အရိပ်ထင်းထင်းများ

By MyanHealth  |  July 28, 2026

​“အပေါင်းအသင်း မိတ်ဆွေစစ်မစစ် သိချင်ရင် ခရီးအတူတူ ထွက်ကြည့်မှ သိနိုင်တယ်” လို့ ပြောလေ့ရှိကြတာကို ကြားဖူးကြမယ် ထင်ပါတယ်။ ဒီစကားစုလေးလိုပဲ အလှအပနဲ့ ကျန်းမာရေး ရှုထောင့်မှာလည်း တင်စားခိုင်းနှိုင်းကြတာ ရှိပါတယ်။ နေပူထဲ ဘယ်သွားသွား နေရောင်ကာခရင်မ် (Sunscreen) လေး သုံးသွားဖို့ တကူးတက တိုက်တွန်းတတ်တဲ့၊ မဖြစ်မနေလိမ်းသွားဖို့ သတိတရနဲ့ အမြဲမှာတတ်တဲ့ မိတ်ဆွေသူငယ်ချင်းမျိုး ကိုယ့်ဘေးနားမှာ ရှိနေပြီဆိုရင်တော့… သူတို့ဟာ သင့်ရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် တကယ့်ကို အဖိုးတန်တဲ့ မိတ်ဆွေကောင်းတွေပါပဲ။ ဒါဆို… သူတို့က ဘာလို့ နေရောင်ကာခရင်မ် လိမ်းဖို့ အမြဲတစေမှာနေကြတာလဲ? အဖြေကတော့ ရှင်းပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် သင့်မျက်နှာပေါ်မှာ ဖျောက်ရခက် ဖုံးဖိရခက် တဲ့ အမည်းကွက်တွေ ဖြစ်မလာစေချင်လို့ပါပဲ။ ဟုတ်ပါတယ်… ဆောင်းပါးရဲ့ ခေါင်းစဉ်လေးအတိုင်းContinue reading "မျက်နှာရှင်းရှင်းပေါ်က အရိပ်ထင်းထင်းများ"

ဒီကလေး ဆိုးသလား
ဆောင်းပါး

ဒီကလေး ဆိုးသလား

By MyanHealth  |  July 27, 2026

မနက်ခင်းရဲ့ အလင်းရောင်ကြောင့် အိပ်ပျော်နေတဲ့ ကလေးလေး နိုးလာတယ်။ ညက ရွာထားတဲ့မိုးအနံ့က လေထဲမှာ ကျန်နေတုန်းပဲ။ ပွင့်နေတဲ့ပြတင်းပေါက်ကနေ ကောင်းကင်က တိမ်ဖြူဖြူတွေကို မော့ကြည့်တယ်။ သစ် ကိုင်းတွေပေါ်မှာ ငှက်ကလေးတွေ၊ ပြီးတော့ မိုးရေတွေ စိုနေတဲ့ မနက်ခင်းတစ်ခု။ အိပ်ရာထဲကနေ ထထိုင်လိုက်တယ်။ အိပ်ချင်မူးတူးနဲ့ မျက်နှာသစ်တယ်။ ကျောင်းသွားဖို့ အဝတ်လဲပြီးတော့ သူ့အမေ ပြင်ပေးထားတဲ့ မနက်စာစားတယ်။ အိမ်မှာ ခဏလာတည်းတဲ့ ဦးလေးရဲ့ အလုပ်မှာသုံးတဲ့ လေဆာပွိုင်တာကို လူကြီးတွေ မသိအောင် ကျောင်းကိုယူလာတယ်။ ပြီးတော့ သူငယ်ချင်းတွေကို၊ အထူးသဖြင့် သူကို အနိုင်ကျင့်ချင်တဲ့တစ်ယောက်ကို ကြွားရမယ် ဆိုတဲ့အတွေးနဲ့။ အဲဒီနေ့က ကလေးလေး ကျောင်းသွားရတာ ပျော်တယ်။ ကျောင်းရောက်တော့ လေဆာပွိုင်တာကို ထုတ်လိုက်တာနဲ့ အနားမှာ သူငယ်ချင်းတွေက ရေခဲချောင်းသည်ဘေးမှာ ရေခဲချောင်းContinue reading "ဒီကလေး ဆိုးသလား"

Ads Advertisement