သွားတိုက်ပြီးရင် ရေနဲ့ ပလုတ်မကျင်းသင့်ဘူးဆိုတာ မှန်လား?
By MyanHealth | October 4, 2026
သွားတိုက်ပြီးရင် ရေနဲ့ ပလုတ်မကျင်းသင့်ဘူးဆိုတာ မှန်လား? #MyanHealth#မှန်လားမှားလား#HealthEducation
By MyanHealth | October 4, 2026
သွားတိုက်ပြီးရင် ရေနဲ့ ပလုတ်မကျင်းသင့်ဘူးဆိုတာ မှန်လား? #MyanHealth#မှန်လားမှားလား#HealthEducation
By MyanHealth | October 4, 2026
“ဆရာမရေ… ဒီလူတစ်ယောက်ကလေ စကားပြောရလည်း ခက်တယ်။ ကိုယ်ပြောတာကို ပြန်မပြော၊ နားမထောင်နဲ့။ ကျမပြောတာ နားလည်လား၊ နားမလည်လားလည်း မသိဘူး။ သူ့စကားပြောတာလည်း နားထောင်သလိုလိုနဲ့။ ဒေါသကလည်း ကြီးသေးတယ်။ သူများနဲ့လည်း မနေဘူး။” “ဆရာမရေ… သူနဲ့ အလုပ်တွဲလုပ်ဖို့ မဖြစ်နိုင်ဘူး။ သူ့ကို ကျွန်တော့်အဖွဲ့ထဲ မထည့်နဲ့နော်။” “ဆရာမ… ဒီလူက မရဘူး။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့။ သူ့ကို လူတိုင်းကြောက်တယ်။ မလိုချင်ကြဘူးနော်။ ဘယ်သူနဲ့မှလည်း အဆင်မပြေဘူး။ ဆိုင်ကိုကြီးနော်။” အို… ဘယ်လိုဖြစ်တာလဲ။ ဒီလူတစ်ယောက်တည်းကို လူတိုင်းက အလုပ်အတူတွဲလုပ်ဖို့ ငြင်းနေကြတော့ ကျမ တော်တော် အံ့သြမိသွားတယ်။ ကျမက လူထုအခြေပြု ကျန်းမာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် လုပ်ကိုင်ပေးနေသူ တစ်ယောက်အနေနဲ့ “လူတိုင်းပါဝင်နိုင်ရေး” ကို အမြဲဦးစားပေး အလုပ်လုပ်နေသူပါ။ လူတိုင်းပါဝင်နိုင်ရေးဆိုတာကိုContinue reading "သူလိုလူ မရှားဘူး၊ ရှိတယ်"
By Ko Tin | October 3, 2026
• တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ ရေကြီးပြီးတဲ့နောက် ဖြစ်လာတဲ့ အညစ်အကြေးတွေကြောင့် သန့်ရှင်းစိတ်ချရတဲ့ ရေနဲ့ အစားအစာကိုသာ အသုံးပြုဖို့၊ လိုအပ်ရင် ရေကို ကြိုချက်သောက်သုံးဖို့နဲ့ ဖျားနာတာ၊ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ အမြန်ဆုံးကုသမှု ခံယူကြဖို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။ • စက်တင်ဘာ ၁၈ ကနေ ၂၆ ရက်အထိ တိုင်းနဲ့ ပြည်နယ် ငါးခုမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဗဟိုအဆင့် ဆေးရုံ၊တိုင်းနဲ့ ပြည်နယ် ကုသရေး ဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသရသူ ၈၃ ဦးအထိ ရှိယတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဖြစ်ပွားသူ အများစုဟာ ရန်ကုန်တိုင်းက ဖြစ်ပြီး သာမန်အဆင့် ၃၀ ဦးနဲ့ ပြင်းထန်အဆင့် ၃၅ အထိContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (October First Week)"
By MyanHealth | September 28, 2026
ကိုယ်လက်စထရော များတာက လက္ခဏာမပြဘဲ အသက်အန္တရာယ်ပေးနိုင်တဲ့ တိတ်တဆိတ် လူသတ်သမားပါ။ ဒိတစ်ပတ်MyanHealth ရဲ့ ‘Expert Explanation’ မှာ သွေးတွင်း ကိူလတ်စထရောများခြင်းကို ဘာ့ကြောင့် သတိထားသင့်လဲဆိုတာကို ကြည့်ရှုလိုက်ပါ။ #MyanHealth#ExpertExplanation#HealthEducation#HighCholesterol
By Ko Tin | September 28, 2026
ထိုင်းနိုင်ငံ၊ ဥဒုံဌာနီခရိုင်ထဲက အသက် (၉) နှစ်အရွယ် အမျိုးသမီးဟာ နိုင်ငံရဲ့ အသက်အငယ်ဆုံး မိခင် ဖြစ်လာပြီး ကလေးရဲ့ ဖခင်ဟာ အသက် (၁၃) နှစ်သာ ရှိသေးတယ်လို့ စက်တင်ဘာ ၂၃ ရက်က ဥဒုံဌာနီ ရာဇဘတ်တက္ကသိုလ်မှာ လုပ်တဲ့ Safe Love Smart Life အလုပ်ရုံဆွေးနွေးပွဲမှာ ကျန်းမာရေးမြှင့်တင်ရေးစင်တာ (၈) တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ အမျိုးသမီးငယ်ဟာ သူ့ချစ်သူနဲ့ ဆက်ဆံရေးမပြတ်အောင်အတွက် ရည်ရွယ်ချက်ရှိရှိ ကိုယ်ဝန်ဆောင်ခဲ့တာဖြစ်ပြီး ဒီအလုပ်ရုံဆွေးနွေးပွဲကို သိပ္ပံဌာန ပထမနှစ် ကျောင်းသား/သူ ၃၅၀ ဦးအတွက် ပြုလုပ်တာဖြစ်ပြီး ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု ကာကွယ်တားဆီးခြင်းနဲ့ အန္တရာယ်ရှိ အခြေအနေမှာ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာတွေကို အသိပညာပေးခဲ့ပါတယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုအခြေအနေကို ဆယ်စုနှစ် တစ်ခုကျော်Continue reading "အသက် ၉ နှစ် မိန်းကလေးနဲ့ ၁၃ နှစ် ယောကျာ်းလေးတို့ ထိုင်းရဲ့ အသက်အငယ်ဆုံး မိဘ ဖြစ်လာ"
By MyanHealth | September 28, 2026
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်မရှိတဲ့ တိုင်းရင်းဆေးဝါး ၄ မျိုးကို သုံးစွဲရန် မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမျက်ရောင်ရောဂါ သောက်ဆေး (ဆေးမှုန့်/ဆေးထုတ်)၊ အာရှရွှေကြယ် အမှတ်တံဆိပ် ချောင်းဆိုးရင်ကျပ် သောက်ဆေး (ဆေးမှုန့်/ဆေးထုတ်)၊ ရတနာဖြိုး အမှတ်တံဆိပ် အဆစ်ရောင်ရောဂါ သောက်ဆေး (ဆေးမှုန့်/ဆေးထုတ်)၊ ဆေးအညွှန်းတံဆိပ် ဖော်ပြထားခြင်းမရှိတဲ့ ဆေးမှုန့်/ဆေးထုတ် လေးမျိုးဟာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် မရှိတဲ့အပြင် အနောက်တိုင်းဆေးဝါး Paracetamol ရောနှောထားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အခုလိုဆေးတွေထဲမှာ ရောနှောတွေ့ရတတ်တဲ့ Paracetamol နဲ့ အနောက်တိုင်းဆေးဝါးတွေဟာ သင့်တော်တဲ့ပမာဏနဲ့ သောက်သုံးရင် အကိုက်အခဲပျောက်စေပေမဲ့ သတ်မှတ်ပမာဏထက် ပိုမိုသောက်မိရင်တော့ ဘေးထွက်ဆိုးကျိုး (side effect) တွေ အများကြီးဖြစ်စေနိုင်ပါတယ်။Continue reading "ပါရာစီတမောရောနှောတိုင်းရင်းဆေး ၄ မျိုး သုံးစွဲခြင်းမပြုကြရန် သတိပေး"
By MyanHealth | September 27, 2026
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမေးအများဆုံး မေးခွန်းတွေရဲ့ အဖြေကို 𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝 ကျန်းမာသိကောင်းစရာ 𝙀𝙥𝙞𝙨𝙤𝙙𝙚 𝟮 မှာ လေ့လာကြည့်လိုက်ပါ။ အဆုံးထိကြည့်ပြီး မှန်ကန်တဲ့ ဗဟုသုတတွေကို ရယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်! #𝙈𝙮𝙖𝙣𝙃𝙚𝙖𝙡𝙩𝙝#𝙃𝙚𝙖𝙡𝙩𝙝𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚#𝙃𝙚𝙖𝙡𝙩𝙝𝙁𝙖𝙘𝙩𝙨#𝙀𝙥𝙞𝙨𝙤𝙙𝙚𝟮
By Dr. Wor Mi Thi, M.B.,B.S., MPH, Doctor of Public Health (Candidate) | September 26, 2026
လှေကားအတက်အဆင်းလုပ်တဲ့အခါ ဒူးနာတတ်ပါသလား။ အချိန်အကြာကြီး ထိုင်ပြီး ပြန်ထတဲ့အခါ အဆစ်တွေ တောင့်တင်းနေတတ်ပါသလား။ ဒီလိုအဆစ်နာကျင်တာ၊ တောင့်တင်းတာတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အရိုးအဆစ်ရောင်ရမ်းယိုယွင်းခြင်း (Osteoarthritis – OA) ဖြစ်ပါတယ်။ Osteoarthritis ဟာ အဖြစ်အများဆုံး အဆစ်ရောဂါတစ်မျိုးဖြစ်ပြီး ဒူး၊ တင်ပါးဆုံအဆစ်၊ လက်အဆစ်တွေနဲ့ ကျောရိုးတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။ ပုံမှန်ကျန်းမာတဲ့ အဆစ်တစ်ခုမှာ အရိုးနှစ်ခုရဲ့ ထိပ်ဖျားတွေကို ချောမွေ့တဲ့ အရိုးနု (Cartilage) က ဖုံးအုပ်ထားပါတယ်။ ဒီအရိုးနုကြောင့် အရိုးတွေဟာ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မှုနည်းနည်းနဲ့ ချောချောမွေ့မွေ့ လှုပ်ရှားနိုင်ပါတယ်။ Osteoarthritis ဖြစ်လာတဲ့အခါ အရိုးနုတစ်ခုတည်းသာမက အဆစ်အတွင်းနဲ့ အဆစ်ပတ်ဝန်းကျင်က အရိုးနဲ့ တခြားတစ်ရှူးတွေမှာပါ တဖြည်းဖြည်းContinue reading "အရိုးအဆစ်တွေ နာကျင်လာတဲ့အခါ သိထားသင့်တဲ့ အရိုးအဆစ်ရောင်ရမ်းယိုယွင်းခြင်း"
By Ko Tin | September 25, 2026
• ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်းက ကျောင်းသား/သူတွေကို ကရင် ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက Vitamin A နဲ့ သန်ချဆေး လိုက်လံတိုက်ကျွေးတာတွေ လုပ်ခဲ့ပါတယ်။ • တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်းက ဆေးအရောင်းဆိုင်တွေကို ကွင်းဆင်းစစ်ဆေးရာမှာ ရက်လွန်ဆေးဝါးနဲ့ စပ်ဆေး ရောင်းချတာတွေ တွေ့ခဲ့လို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ • အခြေခံအဆောက်အအုံ ဖြည့်ဆည်းတာအပြင် လူနာတွေ ဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ်တွေကို ကျန်းမာရေးဝန်ထမ်းတစ်ဦးချင်းစီကနေ ကျန်းမာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသူအထိ အလေးထား ဆောင်ရွက်ရမယ်လို့ ကျန်းမာရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာရဲမြင့်က ကမ္ဘ့ာ လူနာဘေးကင်းလုံခြုံရေး အထိမ်းအမှတ် အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။ • ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသContinue reading "တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (September Fourth Week)"
By MyanHealth | September 24, 2026
နေ့တိုင်း မျက်ခုံးဆွဲစရာမလိုဘဲ မျက်ခုံးလှလှလေး ဖြစ်ချင်တာ၊ မျက်လုံးကို eyeliner ဆွဲထားသလို ဖြစ်နေချင်တာ၊ နှုတ်ခမ်းလေး အရောင်မဖျော့ဘဲ သဘာဝကျကျ လှနေချင်တာတွေကြောင့် Cosmetic Tattooing (အလှပြင်တက်တူး) ကို ရွေးချယ်လာကြသူတွေ ရှိပါတယ်။ Cosmetic Tattooing ဆိုတာ မျက်ခုံး၊ မျက်ရစ်နဲ့ နှုတ်ခမ်းလိုနေရာတွေမှာ အရောင်ခြယ်ပစ္စည်း (pigment) ကို အရေပြားထဲ ထည့်သွင်းလိုက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မိတ်ကပ်လိမ်းရတဲ့အချိန်ကို လျှော့ချနိုင်သလို ကိုယ်လိုချင်တဲ့ပုံစံကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တာက ဒီနည်းလမ်းရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ အရေပြားကို အပ်နဲ့ ထိုးဖောက်ပြီး pigment ထည့်သွင်းရတာဖြစ်လို့ နာကျင်မှုလျော့ဖို့ ထုံဆေး၊ လိမ်းဆေးတွေလည်း အသုံးပြုကြပါတယ်။ ဒီတော့ အလှအတွက်သပ်သပ် တက်တူးထိုးကြမယ်ဆိုရင် ဘာတွေကို သတိထားသင့်သလဲဆိုတာက မေးခွန်းContinue reading "Cosmetic Tattooing ထိုးမယ်ဆို ဒါတွေ သတိထား (မျက်ခုံး၊ မျက်ရစ်၊ နှုတ်ခမ်း တက်တူး)"
By MyanHealth | September 22, 2026
သုံးလေးရက် လိမ်းလိုက်တာနဲ့ အသားအရေကို ချက်ချင်း ဖြူဝင်းချောမွတ်စေရမယ်၊ အသားရောင် မညီတာတွေ၊ ဝက်ခြံအမည်းစက်တွေ ချက်ချင်းလျော့သွားစေရမယ်လို့ အာမခံပြီး ရောင်းတဲ့ skincare မျိုးကို သုံးဖူးကြလား? “ဒီလို ရက်တိုတိုနဲ့ ထူးထူးခြားခြား ကောင်းသွားစေတဲ့ skincare မျိုး အခုမှသိရတာ ငါကံဆိုးတာပဲ” လို့ တွေးမိရင် သင်ဟာ ကံတကယ်ကောင်းလို့ မသုံးမိတာလို့ ပြောရပါလိမ့်မယ်။ ဘယ်လိုပဲ ကောင်းပေ့၊ ညွန့်ပေ့၊ ဈေးကြီးပေ့ ဆိုတဲ့ skincare တိုင်းက သင့်အသားအရေပေါ်က အပြစ်အနာအဆာတွေကို သုံးလေးရက်အတွင်း မသက်သာနိုင်စေပါဘူး။ ဒီလို skincare တွေမှာ နေ့စဉ်သုံးစွဲဖို့ လုံးဝ မသင့်တော်တဲ့ Topical Corticosteroid (စတီးရွိုက် လိမ်းဆေး) တွေ ပါဝင်နေပြီဆိုတာ အသေအချာပါပဲ။ Topical corticosteroids တွေကိုContinue reading "ကိုယ်သုံးတဲ့ အလှကုန်တွေထဲ Steroids တွေပါနေပြီလား"
By MyanHealth | September 21, 2026
ရန်ကုန်မြို့တော်က မြို့နယ်အချို့မှာ ဝမ်းရောဂါဖြစ်ပွားမှုတွေ ရှိလာပြန်တာကြောင့် စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး လမ်းဘေးအစားအသောက်ရောင်းချမှုတွေ အနည်းဆုံး ငါးရက် ရပ်ထားဖို့ သက်ဆိုင်ရာက ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ တာမွေမြို့နယ်ရှိ ဈေးအချို့ကနေ စုံစမ်းသိရှိရပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာကြောင့် လမ်းဘေးဆိုင်လို့ ခေါ်ဝေါ်ကြတဲ့ တနိုင်တပိုင် အစားအသောက်ရောင်းချမှုကို ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ပြီး ရပ်ဆိုင်းခဲ့ပါတယ်။ ဖြစ်ပွားမှု အနည်းငယ်ထိန်းချုပ်နိုင်တဲ့ အနေအထားရောက်ပြီးနောက် တနိုင်တပိုင် အစားအသောက်ရောင်းချသူတွေ ပြန်လည်ရောင်းချနေတာ ရက်သတ္တပတ်နှစ်ပတ်တောင် မရှိသေးချိန်မှာ ယခုလို ထပ်မံရောင်းချမှု ရပ်နားကြရတာ ဖြစ်ပါတယ်။ ဩဂုတ်လ လဆန်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းရာက ရေကြီးရေလျှံမှုတွေလည်း ဖြစ်ခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်လာတယ်လို့ သိရပါတယ်။ လူနာများအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောသော အသက် ၉၂ နှစ်အရွယ် အမျိုးသားတစ်ဦးContinue reading "လမ်းဘေးနဲ့တနိုင်တပိုင်စားသောက်ဆိုင်တွေရောင်းချမှု ရပ်ရပြန်"