အလေးထားသင့်တဲ့ ဆယ်ကျော်သက်အရွယ်စိတ်ကျန်းမာရေးပြဿနာ
By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate) | October 29, 2026
အရင်ကဆို စကားတွေ အများကြီးပြောတတ်တဲ့ ကလေးက အခုနောက်ပိုင်း အခန်းထဲမှာပဲ တစ်ယောက် တည်း နေချင်လာတယ်။ မေးလိုက်ရင်လည်း စိတ်တိုတတ်တယ်။ ကျောင်းစာကိုလည်း အရင်လို စိတ်မဝင်စားတော့ဘူး။ ဒါဟာ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ သဘာဝပဲလား။ ဒါမှမဟုတ် စိတ်ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာလား။ ဆယ်ကျော်သက်အရွယ်ဆိုတာ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းနေတဲ့ အရေးကြီးတဲ့ အချိန် ကာလတစ်ခု ဖြစ်ပါတယ်။ ဒီအရွယ်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးပြောင်းလဲလာသလို စိတ်ခံစားချက်၊ အတွေး အခေါ်၊ လူမှုဆက်ဆံရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံတွေပါ ပြောင်းလဲလာတတ်ပါတယ်။ စိတ်ခံစားချက် အတက်အကျရှိတာ၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ပိုလိုချင်လာတာ၊ မိဘတွေထက် သူငယ်ချင်းတွေနဲ့ ပို အချိန်ကုန်ချင်လာတာတွေဟာ ဆယ်ကျော်သက်အရွယ် ဖွံ့ဖြိုးမှုရဲ့ သဘာဝ အစိတ်အပိုင်းတွေ ဖြစ်ပါ တယ်။ ဒါပေမဲ့ စိတ်ခံစားချက်နဲ့ အပြုအမူပြောင်းလဲမှုတွေဟာ<a href="https://staging.myanhealth.org/articles-news/12339/">Continue reading <span class="sr-only">"အလေးထားသင့်တဲ့ ဆယ်ကျော်သက်အရွယ်စိတ်ကျန်းမာရေးပြဿနာ"</span></a>