၁၀၀ မှာ ၁၅ ယောက် ဘာမှန်းမသိဘဲဖြစ်နေတဲ့ အသည်းခြောက်ရောဂါ
By MyanHealth | May 18, 2026
အမျိုးသားကော၊ အမျိုးသမီးတွေကော အရက်အလွန်အကျွံ သောက်ရင်၊ ဝလာပြီဆိုရင် အသည်းမှာ အဆီတွေစုလာတတ်လို့ အသည်းအဆီဖုံးတာ ဖြစ်လာနိုင်ပါတယ်။ လူတစ်ချို့မှာတော့ ဂရုမစိုက်ဘဲထားမယ်ဆိုရင် အသည်းခြောက်တဲ့အထိ ပြင်းထန်သွားနိုင်ပါတယ်။ တကယ်တော့ ဒီနှစ်မျိုးတည်းကြောင့်တော့ အသည်းခြောက်ရောဂါ ဖြစ်လေ့ရှိတာတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ အသည်းရောင်အသားဝါ (ဘီ) နဲ့ (စီ) ပိုး ရှိမယ်၊ သည်းခြေလမ်းကြောင်းဆိုင်ရာတွေ ရှိမယ်ဆိုရင် အဲ့ဒီ ရောဂါတွေကြောင့် အသည်းခြောက်တာလည်း ဖြစ်နိုင်သလို မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး နာတာရှည် အသည်းသွေးပြန်ကြောပိတ်တာကလည်း အသည်းခြောက်စေနိုင်ပါတယ်။ အသည်းခြောက်သူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက် (၅-၃၀ ရာခိုင်နှုန်း) တော့ အကြောင်းအရင်း မသိဘဲ ဖြစ်တာလို့ သုတေသနလေ့လာဆန်းစစ်ချက်တွေက ဖော်ပြနေပါတယ်။ ဒီသူတွေဟာ ကိုယ့်မှာ အသည်းခြောက်ရောဂါ ရှိ၊ မရှိဆိုတာကို မသိနိုင်လို့ တခါတရံမှာ<a href="https://staging.myanhealth.org/articles-news/11783/">Continue reading <span class="sr-only">"၁၀၀ မှာ ၁၅ ယောက် ဘာမှန်းမသိဘဲဖြစ်နေတဲ့ အသည်းခြောက်ရောဂါ"</span></a>