ပလတ်စတစ်အမှုန်အမွှား (မိုက်ခရိုပလတ်စတစ်)
By MyanHealth | February 17, 2026
(လျစ်လျူရှုထားလို့မရတော့တဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာ) (Dr. Kris) ယခုနှစ်ပိုင်းတွေမှာ ပလတ်စတစ်အမှုန်အမွှား (မိုက်ခရိုပလတ်စတစ်)တွေကို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာတစ်ရပ်ကနေ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ကမ္ဘာတစ်ဝန်းက ပြည်သူ့ကျန်းမာရေး ပညာရှင်တွေကြားမှာ ဆွေးနွေးလာခဲ့ကြပြီး ဆန်းစစ်လေ့လာမှုတွေလည်း ပြုလုပ်လာကြပါတယ်။ ယခင်က ပလတ်စတစ်ညစ်ညမ်းမှုကို ပလတ်စတစ်အများစု စွန့်ပစ်ခဲ့ကြတဲ့ နေရာတွေဖြစ်တဲ့ ပင်လယ်ကမ်းခြေတွေနဲ့ ပင်လယ်နေ သတ္တဝါတွေသေဆုံးရမှုမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုအဖြစ်ပဲ ရှုမြင်ခဲ့ကြပေမယ့် ယခုအခါမှာတော့ မိုက်ခရိုပလတ်စတစ် ပြဿနာဟာ တိုင်းတာရခက်ခဲတဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။ ပလတ်စတစ်လို့ ဆိုလိုက်ရင် ကျွန်တော်တို့အားလုံး အများအားဖြင့် ကျွတ်ကျွတ်အိတ်တွေကို မျက်လုံးထဲမြင်ကြပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ ကျွတ်ကျွတ်အိတ် အများစုကလည်း ပလတ်စတစ်နဲ့ လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွတ်ကျွတ်အိတ်အပြင် တခြားသော လူသုံးကုန်ပစ္စည်းတွေမှာလည်း ပလတ်စတစ်တွေ<a href="https://staging.myanhealth.org/articles-news/11401/">Continue reading <span class="sr-only">"ပလတ်စတစ်အမှုန်အမွှား (မိုက်ခရိုပလတ်စတစ်)"</span></a>