Skip to content

ဆောင်းပါးများ

မုန့်ချိုအိတ်လို့ခေါ်တဲ့ ပန်ကရိယရောင်ရမ်းခြင်း
ဆောင်းပါးသတင်း

မုန့်ချိုအိတ်လို့ခေါ်တဲ့ ပန်ကရိယရောင်ရမ်းခြင်း

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  July 25, 2026

တစ်ခါတစ်ရံ ညသန်းခေါင်ယံ ဒါမှမဟုတ် ညစာစားပြီးချိန် ဒါမှမဟုတ် ဘာကြိုတင်လက္ခဏာမှ မရှိဘဲ ရုတ်တရက် ဝမ်းဗိုက်အပေါ်ပိုင်းမှာ ပြင်းပြင်းထန်ထန် နာတာမျိုးဟာ အစာအိမ်ကြောင့် မဟုတ်တာ ဖြစ်နိုင်ပါတယ်။ နာကျင်မှုက ပိုပြီးနက်ရှိုင်းလာသလို အဆက်မပြတ်လည်း နာလာမယ်၊ ဝမ်းဗိုက်ကနေတစ်ဆင့် ကျောဘက်အထိပါ နာကျင်မှုက ပျံ့နှံ့သွားမယ်၊ ပြီးတော့ လူနာဟာ အဆက်မပြတ် အန်လာပြီး အစားအသောက်၊ ရေ လုံးဝမဝင်တော့ဘူး၊ ရှေ့ကို ကိုင်းထိုင်လိုက်ရင် နည်းနည်း သက်သာသလို ရှိပေမယ့် ပက်လက်အိပ်လိုက်တာ၊ လှုပ်ရှားလိုက်တာတွေ လုပ်ရင် ပိုပြီး နာကျင်လာမယ်ဆိုရင် ဒါဟာ မုန့်ချိုအိတ်လို့ ခေါ်ကြတဲ့ ပန်ကရိယ ရုတ်တရက် ရောင်ရမ်းခြင်း (Acute Pancreatitis) ရဲ့ လက္ခဏာပြပုံ တစ်မျိုးပဲ ဖြစ်ပါတယ်။ ပန်ကရိယဆိုတာ ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်ရဲ့နောက်ဘက် ခပ်နက်နက်မှာရှိတဲ့Continue reading "မုန့်ချိုအိတ်လို့ခေါ်တဲ့ ပန်ကရိယရောင်ရမ်းခြင်း"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Fourth Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Fourth Week )

By Ko Tin  |  July 24, 2026

• အခြေခံလူတန်းစားတွေ အနေများတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ဆင်းရဲမွဲတေမှုဒဏ်ကို မခံနိုင်တော့ကြလို့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်ကပ်ရောင်းစားမှုတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာနေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။ • မိုးတွင်းကာလ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါ ပိုဖြစ်နိုင်လို့ ခြင်ကိုက်မခံရအောင် ဆေးစိမ်ခြင်ထောင်သုံးတာ၊ အိင်္ကျီလက်ရှည် / ဘောင်းဘီရှည် ဝတ်တာ၊ လိုအပ်ရင် ခြင်ဆေး (လိမ်းဆေး၊ ထွန်းဆေး) သုံးတာအပြင် ခြင်ပေါက်ပွားနိုင်တဲ့ ရေဝပ်နေရာတွေ ရှင်းလင်းတာလုပ်ပြီး ကြိုတင်ကာကွယ်ကြဖို့ MSF Myanmar က ထုတ်ပြန်သတိပေးထားပါတယ်။ • ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှာ လူထုကျန်းမာရေးလုပ်သားသင်တန်းကို ဇူလိုင် ၁၇ ကနေ ၃၀ ရက်အထိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးပြီး နှစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ပါတယ်။ • ဆယ်ကျော်သက်တွေအတွက်Continue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Fourth Week )"

သားအိမ်ကျခြင်း (တင်ပါးဆုံတွင်းအင်္ဂါများကျခြင်း)
ဆောင်းပါးသတင်း

သားအိမ်ကျခြင်း (တင်ပါးဆုံတွင်းအင်္ဂါများကျခြင်း)

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  July 23, 2026

ကလေးမွေးဖွားပြီးနောက်ပိုင်း ဒါမှမဟုတ် အသက်အရွယ်ကြီးလာတဲ့အခါ အောက်ပိုင်းလေးလံတာ၊ မိန်းမကိုယ်ထဲမှာ အလုံးတစ်ခုရှိနေသလို ခံစားရတာနဲ့ မိန်းမကိုယ်အပြင်ဘက်ကို အသားလုံးတစ်ခု ထွက်လာတာမျိုးကို အမျိုးသမီးအချို့ ခံစားရတတ်ပါတယ်။ တချို့အမျိုးသမီးတွေက ဒါကို ရှက်ကြောက်တာရယ်၊ ကလေးမွေးဖူးတဲ့ အမျိုးသမီးတိုင်း ကြုံတွေ့ရမယ့် ပုံမှန်ပြောင်းလဲမှုတစ်ခုလို့ ထင်မြင်ယူတာရယ်ပေါင်းပြီး မိသားစုဝင်တွေကိုတောင် မပြောဘဲ နှစ်ပေါင်းများစွာ သည်းခံနေတတ်ကြတာကိုလည်း တွေ့မြင်နေရပါတယ်။ ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေမှာ ကလေးမွေးပြီးနောက် သားအိမ်အပါအဝင် ဆီးအိမ်၊ အူမကြီးရဲ့အဆုံးပိုင်း ဒါမှမဟုတ် သားအိမ်ခွဲစိတ်ဖယ်ရှားထားသူတွေမှာ မိန်းမကိုယ်ရဲ့ထိပ်ပိုင်း တွေဟာ အောက်ကို ကျွံကျဆင်းလာနိုင်ပါတယ်။ တစ်ချိန်တည်းမှာ အင်္ဂါတစ်ခုထက်ပိုပြီး ကျွံဆင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေကို စုပေါင်းပြီး တင်ပါးဆုံတွင်းအင်္ဂါကျခြင်း၊ အင်္ဂလိပ်လို pelvic organ prolapse လို့ ခေါ်ပါတယ်။ သားအိမ်ကိုယ်တိုင် အောက်ဘက်ကို ကျဆင်းလာတဲ့အခါမှာတော့ uterine prolapseContinue reading "သားအိမ်ကျခြင်း (တင်ပါးဆုံတွင်းအင်္ဂါများကျခြင်း)"

ငါ့ကြောင့် သူတစ်ပါး ဝေဒနာ မတိုးပါစေနဲ့
ဆောင်းပါးသတင်း

ငါ့ကြောင့် သူတစ်ပါး ဝေဒနာ မတိုးပါစေနဲ့

By MyanHealth  |  July 22, 2026

တုပ်ကွေးမိထားလို့ လည်ပင်းနာ၊ ခေါင်းကလည်း တရိပ်ရိပ် ကိုက်ခဲနေတဲ့ မထားမေ – အနီးအနားက ဆေးခန်းတစ်ခုကို မဖြစ်မနေ လာခဲ့ရတယ်။ တုပ်ကွေးရာသီဖြစ်လို့ ဆေးခန်းထဲမှာ လူနာ၊ လူနာစောင့်တွေနဲ့ ပြည့်နှက်နေပါတယ်။ စောင့်ဆိုင်းခန်းမှာ ထိုင်ခုံလွတ်တစ်လုံးတောင် ရှာရခက်နေပြီး လူတိုင်းက ကိုယ့်အလှည့် ရောက်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်နေကြရတယ်။ ဆေးခန်းထဲ ခြေချမိတာနဲ့ မထားမေရဲ့ ခေါင်းကိုက်ဝေဒနာက ပိုပြီး လေးလံလာသလို ခံစားရတယ်။ ရောဂါကြောင့်တော့ မဟုတ်။ စောင့်ဆိုင်းခန်းထဲ မြင်ရ၊ ကြုံတွေ့ရတဲ့ မြင်ကွင်းတွေက သူမ စိတ်ကို တဖြည်းဖြည်း ဖိစီးလာစေတာကြောင့် ဖြစ်တယ်။ ဘေးကပ်ရပ်မှာ ထိုင်နေတဲ့ စုံတွဲတစ်တွဲက ခေါင်းချင်းဆိုင်ပြီး ဖုန်းတစ်လုံးနဲ့ ရုပ်ရှင်ကြည့်နေကြတယ်။ အသံက အလွန်ကျယ်လောင်တာမျိုး မရှိပေမယ့် ဖုန်းစပီကာက ထွက်လာတဲ့ ဇာတ်ကားထဲက အသံတွေကိုContinue reading "ငါ့ကြောင့် သူတစ်ပါး ဝေဒနာ မတိုးပါစေနဲ့"

ခေါင်းတစ်ခုလုံး ဖိအား၊ တင်းအားတွေနဲ့ စည်းနှောင်ထားသလို ခံစားနေရသလား
ဆောင်းပါး

ခေါင်းတစ်ခုလုံး ဖိအား၊ တင်းအားတွေနဲ့ စည်းနှောင်ထားသလို ခံစားနေရသလား

By Dr.Kris  |  July 21, 2026

ခေါင်းကိုက်တယ်ဆိုတာ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ မကြာခဏကြားလေ့ရှိတဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ ဖျားနာလို့ နေထိုင်မကောင်းဖြစ်ရင်ပဲဖြစ်ဖြစ် စိတ်ညစ်ငြူးစရာ စိတ်ညစ်စရာများလို့ ပဲဖြစ်ဖြစ် လူအတော်များများဟာ ခေါင်းကိုက်တယ်လို့ခဏခဏ ပြောကြငြီးကြတာကို ကြားရလေ့ ရှိပါတယ်။ ခေါင်းကိုက်တယ်လို့ဆိုကြတဲ့အခါ တစ်ချို့က ခေါင်းတစ်ခြမ်းကိုက်တာ၊ တစ်ချို့ကတော့ နောက်ကြောကထိုးတာ၊ နောက်စေ့ကထိုးတာနဲ့ စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။ ဒီအထဲမှာမှ ခေါင်းတစ်ခုလုံး တင်းအားသလို၊ စည်းနှောင်ထားသလိုဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာ (Tension headache) ကတော့ ခေါင်းကိုက်ဝေဒနာအမျိုးအစားတွေထဲမှာမှ အများဆုံးဖြစ်တဲ့ ဝေဒနာပဲဖြစ်ပါတယ်။ ဒီဝေဒနာကို သာမန်လောက်ထင်ပြီး အလိုအလျောက် ပျောက်ကင်းသွားနိုင်တယ်လို့ ယူဆလေ့ရှိကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့လူတော်တော်များများမှာ ဒီဝေဒနာကို တွေ့နေရပြီး ဒီခေါင်းကိုက်ဝေဒနာရဲ့ သက်ရောက်မှုတွေကြောင့် လူတွေရဲ့ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာများ ပုံမှန်ဆောင်ရွက်နိုင်မှုကို ထိခိုက်လာတာကိုလည်း သတိပြုဖွယ်တွေ့ရှိလာရပါတယ်။ Tension Headache လို့ခေါ်တဲ့Continue reading "ခေါင်းတစ်ခုလုံး ဖိအား၊ တင်းအားတွေနဲ့ စည်းနှောင်ထားသလို ခံစားနေရသလား"

ငါးစားသုံးခြင်းကတစ်ဆင့် လူကိုကူးစက်နိုင်တဲ့ပိုးများ
ဆောင်းပါးသတင်း

ငါးစားသုံးခြင်းကတစ်ဆင့် လူကိုကူးစက်နိုင်တဲ့ပိုးများ

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  July 19, 2026

မကြာသေးခင် ထိုင်းနိုင်ငံက တက္ကသိုလ်ကျောင်းသားတွေကို အသည်းပိုးစစ်ဆေးရာမှာ အသည်းပိုးကူးစက်ခံရသူ အများအပြားရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းခေါင်းစဉ်အချို့မှာ ကျောင်းသားထောင်ပေါင်းများစွာဟာ Opisthorchis viverrini လို့ခေါ်တဲ့ အသည်းသန်ပြားပိုး၊ အတိုကောက်အားဖြင့် OV ပိုး ကူးစက်ခံထားရတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ပဏာမစစ်ဆေးမှုမှာ အပြုသဘောရလဒ်ထွက်တာဟာ ပိုးကူးစက်နေကြောင်း အတည်ပြုထားတာနဲ့ မတူပါဘူး။ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနရဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆက်တွဲထုတ်ပြန်ချက်အရ Maha Sarakham Rajabhat University မှ ကျောင်းသား ၂,၂၀၀ ဦးကို OV-ATK ဆီးစစ်ကိရိယာနဲ့ စစ်ဆေးရာ ၄၅၁ ဦးမှာ အပြုသဘောရလဒ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဝမ်းနမူနာရရှိခဲ့တဲ့ ၃၀၉ ဦးကို စံဓာတ်ခွဲခန်းနည်းလမ်းတွေနဲ့ ထပ်မံစစ်ဆေးရာ လေးဦးမှာသာContinue reading "ငါးစားသုံးခြင်းကတစ်ဆင့် လူကိုကူးစက်နိုင်တဲ့ပိုးများ"

Halitosis (ခံတွင်းအနံ့ဆိုးခြင်း)
သွားကျန်းမာရေး

Halitosis (ခံတွင်းအနံ့ဆိုးခြင်း)

By Dr. Aung Ko Htet, B.D.S (Mdy)  |  July 18, 2026

ငယ်ဘဝဖြတ်သန်းခဲ့ရတဲ့ စာသင်ကျောင်းက သူငယ်ချင်းတယောက်ကို သတိရမိပါတယ်။ ကျောင်းသား/ကျောင်းသူတွေ ကလေးသဘာဝ စကားများကြ၊ ဆော့ကစားကြနဲ့ ဆူညံပွက်တဲ့ ကျောင်း သားတွေကြား ဆရာမတွေမှာလည်း ဆူရ၊ အော်ရ၊ ငေါက်ရနဲ့ ပင်ပန်းကြရှာတော့ စကားသိပ်မပြောဘဲ အေးအေးနေတတ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေပဲရှိရင် ကောင်းမှာလို့တွေးကြမယ်ထင်ပါတယ်။ ကျွန်တော်သတိရမိတဲ့ အတန်းထဲက သူငယ်ချင်းကတော့ ဆရာမတွေက လိမ္မာလိုက်တာ၊ အေးလိုက်တာ လို့အမြဲချီးကျူးခံရသူပေါ့။ စကားနည်းလို့ ချီးကျူးခံရတဲ့ သူငယ်ချင်းလေးက တကယ်တော့စကားနည်း တာ မဟုတ်ဘဲ စကားပြောရင် ခံတွင်းနံ့ဆိုးထွက်လို့ မပြောဖြစ်၊ မဆိုဖြစ်ရင်း ကိုယ့်ကိုယ်ကိုယုံကြည်မှု အားနည်းနေသူဖြစ်ပါတယ်။ အများတကာနဲ့ ပြောချင်ဆိုချင်၊ ဆော့ချင် ကစားချင်ပေမယ့်ခံတွင်းနံ့ဆိုးလို့ စကားသိပ်မပြောတာကိုတော့ ”မတထောင်သား”တွေ ထိန်းနေရတဲ့ ဆရာမတွေအနေနဲ့လည်း ဒါတွေသိဖို့ ဘယ်လွယ်ပါ့မလဲဗျာ။ အဲ့အချိန်ကတည်းက ဒီခံတွင်းနံ့ဆိုးတာကိုသာ သေချာသိပြီး လိုအပ်တဲ့ကုသမှု ခံယူခဲ့မယ်ဆိုရင်Continue reading "Halitosis (ခံတွင်းအနံ့ဆိုးခြင်း)"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Third Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Third Week )

By Ko Tin  |  July 17, 2026

• ရန်ကုန်၊ အင်းစိန်မြို့နယ်က BPI ဆေးဝါးစက်ရုံ (ကြို့ကုန်းဆေးဝါးစက်ရုံလမ်း) မှာ အသည်းရောင် အသားဝါ-ဘီ (Hepatitis စစ်ဆေးတာနဲ့ ကာကွယ်ဆေးထိုးနှံပေးတာကို တစ်ပတ် နှစ်ရက်နှုန်းနဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။ ပိုးစစ်ဆေးခ ကျပ် ၅,၀၀၀ နဲ့ ကာကွယ်ဆေးထိုးခအဖြစ် ကျပ် ၃၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး ဆေးထိုးပြီးသားသူတွေဟာ ငါးနှစ်တစ်ကြိမ် Antibody ပမာဏ စစ်ဆေးသင့်သလို ပမာဏနည်းနေရင်တော့ Booster Dose ထပ်မံ ထိုးနှံသင့်တယ်လို့လည်း အကြံပြုထားပါတယ်။ • ရန်ကုန်အထူးကုဆေးရုံမှာ ဇူလိုင် ၃ ရက်က အကြိမ် (၄၀) မြောက် အသည်းအစားထိုး ခွဲစိတ်မှုကို အောင်မြင်စွာ လုပ်နိုင်ခဲ့တဲ့အပြင် လူနာနဲ့ အလှူရှင်နှစ်ဦးစလုံးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ် ကောင်းမွန်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။Continue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (July Third Week )"

ပိန်ဆေးလို့ အသိများကြတဲ့ Mounjaro ကို သုံးသင့်/မသုံးသင့်
ဆောင်းပါးသတင်း

ပိန်ဆေးလို့ အသိများကြတဲ့ Mounjaro ကို သုံးသင့်/မသုံးသင့်

By MyanHealth  |  July 16, 2026

Mounjaro (tirzepatide) လို့ ပြောလိုက်တာနဲ့ လတ်တလော လူပြောအများဆုံး ဝိတ်ချဆေးတွေထဲမှာ တစ်ပြေးနေတဲ့ “တစ်ချက်ထိုးပိန်ဆေး” အဖြစ် တန်းသိကြမယ်ထင်ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ဝိတ်ကျသွားတဲ့သူတွေရဲ့ Before နဲ့ After ဓာတ်ပုံတွေ မြင်နေရတော့ လူအတော်များများက “နတ်ဆေး” လို့တောင် တင်စားနေကြတဲ့ ဒီဆေးက ဝိတ်ကျဖို့နဲ့ သွေးတွင်းသကြားဓာတ် ထိန်းတဲ့နေရာမှာ တကယ့်ကို ထိရောက်တယ်လို့ ပြောရလောက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Mounjaro အသုံးပြုတဲ့အခါ ဆင်ခြင်နိုင်ဖို့ သူ့ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က လူနာတွေကို ဝိတ်ကျစေချင်ရုံသက်သက်မဟုတ်ဘဲ ဘေးကင်းပြီး ရေရှည်မြဲတဲ့ ကျန်းမာရေးကို ရစေချင်တာပါ။ Mounjaro ဆိုတာ တကယ့်ကို ထိရောက်တဲ့ ဆေးဝါးကုသမှုတစ်ခု ဖြစ်ပေမယ့် အလှအပအတွက် သုံးတဲ့Continue reading "ပိန်ဆေးလို့ အသိများကြတဲ့ Mounjaro ကို သုံးသင့်/မသုံးသင့်"

သတိထားကြည့်မှ မြင်ရမယ့် သက်ကြီးစိတ်ကျန်းမာ
ဆောင်းပါးသတင်း

သတိထားကြည့်မှ မြင်ရမယ့် သက်ကြီးစိတ်ကျန်းမာ

By Ko Ba Thet  |  July 16, 2026

“မောင်ဘုန်း…မောင်ဘုန်း” ​တစ်ဖက် အိပ်ခန်းထဲက အော်ခေါ်သံကြောင့် အလန့်တကြား သွားကြည့်မိတော့ အဖွားဖြစ်သူ အိပ်နေရင်းနဲ့ ယောင်နေတဲ့ အသံ။ သူ မအိပ်ခင် မြေးဖြစ်တဲ့သူနဲ့ စကားပြောနေရင်းက မှေးခနဲ အိပ်ပျော်သွားရင်းက စိတ်စွဲပြီး မြေးဖြစ်သူ နာမည်ကို အော်နေမိတာ။ ဘေးအခန်းက သမီးဖြစ်သူက သွားကြည့်တော့ ယောင်နေတာ။ ​“အဘွားက အတော့်ကို ပစိပစပ် များလာပြီ။ သားက ကျောင်းလွယ်အိတ်ကို ပြီးရင် ထည့်မယ်ဆိုတာကို မရဘူး။ မထည့်မချင်းကို တတွတ်တွတ်နဲ့ နားငြီးနေတာ။ သားကို မပြောရရင် အဖိုးဘက်ကို လှည့်သွားကော။ စကားပြောရင်လည်း ဘုနဲ့ ဘောက်ရယ်” လို့ ဆိုလာသူက မြေးဖြစ်သူ မောင်ဘုန်း။ အဘွားဖြစ်သူက ဒေါ်ဌေးက အသက် ၆၅ နှစ်။ အမျိုးသား၊ သမီး နှစ်ယောက်နဲ့Continue reading "သတိထားကြည့်မှ မြင်ရမယ့် သက်ကြီးစိတ်ကျန်းမာ"

စျေးကွက်အတွင်း ကင်ဆာဆေး ပြတ်လပ်
သတင်း

စျေးကွက်အတွင်း ကင်ဆာဆေး ပြတ်လပ်

By MyanHealth  |  July 15, 2026

အသည်းကင်ဆာရောဂါ ကုသရာမှာ အဓိက သုံးတဲ့ အရည်အသွေးမီ Lenvatinib အမျိုးအစား ဆေးတွေ စျေးကွက်မှာ ပြတ်လပ်နေပြီး ဝယ်ယူဖို့ ခက်ခဲနေကြတယ်လို့ ဆေးဝါးရောင်းချသူတွေနဲ့ ဆေးကို ကိုယ်တိုင် သုံးစွဲနေရတဲ့ ဝေဒနာရှင်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။​ ဒီဆေးဟာ ခွဲစိတ်လို့ မရတဲ့ အသည်းကင်ဆာ (Unresectable Hepatocellular Carcinoma – HCC) ခံစားရသူတွေအတွက် ပထမအဆင့် ဦးစားပေးကုထုံး (First-line Treatment) အဖြစ် အဓိကသုံးတဲ့ ဆေးဝါးဖြစ်ပြီး ဆေးဝါးပြတ်လပ်တာဟာ ၂၀၂၅ ခုနှစ် နှစ်ဆန်းလောက်ကတည်းက ဖြစ်ပြီး အခုဆိုရင် အလားတူဆေးတွေကိုသာ စျေးကွက်မှာ ရရှိနေပါတယ်။ စျေးကွက်ထဲ ဆေးပြတ်တာဟာ အထူးသဖြင့် ဆေးဝါးတင်သွင်းတဲ့ လိုင်စင်ကန့်သတ်ချက်၊ ဒေါ်လာစျေး မတည်ငြိမ်မှုနဲ့ ဆေးဝါးတင်သွင်းတဲ့ လမ်းကြောင်း ကြန့်ကြာမှုတွေကြောင့် ပုံမှန်Continue reading "စျေးကွက်အတွင်း ကင်ဆာဆေး ပြတ်လပ်"

ကိုယ်ဝန်ဆောင်သွေးအားနည်းခြင်းနှင့် ပတ်သတ်သောရောဂါများနဲ့ စားသောက်နေထိုင်နည်း
မိခင်ဒိုင်ယာရီ

ကိုယ်ဝန်ဆောင်သွေးအားနည်းခြင်းနှင့် ပတ်သတ်သောရောဂါများနဲ့ စားသောက်နေထိုင်နည်း

By Dr. Htar Htar Hlaing, M.B, B,S (Mdy) MSc (Nutrition & Dietetic) (UK)  |  July 14, 2026

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းခြင်းဟာ အတွေ့များတဲ့ ရောဂါလက္ခဏာတခု ဖြစ်ပါတယ်။ အထူးသဖြင့် လစဉ်ဓမ္မတာလာနေကျ အမျိုးသမီးလေးတွေမှာ သွေးအားပမာဏဟာ ရှိသင့်တဲ့ပမာဏထက်လျော့နည်းနေတတ်ပါတယ်။ အသား အစားနည်းတဲ့ အာရှနိုင်ငံများမှာ သွေးအားနည်းရောဂါဟာ မရှားတဲ့ရောဂါလက္ခဏာ တခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတဲ့အခါ မိခင်အပေါ်မှာသာမက သန္ဓေသားကိုပါ ထိခိုက်တတ်ပါတယ်။ မိခင်ဟာကိုယ်ဝန်ဆောင်ချိန်မှာ မိမိကိုယ်တိုင်အတွက်ကော သန္ဓေသားအတွက်ပါ မျှပေးရတဲ့အတွက် သံဓါတ်ပမာဏနဲ့ ဗီတာမင်ဓါတ်တွေ ပုံမှန်ထက် လိုအပ်ပါတယ်။ သံဓါတ်အားနည်းတဲ့အခါ ပုံမှန်မဟုတ်တဲ့ ချဉ်ချင်းတက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ မြေကြီးစားချင်စိတ်၊ မီးသွေးစားချင်စိတ် အစရှိတဲ့ ချဉ်ချင်းတပ်ခြင်းတွေဟာ သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာများ ဖြစ်ပါတယ်။ သံဓါတ်အားနည်းတဲ့အခါ မိခင်မကျန်းမာခြင်း၊ မောလွယ်ခြင်း ရေရှည်မှာ နှလုံးရောဂါဖြစ်နိုင်ခြင်း ၊ ကိုယ်ဝန်ဆောင်သွေးတိုးခြင်း နဲ့ မွေးကင်းစကလေးမှာ ပေါင်မပြည့်လမစေ့ခြင်းနဲ့ သန္ဓေသား ကြီးထွားမှု ရပ်တန့်ခြင်းတွေ ကြုံရတတ်ပါတယ်။Continue reading "ကိုယ်ဝန်ဆောင်သွေးအားနည်းခြင်းနှင့် ပတ်သတ်သောရောဂါများနဲ့ စားသောက်နေထိုင်နည်း"

Ads Advertisement