Skip to content

ဆောင်းပါးများ

သတိထားရမည့်ရင်သားအကျိတ်
ဆောင်းပါးသတင်း

သတိထားရမည့်ရင်သားအကျိတ်

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  January 8, 2026

(Dr. Yen Bi Ter ရေးသားသည်) ရင်သားအကျိတ်ဆိုတာ ရင်သားတစ်ရှူးတွေကြားမှာ ပုံမှန်မဟုတ်ဘဲ စမ်းမိနေတဲ့ အလုံးအကျိတ်မျိုးကို ဆိုလိုတာပါ။ အကျိတ်တွေဟာ မာတာ၊ ပျော့တာ၊ နာတာ၊ မနာတာ အမျိုးမျိုးရှိနိုင်သလို စမ်းလိုက်တဲ့အခါ ရွေ့သွားတဲ့အကျိတ်နဲ့ မရွေ့သွားတဲ့အကျိတ်ဆိုပြီးလည်း ကွာခြားနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ အမျိုးသမီးတွေရဲ့ ရင်သားဟာ သွေးသားပြောင်းလဲမှု၊ ရာသီလာချိန် စတာတွေအပေါ် မူတည်ပြီး အကျိတ်လိုမျိုး စမ်းမိတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက်အရွယ် ငယ်ရွယ်သူတွေမှာ ရေအိတ်တည်ခြင်း (Cysts)၊ ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တဲ့အကျိတ် (Fibroadenoma) တွေက ပိုအဖြစ်များပါတယ်။ ရင်သားအကျိတ်တွေရဲ့ တစ်ဝက်လောက်ကနေ ၇၅ ရာခိုင်နှုန်းလောက်အထိက အန္တရာယ်မရှိတဲ့ သာမန်အကျိတ်တွေ ဖြစ်ပါတယ်။  ဒါပေမယ့် သာမန်အလုံးအကျိတ်မဟုတ်ဘဲ အဲ့ဒီအကျိတ်တွေက ရင်သားကင်ဆာရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ရင်သားကင်ဆာဆိုတာ မဖြစ်မနေContinue reading "သတိထားရမည့်ရင်သားအကျိတ်"

စိတ်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့ ရောဂါဝန်ထုပ်ဝန်ပိုးများ …
Mental Health

စိတ်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့ ရောဂါဝန်ထုပ်ဝန်ပိုးများ …

By Ko Ba Thet  |  January 6, 2026

ကိုဘသက် မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ အမြဲတမ်း သုံးလေ့ရှိတဲ့ စကားတစ်ခု ရှိပါတယ်။ “ကိုယ် စိတ် နှစ်ပါး” ဒါမှမဟုတ် “ကိုယ် စိတ် နှစ်ဖြာ” ဆိုတာပါ။ လူတစ်ယောက်အတွက် ကိုယ်ခန္ဓာ ကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ငြိမ်း ချမ်းအေးဆေးမှုကို ဖော်ညွှန်းတာဖြစ်ပြီး ဆေးပညာနယ်ပယ်မှာလည်း ဒီနှစ်ခုလုံး ကျန်းမာသန်စွမ်းနေစေဖို့ အတွက် အရေးကြီးတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ ဆက်စပ်တဲ့ ကျန်းမာရေးဆိုင်ရာ လက္ခဏာရပ်တွေကို သီးသန့်လေ့လာ ဆန်းစစ်တာ ရှိသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပိုင်းကို အထူးပြုတာတွေလည်း ရှိပါတယ်။ လူတစ်ယောက် ကျန်းမာတယ်ဆိုတာ ကိုယ်ကော၊ စိတ်ကော ကျန်းမာမှပါ။ ဒီလိုမှ မဟုတ်ဘဲ ခန္ဓာကိုယ်က ကြံခိုင်၊ ကျန်းမာပေမယ့် စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ရှိနေပြီဆိုရင်Continue reading "စိတ်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့ ရောဂါဝန်ထုပ်ဝန်ပိုးများ …"

လက္ခဏာသိမှ ဆေး ညှိလို့ ရမယ် – ၂
ဆောင်းပါးသတင်း

လက္ခဏာသိမှ ဆေး ညှိလို့ ရမယ် – ၂

By MyanHealth  |  January 2, 2026

မယ်ကြော့ ပြီးခဲ့တဲ့ အခေါက်တုန်းကတော့ မြန်မာပြည်က သူတွေ အသေအပျောက် များရတဲ့ အဖြစ်အများဆုံး ရောဂါနဲ့ အကြောင်းအရာလေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ “Top Cause of Death” “သေဆုံးရခြင်း၏ အဓိက အကြောင်းအရင်းများ” ဆိုပြီး စာရင်းပြုစုထားတာကို အခြေခံလို့ အကြော့ ရှင်းပြခဲ့ပါတယ်နော်။ အဲဒီတုန်းက အဖြစ်အများဆုံး သုံးခုကိုပဲ အကြော့ ပြောပြခဲ့တယ်။ ဒီတော့ နောက်ထပ် ဘယ် ရောဂါ၊ ဘယ်အကြောင်းတွေက အသအပျောက် အများဆုံး ရောဂါနဲ့ အကြောင်းအရာလည်းဆိုတာ ထပ်ပြောပြမယ်နော်။ စတုတ္ထမြောက် မြန်မာပြည်က သူတွေ အသေအပျောက် အများဆုံး ဖြစ်ရတဲ့ ရောဂါက ကိုဗစ် – ၁၉ ပါတဲ့။ WHO က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကContinue reading "လက္ခဏာသိမှ ဆေး ညှိလို့ ရမယ် – ၂"

အမျိုးသားနဲ့အတူနေပြီးနောက်သွေးဆင်းခြင်း
ဆောင်းပါးသတင်း

အမျိုးသားနဲ့အတူနေပြီးနောက်သွေးဆင်းခြင်း

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  December 31, 2025

(Dr. Wor Mi Thi ရေးသားသည်) မမြလေးဟာ ကလေးတစ်ယောက်မွေးထားတဲ့အိမ်ထောင်သည် တစ်ယောက်ဖြစ်ပြီး အသက်က ၄၀နှစ် ရှိနေပါပြီ။ ဒီရက်ပိုင်း အမျိုးသားနဲ့ အတူနေတဲ့အခါတိုင်း အတူနေပြီးနောက် သွေးဆင်းနေလို့ စိတ်ညစ်နေရပါတယ်။ တခြားဘာနာကျင်မှုမှ မရှိပေမယ့် ဒါက ပုံမှန်မဟုတ်ဘူးလို့ မမြလေး ခံစားနေရပါတယ်။ ဒါနဲ့ပဲ အင်တာနက်ပေါ်မှာ အချက်အလက်တွေ ရှာဖွေကြည့်တဲ့အခါ မမြလေးရဲ့ အတူနေတဲ့အခါတိုင်း သွေးဆင်းတာဟာ အများအားဖြင့်တော့ သိပ်မပြင်းထန်တဲ့ အခြေအနေတွေဖြစ်တဲ့ သားအိမ်ခေါင်းရောင်တာ ဒါမှမဟုတ် သားအိမ်ခေါင်းအသားပိုထွက်တာတွေ ဖြစ်နိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒါဟာ သားအိမ်ခေါင်းကင်ဆာရဲ့ အဓိကလက္ခဏာ တစ်ရပ်လည်း ဖြစ်နေနိုင်တာကို တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ရောဂါပိုးဝင်တာ၊ လိင်ဆက်ဆံခြင်းကနေဒဏ်ရာရတာနဲ့ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ဖြစ်နေတာ၊ သန္ဓေတားသောက်ဆေးသုံးစွဲတာ၊ ဟော်မုန်းပြောင်းလဲတာ စတာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်တဲ့။  တစ်ခြားအကြောင်းအရာတွေကတော့Continue reading "အမျိုးသားနဲ့အတူနေပြီးနောက်သွေးဆင်းခြင်း"

၂၀၀၀ ပြည့်နှစ် ဖြစ်နှုန်းကိုပါ ပြန်ကျော်လာတဲ့  တီဘီကူးစက်နှုန်း
ဆောင်းပါးသတင်း

၂၀၀၀ ပြည့်နှစ် ဖြစ်နှုန်းကိုပါ ပြန်ကျော်လာတဲ့ တီဘီကူးစက်နှုန်း

By Ko Ba Thet  |  December 31, 2025

ကိုဘသက် မြန်မာက တီဘီရောဂါ (Tuberculosis) ဟာ အခုဆိုရင် ပြန်ပြီးခေါင်းထောင်လာတာဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကထက် ကျော်လွန်လာနေပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကမ္ဘာ့လုံးဆိုင်ရာ တီဘီရောဂါ  ဖြစ်ပွားမှု ဆန်းစစ်ချက်တွေအရ မြန်မာဟာ ၂၀၂၃ ခုနှစ်မှာ ၂၀၀၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ အခြေအနေကို ပြန်ဆင်းနေတာ တွေ့ရပါတယ်။ ၂၀၀၀ ပြည့်နှစ်က မြန်မာနိုင်ငံရဲ့ တီဘီရောဂါ ဖြစ်ပွားနှုန်းဟာ လူတစ်သိန်းမှာ ၅၅၅ ဦးအထိ ရှိခဲ့ပါတယ်။ အဲဒီကာလက ကမ္ဘာမှာတော့ လူတစ်သိန်းမှာ ၁၈၀ ဦးအထိသာ ဖြစ်ပွားနေပြီး အရှေ့တောင်အာရှမှာဆိုရင် ၃၂၄ ဦးပဲ ရှိတဲ့အတွက် မြန်မာဟာ အရှေ့တောင်အာရှ ဖြစ်ပွားနှုန်းရဲ့  နှစ်ဆနီးပါး အထိ ဖြစ်နေတာပါ။ ဒါကြောင့်လည်း တီဘီရောဂါကို မြန်မာနိုင်ငံရဲ့Continue reading "၂၀၀၀ ပြည့်နှစ် ဖြစ်နှုန်းကိုပါ ပြန်ကျော်လာတဲ့ တီဘီကူးစက်နှုန်း"

ဆီးချိုရောဂါ အကြိုအဆင့် (Prediabetes) အန္တရာယ်
ဆောင်းပါးသတင်း

ဆီးချိုရောဂါ အကြိုအဆင့် (Prediabetes) အန္တရာယ်

By Dr. Kyaw Min Htike, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  December 30, 2025

(Dr. Kyaw Min Htike ရေးသားသည်) မြန်မာနိုင်ငံမှာ ဆီးချိုရောဂါ အကြိုအဆင့် (Prediabetes) ဖြစ်ပွားမှုဟာ တစ်နေ့တစ်ခြား တိုးပွား လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေကြား ဆီးချိုရောဂါ အကြိုအဆင့် ဖြစ်ပွားနှုန်းဟာ ၃၀.၀၈% ရှိတယ်လို့ တွေ့ရှိရတယ်။ ဆီးချိုရောဂါ အကြိုအဆင့် ဆိုတာ သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက် မြင့်တက်နေပေမယ့် ဆီးချိုရောဂါအဖြစ် သတ်မှတ်ချက်ထိ မရောက်သေးတဲ့ အခြေအနေကို ခေါ်ပါတယ်။ သွေးတွင်းသကြားဓာတ်အနေနဲ့ပြောရရင် အစာမစားခင်တိုင်းတဲ့အခါ သွေးတွင်းသကြားပမာဏ 100 mg/dL မှ 125 mg/dL ကြားရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ဆီးချိုရောဂါဖြစ်လာနိုင်ခြေ အလွန်မြင့်မားတဲ့ သတိပေးအဆင့်တစ်ခုဖြစ်ပြီး မှန်ကန်တဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ မရှိရင် ဆီးချိုရောဂါအပြင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့Continue reading "ဆီးချိုရောဂါ အကြိုအဆင့် (Prediabetes) အန္တရာယ်"

အတက်တွေကြားက ကျလာတဲ့ ဆေးလိပ်သောက်နှုန်း
ဆောင်းပါးသတင်း

အတက်တွေကြားက ကျလာတဲ့ ဆေးလိပ်သောက်နှုန်း

By MyanHealth  |  December 30, 2025

မယ်ကြော့ အမျိုးတို့ရေ။ ဒီတစ်ပတ်တော့ မယ်ကြော့ ပြောပြချင်တာက အတက်တွေချည်း ဖြစ်နေတဲ့ ကာလမှာ ဝမ်းသာစရာ၊ ပျော်စရာ အကျလေး အကြောင်းပါနော်။ နိစ္စဓူဝ ခေတ်ကြီးမှာ အကျဆိုလို့ တမျိုးတမည် မထင် လေနဲ့ဦး။ မယ်ကြော့ ပြောမှာက ကျန်းမာရေးအကြောင်း။ မယ်ကြော့တို့ ငယ်ဘဝ ကျောင်းမှာ သင်ဖူးတဲ့ ကဗျာတစ်ပုဒ် ရှိတယ်လေ။ မယ်ခွေရဲ့ လေးချိုး အမျိုးအစား “လက်ဆောင်” ဆိုတဲ့ ကဗျာ။ “မဝယ်ဘူး၊ မယ်ခူးတဲ့ ဖက်စို … မီးမကူ နေပူမှာ မကင်အားလို့…ထားရတယ် အိပ်ရာအောက်မှာ…မင်း သောက်ဖို့ကို…ညှာအနား၊ ရှေ့သွားနှင့် ကိုက်လို့တို…မချိုတောင့် လိပ်ဆေး။…ပိုးမကူ၊ ဝါချည်ဖြူတစ်ပင် ရစ်ကယ်နှင့် … ငယ်ချစ်မောင် ရွှေဝသွားလို့ ပါးလိုက်ကဲ့လေး…” ဆိုတဲ့ ကဗျာ။ ချစ်သူ ကောင်မလေးကContinue reading "အတက်တွေကြားက ကျလာတဲ့ ဆေးလိပ်သောက်နှုန်း"

အာဟာရဖွံ့ဖြိုးရေး လူထုကိုယ်တိုင် လုပ်ဖို့လည်း လိုတယ်လို့  DoPH ညွှန်ကြားရေးမှူးချုပ် ပြော
ဆောင်းပါးသတင်း

အာဟာရဖွံ့ဖြိုးရေး လူထုကိုယ်တိုင် လုပ်ဖို့လည်း လိုတယ်လို့ DoPH ညွှန်ကြားရေးမှူးချုပ် ပြော

By MyanHealth  |  December 29, 2025

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ဝေဝေစိုး အာဟာရ ဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဌာနက ပေးနေတဲ့ ဆေးဝါးအထောက်အပံ့ တစ်ခုတည်းနဲ့ မပြည့်စုံဘဲ လူထုကိုယ်တိုင်က အာဟာရပြည့်ဝ မျှတတဲ့ အစားအစာကို ရွေးချယ် စားသောက်တတ်ဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (Department of Public Health – DoPH) ညွှန်ကြားရေးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။  ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်မှာ လုပ်တဲ့ DoPH အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနရဲ့ Consultative Meeting on Review and Ravise of Nutrition Related IEC Materials အစည်းအဝေးမှာ အခုလို ပြောဆို လိုက်တာပါ။  DoPH  ဟာ ၁၉၅၄Continue reading "အာဟာရဖွံ့ဖြိုးရေး လူထုကိုယ်တိုင် လုပ်ဖို့လည်း လိုတယ်လို့ DoPH ညွှန်ကြားရေးမှူးချုပ် ပြော"

မြန်မာမှာ ကေဗိုင်းရပ်စ် မတွေ့သေးလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
ဆောင်းပါးသတင်း

မြန်မာမှာ ကေဗိုင်းရပ်စ် မတွေ့သေးလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

By MyanHealth  |  December 24, 2025

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ဖြိုးဖြိုး ကေဗိုင်းရပ်စ်လို့ လူသိများ ပြန့်နှံ့နေတဲ့ Influenza A (H3N2) Subclade – “K” ရောဂါပိုးကို ဓာတ်ခွဲစစ်ဆေးမှုတွေအရ မြန်မာနိုင်ငံမှာ မတွေ့ရှိရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ နိုင်ငံပိုင်မီဒီယာတွေကနေ ထုတ်ပြန်လိုက်ပါတယ်။  တုပ်ကွေးရောဂါ အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားတာတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်ပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။  Influenza A (H3N2) အမျိုးအစား ရာသီတုပ်ကွေးရောဂါပိုးဟာ အရင်နှစ်တွေက မြန်မာနိုင်ငံမှာ ကူးစက်မှု ဖြစ်ပွားခဲ့ဖူးပြီး အခုနှစ် စက်တင်ဘာလက စလို့လည်း အဓိက ကူးစက်ဖြစ်ပွားနေတဲ့ ရောဂါပိုးအမျိုးအစားဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေအရ ကေဗိုင်းရပ်စ် အမျိုးအစားကိုတော့ မတွေ့ရသေးသလို လူထုထဲမှာလည်း InfluenzaContinue reading "မြန်မာမှာ ကေဗိုင်းရပ်စ် မတွေ့သေးလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်"

ရာသီတုပ်ကွေးကေဗိုင်းရပ်စ် တရုတ်နဲ့ ထိုင်းမှာ အဖြစ်များလို့ စိုးရိမ်သူတွေ ရှိ
ဆောင်းပါးသတင်း

ရာသီတုပ်ကွေးကေဗိုင်းရပ်စ် တရုတ်နဲ့ ထိုင်းမှာ အဖြစ်များလို့ စိုးရိမ်သူတွေ ရှိ

By Ko Tin  |  December 23, 2025

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ကိုတင် ရာသီတုပ်ကွေးဟာ ရာသီအကူးအပြောင်းကာလတွေမှာ ဖြစ်လေ့ရှိပေမယ့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ကူးစက်မှု များပြားတာ၊ သေဆုံးမှုတွေ ကြားနေရတာကြောင့် ကူးစက်မြန် ရာသီတုပ်ကွေးပိုးမျိုးကွဲ ကေဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း စိုးရိမ်ကြသူ များလာပါတယ်။ တရုတ်မီဒီယာတွေ ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်ဟာ လေးနှစ်အတွင်း တုပ်ကွေးအဖြစ်များဆုံးနှစ်လို့ သိရပါတယ်။ ဘေဂျင်းက ရုံးတွေ၊ စာသင်တန်းတွေမှာ ရှိတဲ့ လူတဝက်လောဟာ ချောင်းအဆက်မပြတ် ဆိုးတာတွေ၊ ရုတ်တရက် မူးဝေတာ၊ ခေါင်းကိုက်တာ၊ ဖျားနာတာတွေ ဖြစ်နေပြီး အများစုက ကိုဗစ် – ၁၉ ပြန်လာပြီလို့ ထင်နေကြပါတယ်။ ပူယန်မြို့မှာဆို သုံးနှစ် ကလေးသေဆုံးတာ၊ ဟောင်ကောင်မှာ နှစ်နှစ်အရွယ် ကလေး သေဆုံး တာတွေ ရှိလာတာကြောင့်Continue reading "ရာသီတုပ်ကွေးကေဗိုင်းရပ်စ် တရုတ်နဲ့ ထိုင်းမှာ အဖြစ်များလို့ စိုးရိမ်သူတွေ ရှိ"

အအေးပို ဆောင်းရာသီနဲ့ နေရပ်စွန့်ခွာနေရသူတွေရဲ့ ကျန်းမာရေး စိုးရိမ်ရေမှတ်
ဆောင်းပါးသတင်း

အအေးပို ဆောင်းရာသီနဲ့ နေရပ်စွန့်ခွာနေရသူတွေရဲ့ ကျန်းမာရေး စိုးရိမ်ရေမှတ်

By MyanHealth  |  December 22, 2025

Selana ရေးသားသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အများအပြားရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ ပုံမှန်ထက် အ‌အေးပိုနေတာမို့ ဒေသခံတွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရသလို  ဆေးဝါးအလွယ်တကူ မရတဲ့ အခက်အခဲနဲ့လည်း ကြုံတွေ့‌ နေရပါတယ်လို့ ဒေသခံတွေက တညီတညွတ်တည်း ပြောနေကြပါတယ်။  စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက စတင်ပြီး သိသိသာသာ အအေးပိုနေတာ ဖြစ်ပါတယ်။ ဒေသတွင်း မငြိမ်သက်မှုတွေကြောာင့် စစ်ဘေးရှောင်နေရသူ သိန်းနဲ့ချီ ရှိနေပြီး အများစုဟာ ဆွေမျိုးသားချင်းတွေရဲ့နေအိမ်နဲ့ အမိုးအကာ မလုံလောက်တဲ့ ယာယီစစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။  “နှာစေးချောင်းဆိုးတာ‌တွေ အဖြစ်များပြီး ပန်းနာရင်ကျပ်ရောဂါဖြစ်နေသူတွေလည်း အရင်ကထက်ပြင်းပြင်း ထန်ထန် ခံစားနေကြရတယ်။ ဆေးကကျ လွယ်လွယ်နဲ့ ဝယ်လို့မရဘူး။ မြို့ထဲတွေမှာကတော့ သူနည်းသူဟန်နဲ့ဆေးတွေရှိပေမယ့် ရွာတွေဘက်မှာကျတော့ ဆေးတွေ ပြတ်လပ်နေတယ်”လို့ ကနီမြို့ခံ တစ်ဦးက ပြောပါတယ်။ Continue reading "အအေးပို ဆောင်းရာသီနဲ့ နေရပ်စွန့်ခွာနေရသူတွေရဲ့ ကျန်းမာရေး စိုးရိမ်ရေမှတ်"

ညာဘက် အူသိမ်စွန်းနေရာ (RIF) မှ နာကျင်မှုနှင့် အူအတက်ရောင်ရောဂါ
ဆောင်းပါးသတင်း

ညာဘက် အူသိမ်စွန်းနေရာ (RIF) မှ နာကျင်မှုနှင့် အူအတက်ရောင်ရောဂါ

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  December 22, 2025

(Dr. Yen Bi Ter ရေးသားသည်) ဝမ်းဗိုက်ရဲ့ အောက်ပိုင်း ညာဘက်ခြမ်းမှာ နာကျင်တာကို ဆေးပညာအရ Right Iliac Fossa (RIF) pain လို့ခေါ်ပြီး လူတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီနေရာနာကျင်မှုက သာမန်အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်သလို အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အူအတက်ရောင်ခြင်း (Acute Appendicitis) ဖြစ်နိုင်ပြီး ဒီအခြေအနေဟာ အချိန်နဲ့တပြေးညီ ကုသမှုခံယူဖို့ လိုအပ်တဲ့အတွက် ဘယ်တော့မှ ပေါ့ပေါ့ဆတန် မနေသင့်ပါဘူး။ အူအတက်ရောင်ရောဂါဟာ လူကြီး၊ လူငယ်၊ ကိုယ်ဝန်ဆောင်မရွေး ဖြစ်ပွားနိုင်ပြီး စောစီးစွာသိရှိရင် ကုသရလွယ်ကူပါတယ်။  အူအတက်ရောင်တဲ့အခါ လူနာအများစုဟာ အစပိုင်းမှာ ချက်ပတ်လည်ကနေ စရစ်ပြီးနာတတ်ပြီး နောက်ပိုင်းမှာတော့ ဝမ်းဗိုက်အောက်ပိုင်း ညာဘက်ခြမ်းကို ရွေ့ပြီး ပိုတိုးပြီးContinue reading "ညာဘက် အူသိမ်စွန်းနေရာ (RIF) မှ နာကျင်မှုနှင့် အူအတက်ရောင်ရောဂါ"

Ads Advertisement