Skip to content

ဆောင်းပါးများ

ဝမ်းပျက်/ဝမ်းလျှောဖြစ်သူအချို့ အစားအသောက်ကြောင့်ဖြစ်နိုင်ဟု ဆို
ဆောင်းပါးသတင်း

ဝမ်းပျက်/ဝမ်းလျှောဖြစ်သူအချို့ အစားအသောက်ကြောင့်ဖြစ်နိုင်ဟု ဆို

By MyanHealth  |  August 15, 2026

ရန်ကုန်မြို့အတွင်း ဝမ်းပျက်/ဝမ်းလျှောဖြစ်ပွားသူ များပြားလာတာ အများစုဟာ အစားအသောက်ကြောင့် ဖြစ်နိုင်တယ်လို့ ကိုယ်တိုင်ခံစားနေရသူတွေက MyanHealth ကို ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မစင်ကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီး ပိုးပါဝင်နေတဲ့ မသန့်ရှင်းတဲ့ အစားအသောက်၊ ရေတွေကို စားသောက်မိတာက အဓိက ကူးစက်ရာလမ်းကြောင်း ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဝမ်းပျက်/ဝမ်းလျှောရောဂါနဲ့ လာရောက်ကုသနေရသူ ၂၀၀ နီးပါးခန့် ရှိပြီး ဒီထဲက ၅၀ ကျော်မှာ ပြင်းထန်ဝမ်းရောဂါပိုး တွေ့ရှိထားတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ “Sunday မှာ ညီမသူငယ်ချင်းတွေနဲ့ Hotpot သွားစားပြီးကတည်းက ဝမ်းသွားတာ စ ဖြစ်ပါတယ်။ ဗိုက်ကနာပြီး ဝမ်းအရည်တွေပဲ ခဏခဏ သွားပါတယ်။ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့ မနက်ထိ ဝမ်းသွားတာ အကြိမ် ၂၀ ကျော်Continue reading "ဝမ်းပျက်/ဝမ်းလျှောဖြစ်သူအချို့ အစားအသောက်ကြောင့်ဖြစ်နိုင်ဟု ဆို"

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (August Second Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (August Second Week )

By Ko Tin  |  August 15, 2026

ရန်ကုန်မြို့မှာ ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်သူ ဆယ်နဲ့ချီ ရှိလာနေပြီး သြဂုတ် ၁၁ ရက်ကတည်းက လသာမြို့နယ်ထဲက ဖြစ်ပွားသူတွေ အရေးပေါ်ရောက်ရှိလာလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုတွေ လုပ်ပေးထားရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။ ရောဂါဖြစ်သူ တိုးလာတဲ့အတွက် တိုင်းအတွင်းက မြို့နယ်တချို့မှာ လမ်းဘေးဆိုင်တွေ ယာယီပိတ်ထားဖို့ကိုလည်း သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းတွေက လုပ်ဆောင်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။ မိုးတွင်းကာလ အစားအစာနဲ့ သောက်သုံးရေ မသန့်ရှင်းတာက ဝမ်းပျက်/ဝမ်းလျှောရောဂါတွေ ပိုပြီး ဖြစ်ပွားနိုင်လို့ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးဖို့၊ အစားအစာကို သန့်ရှင်းစွာ ပြင်ဆင်ပြီးမှ စားဖို့နဲ့ သောက်သုံးရေကို ဘေးကင်းစိတ်ချရအောင် လုပ်ပြီးမှ သုံးစွဲတဲ့ ပုံစံမျိုးနဲ့ ကြိုတင်ကာကွယ်နိုင်တယ်လို့ WHO (Myanmar) က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကိုယ့်နေတဲ့ဒေသမှာ ဒါမျိုးဖြစ်ပွားနေတယ်ဆိုရင်Continue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (August Second Week )"

ရန်ကုန် ဝမ်းရောဂါလူနာ ၁၈၂ ဦးအနက် ပြင်းထန်ပိုးတွေ့သူ ၅၄ ရှိကာ သက်ကြီးလူနာတစ်ဦး သေဆုံး
သတင်း

ရန်ကုန် ဝမ်းရောဂါလူနာ ၁၈၂ ဦးအနက် ပြင်းထန်ပိုးတွေ့သူ ၅၄ ရှိကာ သက်ကြီးလူနာတစ်ဦး သေဆုံး

By MyanHealth  |  August 14, 2026

ရန်ကုန်မြို့မှာ ဝမ်းပျက်/ဝမ်းလျှောလူနာ ၁၈၂ ဦးအထိ ရှိနေပြီဖြစ်ပြီး ပြင်းထန်ရောဂါပိုးတွေ့သူ ၅၄ ဦးအထိ ပါဝင်ကာ သက်ကြီးလူနာတစ်ဦး သေဆုံးထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဆေးရုံတက်ရောက်ကုသမှု အခြေအနေ ဝမ်းပျက်/ဝမ်းလျှောရောဂါ လူနာတွေကို သြဂုတ် ၉ ရက်မှာ စတင်တွေ့ရှိပြီးတဲ့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှုများ ဆက်တိုက် တိုးလာနေတာ ဖြစ်ပါတယ်။ “ဖြစ်တဲ့သူတွေ အများစုက မြို့ထဲပိုင်း မြို့နယ်တွေက ဖြစ်တာများတယ်။ အဓိက လမ်းဘေးအစားအစာနဲ့ ရေကြောင့် ဖြစ်တာလို့ ထင်တယ်။ ပို့ရတဲ့ လူနာကတော့ များတယ်” ဟု ရန်ကုန်က လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သြဂုတ် ၁၃ ရက် စာရင်းတွေအရ ရောဂါဖြစ်ပွားသူတွေအနက် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါပိုး တွေ့ထားသူ ၅၄ ဦးအထိ ပါရှိကာContinue reading "ရန်ကုန် ဝမ်းရောဂါလူနာ ၁၈၂ ဦးအနက် ပြင်းထန်ပိုးတွေ့သူ ၅၄ ရှိကာ သက်ကြီးလူနာတစ်ဦး သေဆုံး"

လူကိုအိုမင်းစေတဲ့ မျက်နှာပြင်ပေါ်က အရေးအကြောင်းများ
ဆောင်းပါး

လူကိုအိုမင်းစေတဲ့ မျက်နှာပြင်ပေါ်က အရေးအကြောင်းများ

By MyanHealth  |  August 13, 2026

မျက်နှာပေါ်က အရေးအကြောင်းတွေဆိုတာ အသက်အရွယ်အိုမင်းလာတဲ့အခါ မရှောင်လွှဲနိုင်တဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုပါ။ သို့ပေမယ့်လည်း အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ။ သဘာဝတရားကြီးကို ခဏလောက်ဖြစ်ဖြစ် တတ်နိုင်သလောက် အချိန်ဆွဲဆန့်ပြီး အိုမင်းခြင်းရဲ့ပြယုဂ်ကို ပိုသိသာစေတဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို လုံးဝမပေါ်လာအောင် မတားဆီးနိုင်သည့်တိုင် ပုံမှန်ထက်နောက်ကျပြီးမှ ကိုယ့်မျက်နှာပေါ်ရောက်လာဖို့ တားဆီးကြည့်ကြရအောင်… အရေးအကြောင်းတွေဆိုတာ ကျွန်တော်တို့ အရေပြားရဲ့ တင်းရင်းမှုနဲ့ ရုန်းကန်နိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ အကြောင်းများ၊ ခေါက်ရာများနဲ့ အမြောင်းရာတွေ ဖြစ်ပါတယ်။ ပြုံးတာ၊ ရယ်တာ၊ မျက်မှောင်ကြုတ်တာ နဲ့ တစ်ခုခုကို စူးစိုက်ကြည့်တဲ့အချိန် မျက်နှာပေါ်က ကြွက်သားတွေလှုပ်ရှားရတာကြောင့် နဖူးပြင်ပေါ်၊ မျက်ခုံးကြား နဲ့ မျက်လုံးဘေးနားမှာ ပေါ်လာတဲ့ အရေးကြောင်းတွေကို Dynamic wrinkles လို့ ခေါ်ပြီး မျက်နှာပြင်ကြွက်သားတွေ ပြေလျော့နေတဲ့အချိန်မှာတောင် ပေါ်နေတတ်တဲ့ အရေးအကြောင်းတွေကိုတော့Continue reading "လူကိုအိုမင်းစေတဲ့ မျက်နှာပြင်ပေါ်က အရေးအကြောင်းများ"

ပြဒါးနှင့် အရောင်ချွတ်ဆေးများပါဝင်ပြီးသုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို FDAကြေညာ
ဆောင်းပါးသတင်း

ပြဒါးနှင့် အရောင်ချွတ်ဆေးများပါဝင်ပြီးသုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို FDAကြေညာ

By MyanHealth  |  August 12, 2026

မြန်မာနိုင်ငံတွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်း(၅)မျိုးသည် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ပစ္စည်းများပါဝင်နေကြောင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ထုတ်ပြန်သည်။ အဆိုပါအလှကုန်ပစ္စည်းများတွင် ထည့်သွင်းရန်မသင့်သည့် တားမြစ်ဓါတုပစ္စည်းများကြောင့် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြား ရောဂါများ ဖြစ်ပွားနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်ကဖော်ပြသည်။ အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်များနှင့် online ရောင်းချသည့်လုပ်ငန်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင် ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရလုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားပါသည်။အဆိုပါအလှကုန်ပစ္စည်းများတွင်Steorid ၊Mercury၊Rhodamine B+၊Barium Peroxide အစရှိသည့်ဓါတုပစ္စည်းများContinue reading "ပြဒါးနှင့် အရောင်ချွတ်ဆေးများပါဝင်ပြီးသုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို FDAကြေညာ"

လည်ချောင်းနာပြီးဖျားနေပြီလား
ဆောင်းပါး

လည်ချောင်းနာပြီးဖျားနေပြီလား

By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate)  |  August 11, 2026

မိုးတွင်းရောက်လာပြီဆိုရင် လည်ချောင်းလေးနာလိုက်၊ အဖျားလေးတက်လိုက်၊ နှာလေးစေးလိုက်နဲ့ မိသားစုတွေ တစ်ယောက်ပြီးတစ်ယောက် ဖျားကြတော့ပါပဲ။ ဒီလို လည်ချောင်းနာရတဲ့ အကြောင်းအရင်း အများစုကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပဋိဇီဝဆေး သောက်စရာမလိုဘဲ သက်သာ ပျောက်ကင်းသွားတတ်ကြပါတယ်။ လည်ချောင်းနာရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ အအေးမိခြင်း၊ တုပ်ကွေးနဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှုတွေက အဖြစ်များဆုံး ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေကြောင့် လည်ချောင်းနာတဲ့အခါ ချောင်းဆိုးတာ၊ နှာစေးနှာပိတ်တာ၊ နှာချေတာ၊ အသံဝင်တာ ဒါမှမဟုတ် မျက်လုံးနီပြီး မျက်ရည်ကျတာတွေပါ တွဲဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာမရှိရင် အများအားဖြင့်တော့ ကိုယ်ခံစွမ်းအားက အနိုင်ယူပြီး တစ်ပတ်လောက်အတွင်းမှာပဲ တဖြည်းဖြည်း သက်သာလာတတ်ပါတယ်။ တစ်ခုသိထားရမယ့်အချက်က ပိုးသတ်ဆေးလို့ ခေါ်ကြတဲ့ ပဋိဇီဝဆေးတွေဟာ ဗိုင်းရပ်စ်ကို မသတ်နိုင်ပါဘူး။ ဒါကြောင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာအတွက် ပဋိဇီဝဆေးသောက်လည်း ရောဂါမြန်မြန်မပျောက်နိုင်ပါဘူး။ ဒါ့အပြင်Continue reading "လည်ချောင်းနာပြီးဖျားနေပြီလား"

ရေ ပြီးတော့ မြွေ – ပြီးတော့ ရေ ပြဿနာကြုံနေရတဲ့ ရေဘေးသင့်ဒေသ
သတင်း

ရေ ပြီးတော့ မြွေ – ပြီးတော့ ရေ ပြဿနာကြုံနေရတဲ့ ရေဘေးသင့်ဒေသ

By MyanHealth  |  August 10, 2026

“ဒီရေဘေးက သာမန် မိုးကြီးလို့ ဖြစ်တာ မဟုတ်ဘူး။ တာကျိုးပေါက်ကနေ ရေတွေ ဆက်ဝင်နေမှာကြောင့် လနဲ့ ချီပြီးကြာနိုင်တယ်။ ပြဿနာတွေ အများကြီးရှိနေပြီး ကျန်းမာရေးပြဿနာကတော့ ကျွန်မတို့ အစိုးရိမ်ဆုံးပဲ” လို့ ဆိုလာသသူက ကျုံပျော်မြို့နယ် အိမ်ထောင်ရှင်မတစ်ဦးပါ။ ဇူလိုင် ၃၀ ရက်ညက ငဝန်မြစ်ရေကာတာ ကျိုးပေါက်ပြီးနောက် လေးမျက်နှာမြို့နယ်အပြင် ဒေသတွင်း ထိစပ်မြို့တွေ ဖြစ်တဲ့ အိုင်သပြု၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း စတဲ့ မြို့နယ်တွေထဲအထိ ရေဝင်ရောက်ကုန်ပြီး ဒေသခံတွေဟာ ရေဘေးနဲ့ ရင်ဆိုင်နေကြရတာပါ။ သြဂုတ် ၂ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ ဒီဒေသ တွင်းက အိမ်ခြေ ၁,၇၃၄ လုံး၊ အိမ်ထောင်စု ၁,၇၆၄ စုက လူဦးရေ ၈,၃၈၂ ဦးဟာContinue reading "ရေ ပြီးတော့ မြွေ – ပြီးတော့ ရေ ပြဿနာကြုံနေရတဲ့ ရေဘေးသင့်ဒေသ"

ကျောက်ကပ်တွင်ကျောက်တည်ခြင်း
ဆောင်းပါးသတင်း

ကျောက်ကပ်တွင်ကျောက်တည်ခြင်း

By Dr. Yen Bi Ter, M.B.,B.S., M.Med.Sc(Surgery), MRCS (Ediburgh)  |  August 8, 2026

ကျွန်တော်တို့ မြန်မာနိုင်ငံလို ပူအိုက်တဲ့ဒေသမှာနေရင် ကျောက်ကပ်ကျောက်တည်ခြင်းက အတော်ကြီးကို အတွေ့ရများတဲ့ အခြေအနေတစ်ခုပါ။ အထူးသဖြင့် အလုပ်ထဲစိတ်ရောက်ပြီး ရေဝအောင်မသောက်ဖြစ်တဲ့သူတွေ၊ အပြင်ထွက်ပြီး ချွေးထွက်များတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာ ဆီးထဲမှာပါတဲ့ ဓာတ်ဆားတွေက အရည်နည်းသွားတဲ့အခါ အနည်ထိုင်ပြီး ခဲသွားရာကနေ တစ်ဖြည်းဖြည်းချင်း စုပြီး ဖြစ်လာတဲ့ အခြေအနေပါ။ ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ အဓိက ခံစားရတာက ခါးနောက်ကျောဘက်ကနေ ရုတ်တရက် အသားထဲကလှိုက်ပြီး နာလာတာမျိုးပါ။ ဒီနာကျင်မှုက ဗိုက်အောက်ပိုင်း ဒါမှမဟုတ် ပေါင်ခြံဘက်အထိ ဆင်းသွားတတ်ပြီး တော်တော်လေး ခံရခက်ပါတယ်။ တချို့ကျတော့လည်း ဆီးသွားရင် သွေးစလေးတွေပါတာ၊ ဆီးအရောင်နောက်တာ၊ ဗိုက်မအီမသာဖြစ်ပြီး အန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်ကျောက်တည်တဲ့လူတိုင်းကတော့ နာမယ်လို့မဆိုလိုပါဘူး။ နာကျင်မှုမရှိဘဲ ကျောက်က ကျောက်ကပ်ထဲမှာ ငြိမ်ပြီးရှိနေတတ်တဲ့ အခြေအနေတွေလဲ ရှိပါတယ်။Continue reading "ကျောက်ကပ်တွင်ကျောက်တည်ခြင်း"

𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 𝗕𝗶-𝗪𝗲𝗲𝗸𝗹𝘆 𝗗𝗶𝗴𝗲𝘀𝘁 𝗘𝗽𝗶𝘀𝗼𝗱𝗲 (𝟭)
Biweekly Newscast

𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 𝗕𝗶-𝗪𝗲𝗲𝗸𝗹𝘆 𝗗𝗶𝗴𝗲𝘀𝘁 𝗘𝗽𝗶𝘀𝗼𝗱𝗲 (𝟭)

By MyanHealth  |  August 7, 2026

နောက်ဆုံးရ ကျန်းမာရေးသတင်းတွေနဲ့ လက်တွေ့အသုံးကျမယ့် ကျန်းမာရေးဗဟုသုတတွေကို စုစည်းတင်ဆက်ထားတဲ့ 𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 𝗕𝗶-𝗪𝗲𝗲𝗸𝗹𝘆 𝗗𝗶𝗴𝗲𝘀𝘁 𝗘𝗽𝗶𝘀𝗼𝗱𝗲 (𝟭)ကို အခုပဲ ကြည့်ရှုလိုက်ပါနော်။ #𝗠𝘆𝗮𝗻𝗛𝗲𝗮𝗹𝘁𝗵 #𝗕𝗶𝗪𝗲𝗲𝗸𝗹𝘆𝗗𝗶𝗴𝗲𝘀𝘁 #𝗘𝗽𝟭 #𝗛𝗲𝗮𝗹𝘁𝗵𝗡𝗲𝘄𝘀 #𝗛𝗲𝗮𝗹𝘁𝗵𝗧𝗶𝗽𝘀 #𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀𝗠𝘆𝗮𝗻𝗺𝗮𝗿 #𝗛𝗲𝗮𝗹𝘁𝗵𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (August First Week )
သတင်း

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (August First Week )

By Ko Tin  |  August 7, 2026

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” အထူးဒေသ-၂၊ မိုင်းမောမြို့နယ်ထဲက ဒေသခံပြည်သူ ၈၀၈ ဦးကို ဇူလိုင် ၃၀ ရက်မှာ ပန်ဆန်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ “ဝ” ကျန်းမာရေးဌာနနဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး အခမဲ့ ကွင်းဆင်းကုသပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီထဲက ၁၅၁ ဦးကို HIV ၊ ကာလသားရောဂါ၊ အသည်းရောင်အသားဝါ ဘီ/စီ၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ရှိ-မရှိ သွေးစစ်ပေးခဲ့သလို ၂၀၂ ဦးကိုတော့ တီဘီရောဂါ ရှိ-မရှိ ဓာတ်မှန်ရိုက်တာ၊ သလိပ်စစ်ဆေးတာနဲ့ လိုအပ်တဲ့ ကုသမှုပေးတာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ် ၄၆၉ ဦးကိုလည်း ဗီတာမင် (အေ)၊ သံဓာတ်အားဖြည့်ဆေး တိုက်ကျွေးတာ၊ ကာကွယ်ဆေးထိုးပေးတာမတိုး လုပ်ပေးခဲ့တဲ့အပြင် ဆေးစိမ်ခြင်ထောင် ဖြန့်ဝေတာ၊ ကျန်းမာရေးအသိပညာပေးContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (August First Week )"

ခန္ဓာကိုယ်မှ ထွက်သော ချွေးနံ့ဆိုးများ
ဆောင်းပါးသတင်း

ခန္ဓာကိုယ်မှ ထွက်သော ချွေးနံ့ဆိုးများ

By MyanHealth  |  August 6, 2026

ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရ လေ့ကျင့်ခန်းလုပ်ပြီးချိန် ဒါမှမဟုတ် ပူအိုက်တဲ့ အခြေအနေတွေမှာ ခန္ဓာကိုယ်က ချွေးနဲ့အတူ ချွေးနံ့ပါ ထွက်လာတာကို လူတိုင်း ကြုံဖူးကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ချွေးနံ့မတူကြပေမယ့် တချို့လူတွေမှာ ဘာလို့ ချွေးနံ့ပိုပြင်းတာလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ဝေမျှပေးလိုက်ပါတယ်။ ပုံမှန်ထက်လွန်ကဲပြီး ခန္ဓာကိုယ်အနံ့ဆိုး ထွက်ခြင်းကို ဆေးပညာအခေါ်အဝေါ်အားဖြင့် Bromhidrosis (ဘရုမ်ဟိုက်ဒရိုးဆစ်)လို့ ခေါ်ပါတယ်။ Bromhidrosisက အများအားဖြင့် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် မသက်သာဘဲ အနံ့စွဲနေရင်၊ ပုံမှန်ထက်ကို အနံ့အရမ်းဆိုးနေရင်တော့ လျစ်လျူမရှုသင့်ပါဘူး။ ဒီလိုအခြေအနေမျိုးဆို ကိုယ့်ဆီမှာ ချွေးထွက်လွန်တဲ့ရောဂါကြောင့်လား၊ အခြားကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လားဆိုတာ သိဖို့လိုပါတယ်။ ခန္ဓာကိုယ်က အနံ့ဆိုးတွေ ဘယ်လိုဖြစ်လာတာလဲ? လူ့ခန္ဓာကိုယ်အရေပြားပေါ်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေက ချွေးထဲမှာပါတဲ့ ပရိုတင်းတွေကို ချေဖျက်လိုက်တဲ့အခါ ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် ဖြစ်တာပါ။Continue reading "ခန္ဓာကိုယ်မှ ထွက်သော ချွေးနံ့ဆိုးများ"

တစ်ပင်လုံး ဆေးဘက်ဝင် ငှက်ပျော
ဆောင်းပါး

တစ်ပင်လုံး ဆေးဘက်ဝင် ငှက်ပျော

By MyanHealth  |  August 5, 2026

အမျိုးတို့ရေ…ပင်စည်ဖားဖားနဲ့ သီးရင် အခိုင်လိုက် သီးတတ်တဲ့ ငှက်ပျောပင်ကို များသောအားဖြင့် မြန်မာတွေက စားစရာအဖြစ်သာ အသုံးများကြပါတယ်။ ငါးအသားများများနဲ့ မုန့်ဟင်းခါးထဲ ထည့်တာ၊ ကောက် ညှင်းနဲ့ ရောပြီး ငှက်ပျောသီးပေါင်း လုပ်စားတာ၊ ငှက်ပျောသီးကို မုန့်နှစ်နဲ့ ကြော်စားတာ စသဖြင့်ပေါ့။ တကယ် တော့ ငှက်ပျောဟာ စားစရာအတွက်သာ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း သုံးတတ်ရင် ဆေးတစ်ပါး ဖြစ်တာမို့ ရုက္ခဗေဒအမည် Musa sapientum ၊ ပါဠိလို “ကဒလီ” လို့ ခေါ်တဲ့ ဒီငှက်ပျောအကြောင်းလေး မျှဝေ ပါဦးမယ်။ ငှက်ပျောကို မြန်မာပြည်အနှံ့ ပေါက်နိုင်တဲ့ အပင်မျိုးဖြစ်ပြီး ရွှေငှက်ပျော၊ သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်၊ နံသာပု၊ ငှက်ပျောချဉ် စသဖြင့် မျိုးကွဲပေါင်းများစွာ ရှိပါတယ်။ တချို့ဒေသတွေမှာContinue reading "တစ်ပင်လုံး ဆေးဘက်ဝင် ငှက်ပျော"

Ads Advertisement