Skip to content

ဆောင်းပါးများ

သိလိုရာမေးတောင်သူ့ကျန်းမာရေး
သိလိုရာမေးတောင်သူ့ကျန်းမာရေး

သိလိုရာမေးတောင်သူ့ကျန်းမာရေး

By MyanHealth  |  February 6, 2026

ကျေးလက် ကျောင်းဆရာမတစ်ဦးရဲ့ ကျန်းမာရေးစိန်ခေါ်မှုများ! ဒီတစ်ပတ် MyanHealth က မှော်ဘီမြို့နယ် ရှိ အုတ်ဖိုကျေးရွာကို သွားရောက်ခဲ့ပြီး ကျောင်းဆရာမတစ်ဦး ရဲ့ ကိုယ်တွေ့ကျန်းမာရေး အမြင်တွေကို မေးမြန်းခဲ့ပါတယ်။ ဆရာမ မျှဝေသွားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်တွေကို Comment မှာ မျှဝေပေးခဲ့ပါဦးနော် 👇: 🍗 လေးဘက်နာအတွက် ကြက်အသည်းအမြစ် ရှောင်တာ မှန်ကန်တယ် လို့ မြင်ပါသလား? 💊 ရာသီလာလို့ နာကျင်တိုင်း ပါရာစီတမော အမြဲသောက်တာ အတွေ့အကြုံအရ ဘယ်လောက်အထိ အဆင်ပြေလဲ? 😴 ကလေးတွေ ဖုန်းသုံးပြီး အိပ်ရေးပျက်လို့ စာလိုက်မမီတာ ကို မိဘတွေ ဘယ်လို စီမံခန့်ခွဲသင့်လဲ?

Special Needs ကလေးငယ်​လေးအတွက်မေမေ့မေတ္တာ
Videos

Special Needs ကလေးငယ်​လေးအတွက်မေမေ့မေတ္တာ

By MyanHealth  |  February 5, 2026

မေမေတို့ရဲ့ မေတ္တာတရားက အရာရာကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ ခွန်အားပါ ❤️ Special Needs ကလေးငယ်တစ်ဦးကို ပြုစုပျိုးထောင်ရတာ မလွယ်ကူပေမယ့် သားသမီးအပေါ်ထားတဲ့ မေတ္တာတရားနဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေတဲ့ မေမေတစ်ယောက်အကြောင်း...။

မြို့ပြတောင်းဆိုမှုနဲ့ ယိုယွင်း‌လာတဲ့ သဘာဝပတ်ဝန်းကျင်
ဆောင်းပါးသတင်း

မြို့ပြတောင်းဆိုမှုနဲ့ ယိုယွင်း‌လာတဲ့ သဘာဝပတ်ဝန်းကျင်

By MyanHealth  |  February 4, 2026

Selena မိုးလကင်းလွတ်ပြီး ဆောင်းဦးရာသီ၊ ပွင့်လင်းရာသီ ရောက်ပြီမို့ တွေ့ရတဲ့ မြင်ကွင်းက စိတ်ကို လန်းဆန်းစေပါပါတယ်။ မြို့ပြင်ဘက် အဝေးပြေးလမ်းမကြီးဘေးက လယ်ကွင်းပြင်တွေမှာဆိုရင်လည်း ညနေပိုင်းဆို ဆောင်းအဝင်ကာလမို့ မြူတွေနဲ့ ဆိုင်းနေတတ်ပြန်ပါတယ်။ ဒါဟာ ဧရာဝတီတိုင်းထဲက ပုသိမ်- မုံရွာလမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီလဆန်းပိုင်း ရောက်တိုင်း မြင်ရလေ့ မြင်ရထ ဖြစ်တဲ့ မြင်ကွင်းပါ။ လမ်းမကြီးပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ ဥဒဟို သွားလာနေကြသလို ကျန်းမာရေးအတွက် စက်ဘီးစီးသူ၊ လမ်းလျှောက်သူတွေနဲ့ ပြည့်နေတတ်ပြန်ပါတယ်။ သို့သော် ဒီလို သာယာပြီး ကျန်းမာရေးလိုက်စားသူတွေ အကြိုက်ဖြစ်စေတဲ့ ဒီအခြေအနေကို ဖျက်ဆီးပစ်တဲ့ အရာက လေထုထဲမှာ ရှိနေပြန်ပါတယ်။ မြေကြီး မီးကျွမ်းထားတဲ့ စူးရှရှအနံ့ပြင်းက လမ်းမကြီးနဲ့ ဘေးပတ်ဝန်းကျင်တစ်ဝိုက်ကို လေ့သင့်ရာလမ်းကြောင်းအ တိုင်း ပျံ့နှံ့ ဆိုးရွားနေစေပါတယ်။ ဒီနေရာကိုContinue reading "မြို့ပြတောင်းဆိုမှုနဲ့ ယိုယွင်း‌လာတဲ့ သဘာဝပတ်ဝန်းကျင်"

အီး-စီးကရက်က ဖက်ရှင်လား၊ အသက်အန္တရာယ်လား
ဆောင်းပါးသတင်း

အီး-စီးကရက်က ဖက်ရှင်လား၊ အသက်အန္တရာယ်လား

By MyanHealth  |  February 3, 2026

တင်ဇာအောင် ဒီကနေ့ခေတ် လူငယ်တွေကြားမှာ Vape ဆိုတဲ့ အီး-စီးကရက် သောက်နေကြတာကို မြင်ရတာ မဆန်းတော့ပါဘူး။ လမ်းဘေး ကော်ဖီဆိုင်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုနေကြတဲ့အခါမှာပဲ ဖြစ်ဖြစ် အနံ့၊ အရသာ အမျိုးမျိုးပါတဲ့ Vape လက်ထဲကိုင်ပြီး သောက်နေကြတာပါ။ အရောင်ကာလာ ဒီဇိုင်းစုံသလို အနံ့ကလည်း သစ်သီးနံ့၊ ချောကလက်နံ့ စတဲ့ အရသာတွေကြောင့် “ဆေးလိပ်ထက်တော့ အန္တရာယ် နည်းမယ် ထင်တယ်” ၊ “ဆေးလိပ်ဖြတ်ဖို့ Vape သောက်တာပါ” ဆိုတဲ့ စကားတွေကိုလည်း မကြာ မကြာဆိုသလို ကြားရပြန်ပါတယ်။ တကယ်ပဲ Vape ဟာ ဘေးကင်းလား ? အထူးသဖြင့် နောက်ပိုင်း ထွက်လာတဲ့ Vape မှာ သုံးတဲ့ ဆေးရည်တွေမှာ မေ့ဆေးနဲ့ မူးယစ်စေတတ်တဲ့ ဓာတ်ပစ္စည်းတွေContinue reading "အီး-စီးကရက်က ဖက်ရှင်လား၊ အသက်အန္တရာယ်လား"

ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ပဲနီလေး
ဆောင်းပါးသတင်း

ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ပဲနီလေး

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  February 2, 2026

(Dr. Wor Mi Thi ရေးသားသည်) ပဲနီလေးဟင်းချိုဆိုတာ ချက်ရလဲလွယ်၊ ထမင်းလဲမြိန်စေတဲ့ ကလေးရော၊ လူကြီးပါ အတော်များများ ကြိုက်ကြတဲ့ ဟင်းတစ်ခွက်ပါ။ ပဲနီလေးဟာ အသားဓါတ်၊ အမျှင်ဓါတ်၊ ဖောလစ်အက်ဆစ်နဲ့ အခြား ဗီတာတာမင်တွေ သံဓါတ်အပါဝင် အခြားသော သတ္တုဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမြောက်အများ ပါဝင်နေတဲ့အတွက် ကျန်းမာရေး အကျိုးကျေးဇူးအလွန်များတဲ့ အစားအသောက်တစ်ခု ဖြစ်ပါတယ်။  ချက်ထားတဲ့ပဲနီလေးခွက်တစ်ဝက် (၁၀၀ grams ခန့်) မှာ ကယ်လိုရီအနေနဲ့ပြောရရင် ၁၄၀ ကယ်လိုရီ၊ အသားဓါတ် ၁၂ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၂၃ ဂရမ်၊ အမျှင်ဓါတ် ၉ ဂရမ် နဲ့ အဆီဓါတ် ၀.၅ ဂရမ် ခန့် ပါဝင်တဲ့အတွက် ပဲနီလေးဟာ အသားဓါတ်နဲ့ အမျှင်ဓါတ်ကြွယ်ဝပြီးContinue reading "ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ပဲနီလေး"

ဥတု ကို ကြည့် … ရသ နဲ့  ညှိ  – မယ်ကြော့
ဆောင်းပါးသတင်း

ဥတု ကို ကြည့် … ရသ နဲ့ ညှိ – မယ်ကြော့

By MyanHealth  |  February 2, 2026

အမျိုးတို့ရေ…မယ်ကြော့တို့ မတွေ့တာတောင် ကြာပြီနော်။ တကယ်တော့ မယ်ကြော့ အခုတလော အမျိုးတို့ ကျန်းမာရေးအတွက် ဘာတွေများ ရေးနိုင်၊ သားနိုင်မလဲဆိုပြီး မျက်လုံးစင်္ကြာဖြန့် စာတွေ လိုက်ဖတ်နေရလို့ပါတော်။ သိကြတဲ့အတိုင်းပဲလေ…အခုကာလက ရာသီဥတုက အေးလိုက်၊ ပူလိုက်နဲ့ အပြောင်းအလဲက မြန်က မြန်၊ နောက်ပြီး တစ်ခုခုဆို ဆေးခန်း၊ ဆေးဆိုင်သွားဖို့ကလည်း လက်ထဲ ငွေလေး၊ ကြေးလေး ရှိမှဆိုတော့ ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်ခြံဝန်းထဲက စိုက်ပင်ပျိုးပင်တွေကလည်း ဆေးဖြစ်တယ်ဆိုတာလေး သိထား၊ နားလည်ထား၊ မျှဝေနိုင်ဖို့ တိုင်းရင်းဆေးကျမ်းတွေ လည်ဖတ်နေလို့ပါတော်။ တိုင်းရင်းဆေးကျမ်းလို့ ဆိုလိုက် တော့ ကျုပ်ကို နှာတော့ တွန့်မသွားကြနဲ့ဦး အမျိုးတို့ရေ။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ထားတဲ့ “လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ” ဆိုတဲ့ စာအုပ် အခန်း (၁၂)Continue reading "ဥတု ကို ကြည့် … ရသ နဲ့ ညှိ – မယ်ကြော့"

ကိုယ်သောက်ရမယ့်ဆေးဝါးကိုတစ်ကယ်သိရဲ့လား
ဆောင်းပါးသတင်း

ကိုယ်သောက်ရမယ့်ဆေးဝါးကိုတစ်ကယ်သိရဲ့လား

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  February 1, 2026

(Wor Mi Thi ရေးသားသည်) ဆရာဝန်က ဆေးတစ်ခုကို ညွှန်းလိုက်တဲ့အခါ ဆေးမှားဝယ်လာတယ်လို့ ပြန်ပြောတာ ကြုံဖူးပါသလား? ဆေးတစ်ခုကို သောက်ဖို့ညွှန်းလိုက်တဲ့အခါ ဆေးတူတာပဲရှိတယ်လို့ ဆေးဆိုင်ကပြောတာ ကြုံဖူးပါသလား? ကိုယ်သောက်နေကြဆေးနဲ့ မတူတာကို ဝယ်လိုက်ရတဲ့အခါ သောက်ဖို့ စိတ်မချ ဖြစ်ဖူးပါသလား?  ဆေးဝါးတွေဟာ တန်ရင်ဆေးဖြစ်ပြီး လွန်ရင်တော့ဘေးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းမတူတဲ့ ဆေးဝါးတွေက သုံးရတဲ့အခြေအနေချင်းလဲ မတူသလို အာနိသင်ချင်းလဲ မတူညီနိုင်ပါဘူး။ လူအတော်များများ အလွယ်ဝယ်သောက်နေကြတဲ့ တုပ်ကွေးဆေးတွေမှာတောင် ပါရာစီတမောသီးသန့်ပါတဲ့ဆေးဝါး ရှိသလို နှာစေးပျောက်ဆေးပါတဲ့ဆေး၊ ချောင်းဆိုးပျောက်ဆေးပါ ပါဝင်တဲ့ဆေးဆိုပြီး ကွဲပြားနိုင်ပါတယ်။ အဲ့ဒီတော့ ဆေးဝါးတစ်ခုကို သုံးစွဲတော့မယ်ဆိုရင် အဲ့ဒီဆေးဝါးဟာ ကိုယ်အသုံးပြုရမယ့်ဆေးဝါး သေချာသလားဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။  ဆေးဝါးတစ်ခုကို ဝယ်တဲ့အခါ အရင်ဆုံး ဆေးအမည်ကို ကြည့်ပါ။ ဆေးဘူးပေါ်မှာ စာလုံးခပ်ကြီးကြီးနဲ့ ထင်သာမြင်သာရှိအောင် ဖော်ပြထားတာကContinue reading "ကိုယ်သောက်ရမယ့်ဆေးဝါးကိုတစ်ကယ်သိရဲ့လား"

Weekly Health Round-Up (January Fourth Week )
ဆောင်းပါးသတင်း

Weekly Health Round-Up (January Fourth Week )

By Ko Tin  |  January 31, 2026

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၁၈ ရွာက ဒေသခံ ၈,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိမှာတော့ ရေရှားပါးမှုနဲ့အတူ အရေပြားရောဂါတွေဖြစ်ပွားကာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်မှာ ကလေးငယ်တွေနဲ့ လူငယ်တွေ ပြင်းထန်ပြီး ကူးစက် မြန်တဲ့ အရေပြားရောဂါ ခံစားနေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဇန်နဝါရီ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကာလရှည် စစ်ဘေးရှောင်ပြည်သူ ထောင်နဲ့ချီပြီး အရေပြား ရောဂါ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကူညီဆောင်ရွက်ပေး နေသူတွေ ဆီကနေ သိရပါတယ်။ မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါတွေကို ထိန်းချုပ်နိုင်ဖို့လို တယ်လို့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကContinue reading "Weekly Health Round-Up (January Fourth Week )"

အပ်စိုက်ကုဖို့ စဉ်းစား ကြည့်ဖူးသလား?
ဆောင်းပါးသတင်း

အပ်စိုက်ကုဖို့ စဉ်းစား ကြည့်ဖူးသလား?

By MyanHealth  |  January 28, 2026

ဇလပ် ဒီကနေ့ခေတ် ကမ္ဘာကြီးမှာ အနောက်တိုင်းဆေးပညာနဲ့အတူ တိုင်းရင်းဆေးပညာရပ်တွေကို အစားထိုးကုထုံးအဖြစ် ထည့်သွင်း အသုံးပြုလာရာမှာ အပ်စိုက်ကုထုံး (Acupuncture) ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အပ်စိုက်ကုထုံးဆိုတာ ရှေးဟောင်း တရုတ်တိုင်းရင်းဆေးပညာရပ်ကနေ ဆင်းသက်လာတာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အချက်အချာကျတဲ့ နေရာတွေကို အလွန်သေးငယ်တဲ့ စတီးအပ်တွေနဲ့ လှုံ့ဆော်ပြီး ရောဂါဝေဒနာတွေ သက်သာအောင် ကုသပေးတဲ့ နည်းလမ်းပါ။ ဆေးသုတေသန စာတမ်းတွေအရလည်း ဒီ အပ်စိုက်ကုထုံးဟာ ထိရောက်မှုရှိတယ်ဆိုတာကို ခေတ်သစ် သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ပြီး အတည်ပြုထားပြီး ဖြစ်ပါတယ်။ သုတေသနစာတမ်းတွေအရ အပ်စိုက်ကုထုံးဟာ ခါးနာ၊ ဇက်နာ၊ ဒူးနာတာလိုမျိုး နာတာရှည် နာကျင်ကိုက်ခဲတာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ အမျိုးသမီးတွေ ရာသီသွေးလာစဉ် ကိုက်ခဲတာတို့အတွက် တကယ်ကို ထိရောက်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်လို့ ကုသတဲ့အခါမှာ ဖြစ်လာတဲ့Continue reading "အပ်စိုက်ကုဖို့ စဉ်းစား ကြည့်ဖူးသလား?"

လာနီညာ ဆောင်းနဲ့ ကျန်းမာရေး စိန်ခေါ်မှုများ
ဆောင်းပါးသတင်း

လာနီညာ ဆောင်းနဲ့ ကျန်းမာရေး စိန်ခေါ်မှုများ

By MyanHealth  |  January 27, 2026

Selena  လာနီညာဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ ဒေသအများစုမှာ ဖေဖော်ဝါရီလကုန်ခန့်အထိ အအေးဆက်ပိုနိုင်ပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဂရုစိုက်ကြဖို့ မိုးလေဝသနဲ့ ရာသီဥတုကျွမ်းကျင်သူတွေ၊ ဆေးပညာ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာကစပြီး သိသိသာသာ အအေးပိုလာခဲ့သလို ဒေသအများအပြားမှာ အခင်နှစ်တွေကထက် ပိုအေးခဲ့ပါတယ်။  “လာနီညာကြောင့် အေးတာက ဖေဖော်ဝါရီလကုန်အထိ ရှိနိုင်တယ်။ မတ်လဆန်းကျမှ မိုးရွာနိုင်တယ်။ လက်ရှိကတော့ အအေးဆက် ပိုနိုင်တယ်။ လာနီညာက အားပျော့တဲ့ လာနီညာဆိုပေမယ့် မနှစ်ကထက် အအေးပိုနေပါတယ်” လို့ မိုးလေဝသနဲ့ ရာသီဥတုအရေး လေ့လာသူ ဦးဝင်းနိုင်က ပြောပါတယ်။    လာနီညာဆိုတာ လာနီညာဆိုတာ အေးပြီး စိုစွတ်တဲ့ ရာသီဥတုဖြစ်စဉ် ဖြစ်ပါတယ်။ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင် အပူချိန်ဟာContinue reading "လာနီညာ ဆောင်းနဲ့ ကျန်းမာရေး စိန်ခေါ်မှုများ"

Tips & tricks – ဆေးဆိုင်မသွားဘဲ သစ်သီးဆိုင် သွားကြမလား
ဆောင်းပါးသတင်း

Tips & tricks – ဆေးဆိုင်မသွားဘဲ သစ်သီးဆိုင် သွားကြမလား

By Tin Zar Aung  |  January 26, 2026

တင်ဇာအောင် Vitamin C ဆိုတာ Ascorbic Acid တစ်မျိုးဖြစ်သလို ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်တဲ့ အာ ဟာရဓာတ်တစ်မျိုးလည်း ဖြစ်နေပြန်ပါတယ်။ ဗိုက်တာမင် (စီ) ဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေသလို သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို အားပေးလို့ ရောဂါပိုးတွေ တိုက်ထုတ်တာကို ကူညီပေးပြန်ပါတယ်။ ဒါ့အပြင် အရေပြား၊ သွားဖုံးနဲ့ သွေးကြောတွေ ကျန်းမာသန်စွမ်းစေဖို့အတွက်လည်း Vitamin C က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါကြောင့် သူ့ကို Immune Booster (ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း) လို့တောင် ဆေးပညာအသိုင်းအဝိုင်းမှာ သုံးနှုန်းကြတာ ရှိပါတယ်။ ခန္ဓာကိုယ်ဟာ ဗိုက်တာမင် (စီ) ကို ကိုယ့်ဘာသာကိုယ် မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် နေစဉ်စားသုံးတဲ့ အစားအစာတွေ၊ ဆေးဝါးလိုဟာတွေကနေContinue reading "Tips & tricks – ဆေးဆိုင်မသွားဘဲ သစ်သီးဆိုင် သွားကြမလား"

နီပါဗိုင်းရပ်စ် (Nipah virus)
ကူးစက်ရောဂါ

နီပါဗိုင်းရပ်စ် (Nipah virus)

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  January 25, 2026

(ရေးသားသူ-Wor Mi Thi) အခုရက်ပိုင်း လူပြောများနေတဲ့ နီပါဗိုင်းရပ်စ်ဆိုတာ ၁၉၉၉ ခုနှစ်မှာ မလေးရှားမှာ ကူးစက်ပြန့်ပွားတာကို စတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ခုလက်ရှိ အိန္ဒိယ West Bangal မှာ လူငါးဦးအထိ ဒီပိုးကူးစက်ခံထားရတာကို တွေ့ရှိထားပြီး လူပေါင်း ၁၀၀ ခန့်ကို အိမ်မှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ နီပါဗိုင်းရပ်စ်ဟာ ပြင်းထန်တဲ့ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အခုအချိန်ထိ ကာကွယ်ဆေးကော တိကျတဲ့ကုသဆေးပါ မရှိသေးပါဘူး။ ဒီပိုးအများစုကို တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အထူးသဖြင့် တွေ့ရလေ့ရှိပါတယ်။ ဒီရောဂါရဲ့ သေနှုန်းဟာ ၄၀-၇၅% အထိရှိနိုင်တယ်လို့ ဆိုပါတယ်။  ကူးစက်ပြန့်ပွားခြင်း နီပါဗိုင်းရပ်စ်ဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရိစ္ဆာန် (လင်းနို့၊ ဝက်) စတာတွေကနေ လူတွေဆီကို ကူးစက်တာဖြစ်ပါတယ်။ လင်းနို့သေး/တံထွေးပါနေတဲ့Continue reading "နီပါဗိုင်းရပ်စ် (Nipah virus)"

Ads Advertisement