Skip to content

ဆောင်းပါးများ

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (November Second Week)
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (November Second Week)

By Ko Tin  |  November 14, 2026

• မကွေးတိုင်းထဲက အသက် ကိုးလကနေ ငါးနှစ်အထိ ကလေးငယ် ၁၃၀,၀၀၀ လောက်ကို ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသွားမယ်လို့ တိုင်းကျန်းမာရေးဦး စီးဌာနက တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ကို ကိုးကားပြီး One News သတင်းက ရေးသား ထားပါတယ်။ • သင့်တင့်တဲ့ စျေးနှုန်းနဲ့ ဝယ်ယူနိုင်ပြီး ဆေးဝါးမပြတ်လပ်ဖို့အတွက် နိုင်ငံခြားဆေးဝါး (၉၅၃) မျိုးကို ကုမ္ပဏီ တိုက်ရိုက်စျေး၊ လျှော့စျေးတွေနဲ့ နိုဝင်ဘာ ၉ ရက်ကစပြီး နေပြည်တော်မှာ ရောင်းချပေး မယ်လို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။ • နိုင်ငံတစ်ဝန်း ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအစီအစဉ် (၂၀၂၆) ပြည် နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲနဲ့ လုပ်ငန်းစတင်ခြင်း အခမ်းအနားကိုContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (November Second Week)"

သင့်တော်တဲ့သွားတိုက်ဆေးရွေးချယ်မယ်
ဆောင်းပါး

သင့်တော်တဲ့သွားတိုက်ဆေးရွေးချယ်မယ်

By MyanHealth  |  November 13, 2026

သွားဆေးခန်းကိုလာပြကြတဲ့သူအများစုက လိုအပ်တဲ့ကုသမှုပြီးတာနဲ့ အမေးကြဆုံးမေးခွန်း လေးကတော့ “ဘာသွားတိုက်ဆေးသုံးရမလဲဆရာ၊ ဘယ်တံဆိပ်ကောင်းလဲ” ဆိုတာပါပဲ။ သွားတိုက် ဆေးကောင်းကောင်းရွေးချယ်ဝယ်ယူထားရင် သွားနှင့်ခံတွင်းကျန်းမာရေးကောင်းပြီလို့ အထင်ရှိကြတဲ့ သဘောရှိပါတယ်။ သွားနှင့် ခံတွင်းကျန်းမာရေးအတွက် သွားတိုက်သန့်ရှင်းရေးလုပ်ကြရမယ်လို့ ပြော လိုက်ရင် လူအများစု စိတ်ဝင်စားတာက သွားတိုက်ဆေးအကြောင်းဖြစ်နေပြီး သွားတိုက်တဲ့နည်းစနစ် (Tooth brushing technique)ကိုတော့ စိတ်ဝင်စားကြတာ နည်းပါတယ်။ စျေးကြီးကြီးပေးရတဲ့ သွား တိုက်ဆေးဝယ်ထားပြီး သွားတိုက်တဲ့အချိန်၊ သွားတိုက်တဲ့နည်းစနစ်မမှန်ရင် သွားတိုက်ဆေးအသုံးပြု ပြီး ရမဲ့အကျိုးရလဒ်ကို အပြည့်အဝရမှာ မဟုတ်ပါဘူး။ ဥပမာ-ဘောလုံးတောင် ဖြောင့်အောင်မကန် တတ်တဲ့သူက “Messi”ဝတ်တဲ့ ဘောလုံးကန်ဖိနပ်စီးထားလို့လည်း ဘောလုံးကန် တော်လာမှာ မဟုတ်ဘူးလေဗျာ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးသုံးပြီး စနစ်မှန်သွားတိုက်နည်းနဲ့ သွားတိုက်ကြ မယ်ဆိုရင်တော့ ရလဒ်ကောင်းလာမှာ ဖြစ်ပါတယ်။ စနစ်မှန် သွားတိုက်နည်းကိုတော့ အရင် ဆောင်းပါးမှာContinue reading "သင့်တော်တဲ့သွားတိုက်ဆေးရွေးချယ်မယ်"

ဘုန်ကြီးကျောင်းကဒက်ဆာ နဲ့ ကျောင်းမုန့်ဈေးတန်းက သကြားတု
ဆောင်းပါးသတင်း

ဘုန်ကြီးကျောင်းကဒက်ဆာ နဲ့ ကျောင်းမုန့်ဈေးတန်းက သကြားတု

By MyanHealth  |  November 11, 2026

ဘုန်းကြီးကျောင်းအမည်ခံ၍ မှတ်ပုံတင်မရှိဘဲ အနောက်တိုင်းဆေးများ ရောစပ်ထားသည့် တိုင်းရင်း ဆေး အတုများ ဖြန့်ချိခြင်းနှင့် ကင်ဆာဖြစ်စေနိုင်သည့် စံမညီ ဓာတုပစ္စည်းများ လွန်ကဲစွာ ပါဝင်နေသော စားသောက်ကုန်များကို ကလေးသူငယ်စားသောက်ကုန်စျေးကွက်အတွင်း တာဝန်မဲ့ရောင်းချနေခြင်း သည် ပြည်သူတို့၏ အသက်အိုးအိမ်နှင့် ကျန်းမာရေးကို တိတ်တဆိတ် ခြိမ်းခြောက်နေသည့် ကြီးလေး သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ရာဇဝတ်မှုကြီးများပင် ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော်​ကျန်းမာရေဝန်ကြီးဌာန၏ ထုတ်ပြန်ချက်(FDA စစ်ဆေးတွေ့ရှိချက်အရ)အရ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်းရှိ ဘုန်းကြီးကျောင်းတိုက်မှ “အောင်ပန်းဆရာတော်သောက် သည့်ဆေး”အမည်ရှိဆေးတောင့်များသည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် လိုင်စင် မရှိသည့်အပြင် အစာအိမ်နှင့် အူလမ်းကြောင်းအနာဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်စေသည့် အကိုက်အခဲ ပျောက်ဆေး Diclofenac နှင့် ကိုယ်ခံအားကျဆင်းခြင်း၊ ဆီးချိုနှင့် အရိုးပွခြင်းတို့ကို ဖြစ်စေသည့် ပြင်း ထန်စတီရွိုက်ဆေး Dexamethasone တို့ကိုContinue reading "ဘုန်ကြီးကျောင်းကဒက်ဆာ နဲ့ ကျောင်းမုန့်ဈေးတန်းက သကြားတု"

ကလေးတွေကို လွတ်လပ်စွာ တိုးတက်ပါစေ
ဆောင်းပါး

ကလေးတွေကို လွတ်လပ်စွာ တိုးတက်ပါစေ

By Ko Ba Thet  |  November 9, 2026

မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ “ကလေး” တွေနဲ့ ပတ်သက်ရင် ပုံစံနှစ်မျိုးကို အမြဲတမ်း တွေ့ရလေ့​ရှိပါတယ်။ အဲဒါက တစ်ဖက်စွန်း ရောက် ချစ်ခြင်းနဲ့ တစ်ဖက်စွန်းရောက် ဖိနှိပ်ခြင်းတွေပါ။ အထူးသဖြင့် အသက် ၄ နှစ်နဲ့ ခြောက်နှစ်အရွယ်ကြား ကလေးငယ်တွေဟာ ဒီအခြေအနေနှစ်ခုကို အမြဲ ရင်ဆိုင်ရလေ့ ရှိပြီး ဒီတစ်ဖက်စွန်းရောက်မှုတွေဟာလည်း ကလေးအပေါ် မိဘမောင်ဘွား ဆွေမျိုး များရဲ့ ချစ်ခြင်းကနေပဲ လာတာပါ။ ကလေးအပေါ် ထားတဲ့ မေတ္တာတရားက ချစ်ခြင်းကို ဖြစ်စေသလို ဒီချစ်ခြင်းကပဲ တစုံတရာ ထိခိုက်မှာ စိုးရိမ်စိတ်ကို ဖြစ်လာစေပြီး ဖိနှိပ်မှုတွေကို သယ်ဆောင်လာကြတာပါ။ “ကျွန်တော့်ညီက သူ့သား အသက် ငါးနှစ်အထိကို ဘာစီးပွားရေးမှကို မလုပ်တော့ဘူးဗျ။ သူ့ အာရုံက သူ ခက်ခက်ခဲခဲ မွေး​ယူထားရတဲ့ သားကိုContinue reading "ကလေးတွေကို လွတ်လပ်စွာ တိုးတက်ပါစေ"

အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ
ဆောင်းပါးသတင်း

အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ

By MyanHealth  |  November 7, 2026

အသက်အရွယ်ရလာတဲ့ အမျိုးသားတွေမှာ ဆီးသွားရခက်တာ၊ ဆီးအားနည်းလာတာ၊ ညဘက် ဆီး ခဏခဏထသွားရတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဆီးသွားရခက်တဲ့ ပြဿနာ တွေဟာ ဆီးကျိတ်ကြီးခြင်းကြောင့် ဖြစ်နိုင်ပြီး စနစ်တကျ စစ်ဆေးကုသမှုခံယူရင် သက်သာနိုင်ပါတယ်။ ဆီးကျိတ် (Prostate) ဆိုတာ အမျိုးသားတွေမှာပဲရှိတဲ့ သစ်ကြားသီးအရွယ် ဂလင်းတစ်ခု ဖြစ်ပြီး ဆီးအိမ်ရဲ့အောက်ဘက်မှာ တည်ရှိပါတယ်။ ဆီးအိမ်ကနေ ဆီးထွက်လာတဲ့ ဆီးလမ်းကြောင်းရဲ့ အစပိုင်းကို ဝန်းရံထားပြီး သုတ်ရည်မှာပါဝင်တဲ့ အရည်တချို့ကို ထုတ်လုပ်ပေးပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ဆက်စပ်ပြီး ဆီးကျိတ် တစ်ရှူးတွေက တဖြည်းဖြည်း ကြီးထွားလာနိုင်ပါတယ်။ ဒီလို ကင်ဆာမဟုတ်ဘဲ ဆီးကျိတ်ကြီးလာတဲ့ အခြေအနေကို Benign Prostatic Hyperplasia (BPH) လို့ ခေါ်ပါတယ်။ ဒီအခြေအနေမှာ ဆီးကျိတ်ကြီးလာတဲ့အတွက် ဆီးကျိတ်က ဆီးလမ်းကြောင်းကိုContinue reading "အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (November First Week)
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (November First Week)

By Ko Tin  |  November 7, 2026

• ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း ခြင်ဆီကင်ဆာ လူနာ ငါးဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာနက ခြင်ဆီအစားထိုးနည်းဖြင့် အောင်မြင်စွာ ကုသပေးနိုင််ခဲ့ပြီး ကျန်းမာရေး အခြေအနေကောင်းမွန်လို့ အောက်တိုဘာ ၂၆ ရက်မှာ ဆေးရုံဆင်းခွင့်ရသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ • သူနာပြုတက္ကသိုလ် (ရန်ကုန်) နဲ့ မန္တလေးသူနာပြုတက္ကသိုလ်ကနေ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) နဲ့ အောင်မြင်ခဲ့သူ ၂၈၃ ဦးနဲ့ ၁၇၉ ဦး၊ စုစုပေါင်း ၄၆၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေး ခန့်အပ်လွှာ ပေးပြီးပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ • ပဋိပက္ခနဲ့ နေရပ်စွန့်ခွာရမှု ကြုံနေရတဲ့ ကလေးတွေ စိတ်ကျန်းမာရေးဟာ တခြားလိုအပ်ချက်တွေလိုဘဲ အရေးကြီးပြီး လုံခြုံတဲ့ နေရာတစ်ခုမှာ ကစားခွင့်တာ၊ ဖေးမမယ့်သူContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (November First Week)"

ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်က ကိုယ့်ကိုယ်ကို သတ်သေဖို့ တွေးမိနိုင်သလား
ဆောင်းပါး

ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်က ကိုယ့်ကိုယ်ကို သတ်သေဖို့ တွေးမိနိုင်သလား

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  November 5, 2026

“ငါမရှိရင် အားလုံးပိုကောင်းသွားမှာပါ”၊ “ဆက်အသက်ရှင်ဖို့ အကြောင်းမရှိတော့ဘူး” ဆိုတဲ့ စကားမျိုးတွေကို ဆယ်ကျော်သက်တစ်ယောက်က ပြောလာတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။ ဒီလိုမျိုး တွေးလာ၊ ပြောလာတဲ့အခါ မိဘတွေနဲ့ လူကြီးတွေက ဒီလိုစကားမျိုးတွေကို စိတ်ဆိုးလို့ ပြောတာ၊ အာရုံစိုက်ခံချင်လို့ ပြောတာ၊ ဒါမှမဟုတ် ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ စိတ်ခံစား ချက် အပြောင်းအလဲတစ်ခုလို့ပဲ ယူဆလိုက်လို့ ရပါသလား။ လက်တွေ့မှာတော့ ဒီလိုပြောဆိုမှုတွေဟာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရပြီး အကူအညီ လိုအပ်နေကြောင်း ပြသတဲ့ အရေးကြီးတဲ့ သတိပေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ မိမိကိုယ်ကိုယ် သတ်သေခြင်း (Suicide) ဟာ လူငယ်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အရေးကြီးတဲ့ ပြည်သူ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၆ ခုနှစ် ထုတ်ပြန်ချက်အရContinue reading "ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်က ကိုယ့်ကိုယ်ကို သတ်သေဖို့ တွေးမိနိုင်သလား"

ကိုယ်ဝန်ဆောင်၊ မွေးဖွားရင် လိုက်နာတတ်ကြတဲ့ ဒုံးယိမ်းတို့ရဲ့ ရိုးရာဓလေ့
ဆောင်းပါး

ကိုယ်ဝန်ဆောင်၊ မွေးဖွားရင် လိုက်နာတတ်ကြတဲ့ ဒုံးယိမ်းတို့ရဲ့ ရိုးရာဓလေ့

By MyanHealth  |  November 4, 2026

မြန်မာပြည်ရဲ့ အရှေ့ပိုင်းက ထုံးကျောက်တောင်တွေ ရှိပြီး သဘာဝလိုဏ်ဂူနဲ့ ရေတံခွန်ပေါတဲ့ ဒုံးယိမ်းမြေ ကရင်ပြည်နယ်မှာ ကရင် လူမျိုးစုပေါင်း ၁၁ စု တောင် ရှိကြပါတယ်။ အရှေ့ပိုး၊ စကော၊ ပလေချီး (ပလေကီး)၊ တလေပွာ (တလှေပွာ)၊ ပကူး၊ ဘွဲ၊ မောနေပွာ၊ ကရင်ဖြူ၊ အနောက်ပိုးနဲ့ ထိုကလိဘောင်ကရင်တို့ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ကုန်းမြင့်ဒေသ မွန်ဂိုလွိုက်မျိုးနွယ်စုက ဆင်းသက်လာပုံရတယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ထားတာလည်း ရှိပါတယ်။ တကယ်တော့ ကရင်တိုင်းရင်းသားမျိုးနွယ်စုတွေဟာ ကရင်ပြည် နယ် တစ်ခုတည်းမှာ နေထိုင်ကြတာတော့ မဟုတ်ပါဘူး။ မွန်ပြည်နယ်၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာလည်း အခြေချ နေထိုင်ကြတာ​ရှိသလို ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာလည်း နေထိုင်ကြတာတွေ ရှိပါတယ်။ ကရင်တိုင်းရင်းသားတွေဟာ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်Continue reading "ကိုယ်ဝန်ဆောင်၊ မွေးဖွားရင် လိုက်နာတတ်ကြတဲ့ ဒုံးယိမ်းတို့ရဲ့ ရိုးရာဓလေ့"

ဆယ့်နှစ် ရာသီ – ပန်းနဲ့ ညှိ၊ ဆေးဘက်လည်းဝင် – အလှဆင်
ဆောင်းပါး

ဆယ့်နှစ် ရာသီ – ပန်းနဲ့ ညှိ၊ ဆေးဘက်လည်းဝင် – အလှဆင်

By MyanHealth  |  November 2, 2026

အမျိုးတို့ရေ … မယ်ကြော့တို့ရဲ့ မြန်မာပြက္ခဒိန်မှာ ရာသီခွင်တွေပေါင်း ၁၂ ခု ရှိကြတယ်မဟုတ်လား။ တို့များရဲ့ မြန်မာပြက္ခဒိန်က နေရဲ့ သွားလာမှု၊ လရဲ့ ဖြစ်စဉ်တွေကို ပေါင်းစပ်တွက်ချက်ထားတဲ့ နေလသွားပြက္ခဒိန် (Lunisolar Calendar) အမျိုးအစားပါ။ ဒီတော့ နေဝင်-နေထွက်၊ လပြည့်-လကွယ်တွေကို တွက်ချက်ပြီး လ တစ်လရဲ့ ရက်တွေကို သတ်မှတ်ပြီး တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊​ တပို့တွဲ၊ တပေါင်းဆိုပြီး ၁၂ လရာသီစက်ဝန်း ဖြစ်လာတာပါ။ ၁၂ လ ရာသီစက်ဝန်းကိုမှ မြန်မာတို့က နွေရာသီ၊ မိုးရာသီနဲ့ ဆောင်းရာသီဆိုပြီး ထပ်ခွဲထားကြပါသေးတယ်။ ဒါကလည်း နေရဲ့ အသွားအလာ – လရဲ့ ဖြစ်စဉ်တွေကြောင့်Continue reading "ဆယ့်နှစ် ရာသီ – ပန်းနဲ့ ညှိ၊ ဆေးဘက်လည်းဝင် – အလှဆင်"

အတူနေပြီးတိုင်း သွေးဆင်းလို့ သားအိမ်ခေါင်းကင်ဆာများလားဆိုပြီး စိုးရိမ်နေလား?
Biweekly Newscast

အတူနေပြီးတိုင်း သွေးဆင်းလို့ သားအိမ်ခေါင်းကင်ဆာများလားဆိုပြီး စိုးရိမ်နေလား?

By MyanHealth  |  October 31, 2026

အတူနေပြီးတိုင်း သွေးဆင်းလို့ သားအိမ်ခေါင်းကင်ဆာများလားဆိုပြီး စိုးရိမ်နေလား? ကင်ဆာအကြိုလက္ခဏာအပြင် အခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ သေချာသိရဖို့ MyanHealth ရဲ့ “မရှက်တမ်းမေး” မှာ အခုပဲ ကြည့်လိုက်ပါ #MyanHealth#CervicalCancer#WomenHealth#မရှက်တမ်းမေး

မက်ကလောင်ခြစ်ရင် ထွက်လာတာတကယ်ပဲသွေးပုတ်တွေလား
Biweekly Newscast

မက်ကလောင်ခြစ်ရင် ထွက်လာတာတကယ်ပဲသွေးပုတ်တွေလား

By MyanHealth  |  October 31, 2026

မက်ကလောင်ခြစ်ရင် ထွက်လာတာတကယ်ပဲသွေးပုတ်တွေလား? #MyanHealth#healthtips#မက်ကလောင်#HealthFacts

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (October Fourth Week)
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (October Fourth Week)

By Ko Tin  |  October 30, 2026

• ချင်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ ဖြစ်နေကြလို့ ဆေးအကူအညီ လိုတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ • အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားတာကနေ ဖြစ်တဲ့ ရောဂါ၊ လေထုညစ်ညမ်းတာနဲ့ ရာသီ ဥတုပြောင်းလို့ ဖြစ်နိုင်တဲ့ ရောဂါတွေကြောင့် ကျန်းမာရေးအတွက် သတိပြုလိုက်နာနေထိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။ • ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က စစ်ရှောင်တွေအတွက် အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အ ထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇရို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ AHA စင်တာက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အကူအညီနဲ့ ဆန်၊ မိသားစုသုံးပစ္စည်းနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ • ကိုယ်အင်္ဂါ အစိတ်အပိုင်း၊ ကျန်းမာရေးနဲ့ ဘဝရဲ့Continue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (October Fourth Week)"

Ads Advertisement