မိသားစုဝင်တိုးရင် ချင်းဖေဖေ၊ ချင်းမေမေတွေ လိုက်နာရတဲ့ ရိုးရာဓလေ့
By MyanHealth | July 1, 2026
မြန်မာနိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ ကျော် ရှိတဲ့အထဲမှာ ချင်းတိုင်းရင်းသားတစ်ခုတည်းမှာကို ၅၃ မျိုးတောင် ရှိပါတယ်။ မြန်မာပြည်ကို အခြေချလာတဲ့ မွန်-ခမာ၊ တိဗက်-ဗမာနဲ့ ခရာ-တိုင်း (ရှမ်း) အနွယ်တွေထဲမှာ တိဗက်-ဗမာအနွယ်ဝင်တွေ ဖြစ်တယ်လို့ သမိုင်းမှတ်တမ်း တင်ထားကြပါတယ်။ အရင့်အရင်ကတော့ ချင်းမျိုးနွယ်စု အများစုဟာ ရိုးရာနတ် ကိုးကွယ်တဲ့ဓလေ့ ရှိခဲ့ပေမယ့် အခုနောက်ပိုင်း ခရစ်ယာန်နဲ့ဗုဒ္ဓဘာသာကိုးကွယ်မှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ရိုးရာနတ်ကိုးကွယ်မှုကနေ ဆင်းသက်လာတဲ့ ရိုးရာထုံးစံတွေကတော့ မပျောက်ကွယ်သေးသလို ဒီအယူအဆတွေဟာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ကဏ္ဍတွေမှာ အမြစ်တွယ် နေကြတုန်းပါ။ ခေတ်မီဆေးဝါးတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ…ရိုးရာဓလေ့တွေ၊ အယူအဆတွေကတော့ ဒီကနေ့ အချိန်ကာလအထိ ချင်းတောင်တန်းမှာ ရှင်သန်ဆဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ရိုးရာဓလေ့၊ အယူအဆတွေကလည်း အမျိုးသားဖြစ်မှု၊ အမျိုးသမီးဖြစ်မှုအပေါ်မှာ မူတည်ပြန်ပါသေးတယ်။ အထူးသဖြင့်<a href="https://staging.myanhealth.org/articles/11919/">Continue reading <span class="sr-only">"မိသားစုဝင်တိုးရင် ချင်းဖေဖေ၊ ချင်းမေမေတွေ လိုက်နာရတဲ့ ရိုးရာဓလေ့"</span></a>