တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (October Third Week)
By Ko Tin | October 16, 2026
ဝိဇ္ဇာနည်းနဲ့ ဆေးကုသပေးနေတဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ (၄၂) ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းမ၊ မဟာဂန္ဓာရုံ ဘုန်းကြီးကျောင်းက ‘ပရဟိတ နေလင်းအောင်’ ဆေးကုခန်းကို အောက်တိုဘာ ၁၁ ရက်မှာ စစ်တပ်က ပိတ်လိုက်တယ်လို့ မြို့ခံတွေကို ကိုးကားပြီး DVB သတင်းဌာနက ရေးသားထားပါတယ်။ ဆေးကုသတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် နာမည်ကြီးနေတဲ့ ဦးထူးခန့်ကျော်၊ ဦးနေလင်းအောင်၊ ရွှေလက်ပိုင်ရှင် ဒေါ်ခင်စန်းရီတို့ကို စစ်ဆေးဖို့ အောက်တိုဘာ ၁၃ ရက်မှာ လုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟံသာဝင်းက ဆွေးနွေးခဲ့ပါတယ်။ လူ့သက်တမ်း မျှော်မှန်းချက်ကို နှစ် (၇၀) ကျော်အထိ တိုးမြှင့်နိုင်ရေး ရည်ရွယ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပံ့ပိုးပေးနေတယ်လို့ အောက်တိုဘာ ၁၃ ရက်က ရန်ကုန်မြို့မှာ လုပ်တဲ့ ဆရာဝန်<a href="https://staging.myanhealth.org/news/12293/">Continue reading <span class="sr-only">"တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (October Third Week)"</span></a>