Skip to content

ဆောင်းပါးများ

စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းများ
မျှဝေရင်းကူ

စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းများ

By MyanHealth  |  August 23, 2024

စိတ်ဓာတ်ကျခြင်းသည် လူတိုင်း တစ်ချိန်ချိန်တွင် ခံစားရနိုင်သော စိတ်ခံစားမှုတစ်ရပ်ဖြစ်သည်။ သို့သော် ပြင်းထန်လာပါက နေ့စဉ်ဘဝကို ထိခိုက်စေနိုင်သည်။ စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေရန် အောက်ပါနည်းလမ်းများအချို့ကို ပြုလုပ်ကြည့်ရန် MyanHealth မှ အကြံပြုလိုက်ပါသည်။ https://myanhealth.org/staging/1678/wp-content/uploads/2024/08/necessary-food-img-768×1024.jpeg စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းအချို့   လုံလောက်စွာ အိပ်စက်အနားယူပါ။ လုံလောက်သောအိပ်စက်ခြင်းသည် ဦးနှောက်ကို ပြန်လည်အားဖြည့်ပေးပြီး စိတ်ဖိစီးမှုကို လျော့ချပေးသည်။ တစ်နေ့ကို 7-9 နာရီခန့် အိပ်ပါ။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်စေသောအစားအစာများကို ကိုယ်တိုင်ချက်ပြုတ်စားသုံးပါ။  ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ပေးစွမ်းပြီး စိတ်ကျန်းမာရေးကို ထောက်ပံ့ပေးသည်။ ဝါသနာပါပြီး စိတ်အပန်းပြေစေသည့်အလုပ်များ လုပ်ဆောင်ပါ။ ဝါသနာပါသော အလုပ်များကို လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ချပေးပြီး ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည်။ ဥပမာ –Continue reading "စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေသည့် နည်းလမ်းများ"

မျောက်ကျောက်ရောဂါ
ဆောင်းပါးသတင်း

မျောက်ကျောက်ရောဂါ

By MyanHealth  |  August 22, 2024

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မျောက်ကျောက်ရောဂါကို နိုင်ငံတစ်ကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ် ထုတ်ပြန်ထားပါတယ်။ မျောက်ကျောက်ရောဂါဆိုတာ နာမည်အတိုင်းပဲ ၁၉၅၈ ခုနှစ်မှာ မျောက်မှာ စတွေ့ခဲ့တဲ့ ရောဂါဖြစ်ပြီး ရေကျောက်၊ ကျောက်ရောဂါစတဲ့ ကျောက် အနွယ်ဝင်ဖြစ်ပါတယ်။ လူမှာတော့ ကွန်ဂိုနိုင်ငံမှာ ၁၉၇၀ မှာ စတွေ့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကစပြီး ကမ္ဘာ့နေရာအတော်များများမှာ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်၊ နိုင်ငံအချို့မှာ အစုလိုက်အပြုံလိုက် ကူးစက်တာမျိုးကိုလည်းတွေ့ရပါတယ်။ မျောက်ကျောက်ရောဂါဟာ Monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရပါတယ်။ Clade I နဲ့ clade II ဆိုပြီး အမျိုးအစား ၂ မျိုးရှိပြီး  Clade IContinue reading "မျောက်ကျောက်ရောဂါ"

အိမ်ဦးနတ်ရဲ့ သောက
မိခင်ဒိုင်ယာရီ

အိမ်ဦးနတ်ရဲ့ သောက

By MyanHealth  |  August 16, 2024

ကိုစိုင်း -ရေးသည်။ နယ်မြို့လေးတစ်ခုအခြေစိုက် ဒေသတွင်းသတင်းဂျာနယ်မှာအယ်ဒီတာလုပ်တဲ့ ကိုစိုးအောင်အတွက် ကံကြမ္မာအလှည့်အပြောင်းက ၂၀၂၁ စစ်အာဏာသိမ်းပြီး ခြောက်လအကြာမှာ စခဲ့ပါတယ်။ https://myanhealth.org/staging/1678/wp-content/uploads/2024/08/paternalstress_0824-img-1024×536.jpgစစ်ကောင်စီတပ်က သတင်းတိုက်ကိုနှစ်ကြိမ်တိုင်ဝင်စီးနင်းရှာဖွေပြီးနောက်မှာ သတင်းတိုက် ဆက်လက်လည်ပါတ်ဖို့မဖြစ်နိုင်တော့ဘဲ ဂျာနယ်ဘုတ်အဖွဲ့ဆုံးဖြတ်ချက်ကြောင့် သတင်းစာရပ်နားခဲ့ရတယ်။  ပထမအကြိမ်ဝင်စီးနင်းကတည်းက ကိုစိုးအောင်ကံကောင်းစွာလွတ်မြောက်ခဲ့ပြီး ကျေးရွာတစ်ခုမှာ မိသားစုလိုက် တိမ်းရှောင်ခဲ့ကြတယ်လို့ ပြောပါတယ်။  သုံးနှစ်အရွယ် သမီးနဲ့ ရှစ်နှစ်အရွယ်သားတို့ရဲ့ဖခင် ကိုစိုးအောင်တို့ မိသားစုဟာ သုံးလကြာ ကျေးလက်မှာ နေထိုင်ရင်း ပုံမှန်ဝင်ငွေမရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် မြို့က အိမ်ကိုပြန်ခြေချခဲ့ကြရပါတယ်။ သူ့ကို အမှုဖွင့်လှစ်ထားတာမရှိဘဲ စောင့်ကြည့်အဆင့်သာရှိတယ်လို့ မိတ်ဆွေအချို့ဆီက သတင်းရလို့ စိုးတထိတ်ထိတ် မရဲတရဲနဲ့ ပြန်လာခဲ့တာလို့ဆိုပါတယ်။  ” ထိုင်စားနေလို့မဖြစ်ဖူး၊မိသားစု ဝမ်းရေးအတွက် အလုပ်တခုခု လုပ်ဖို့ မြို့ပေါ်ပြန်တက်လာခဲ့ရတာ “လို့ ကိုစိုးအောင်ကပြောပါတယ်။  မိသားစုက ကိုစိုးအောင်ရဲ့ ဝင်ငွေတခုတည်းကိုပဲ မှီခိုလာခဲ့တာ​ပါ။ အိမ်ထောင်သက်၁၄နှစ်အတွင်းContinue reading "အိမ်ဦးနတ်ရဲ့ သောက"

မွေးကင်းစကလေး အသားဝါခြင်း
ဆောင်းပါးသတင်း

မွေးကင်းစကလေး အသားဝါခြင်း

By MyanHealth  |  August 14, 2024

မွေးကင်းစကလေးအသားဝါခြင်းကို မွေးကင်းစကလေးငယ် အတော်များများ ကြုံတွေ့ရလေ့ရှိပြီး နေ့စေ့လစေ့မွေးတဲ့ကလေး ၁၀ယောက်မှာ ၆ ယောက်ခန့်နဲ့ လမစေ့ဘဲမွေးတဲ့ကလေး ၁၀ ယောက်မှာ ၈ ယောက်ခန့် ကြုံတွေ့ရနိုင်ပါတယ်။ မွေးကင်းစကလေးငယ်ရဲ့သွေးထဲမှာ ဘီလီရူဘင် (bilirubin) လို့ခေါ်တဲ့ အသားဝါစေနိုင်တဲ့ဓါတ် (အဝါဓါတ်) တစ်မျိုးများလာတာကြောင့် အသားဝါလာရခြင်းဖြစ်ပါတယ်။ များသောအားဖြင့် ရောဂါကြောင့်မဟုတ်ဘဲ ဇီဝဖြစ်စဉ်ကြောင့်အသားဝါတတ်ပြီး မိခင်နဲ့ကလေးသွေးအမျိုးအစား မတူတာကြောင့်လဲ ဖြစ်တတ်သလို တစ်ခါတစ်ရံမှာတော့ အခြားသောအကြောင်းအရာများကြောင့် ဝါတတ်ပါတယ်။ မွေးကင်းစကလေး အသားဝါခြင်း ရှိ/မရှိကို အရေပြား၊ မျက်သား၊ လက်ဖဝါး၊ ခြေဖဝါး စတဲ့နေရာတွေမှာ သတိထားကြည့်ရှုနိုင်ပါတယ်။https://myanhealth.org/staging/1678/wp-content/uploads/2024/08/Jaundice-img-1024×576.jpg   ဇီဝဖြစ်စဉ်ကြောင့်အသားဝါခြင်း (Physiological Jaundice) ၇၅ ရာခိုင်နှုန်းသော မွေးကင်းစကလေးအသားဝါခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်အရဖြစ်ပြီးရောဂါမဟုတ်ပါဘူး။ မွေးပြီး ၃ ရက်လောက်မှာ ကလေးငယ်ဟာ အသားတွေစဝါတတ်ပြီး ၅Continue reading "မွေးကင်းစကလေး အသားဝါခြင်း"

နေရပ်စွန့်ခွါ ပြည်သူများအတွက် ထုပ်ပိုးသယ်ဆောင်သွားသင့်သော ရိက္ခာများ
မျှဝေရင်းကူ

နေရပ်စွန့်ခွါ ပြည်သူများအတွက် ထုပ်ပိုးသယ်ဆောင်သွားသင့်သော ရိက္ခာများ

By MyanHealth  |  August 12, 2024

မြန်မာနိုင်ငံရှိ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများအတွက် အခြေခံ လူသုံးကုန် ပစ္စည်းများ ထုပ်ပိုးခြင်းသည် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်ပါသည်။ ဘေးလွတ်ရာသို့ ရောက်ရှိသည့်တိုင် အခြေခံ စားသောက်ရေး အတွက် အခက်အခဲများ ရှိနိုင်သောကြောင့် ကြိုတင် ပြင်ဆင်ထားခြင်းက အထောက်အကူ ဖြစ်စေပါလိမ့်မည်။ အောက်တွင် ဖော်ပြပါ အချက်များသည် ထည့်သွင်းစဉ်းစားသင့်သော အခြေခံ ရိက္ခာများ ဖြစ်ပါသည်။ https://myanhealth.org/staging/1678/wp-content/uploads/2024/08/necessary-food-img-768×1024.jpeg အစားအသောက်များ ဆန်။ ဆန်သည် မြန်မာလူမျိုးများ၏ အဓိက အစားအစာဖြစ်သည်။ တတ်နိုင်သမျှ လုံလောက်သော ပမာဏကို ယူဆောင်သွားပါ။ ကြာရှည်ခံအောင် ဆန်အိတ်ကို သေချာစွာ ထုပ်ပိုးသိမ်းဆည်းပါ။ ဆီ။ ဆီသည် ချက်ပြုတ်ရာတွင် မရှိမဖြစ် လိုအပ်သည်။ ပုလင်း သို့မဟုတ် ဗူး အသေးများဖြင့် ထည့်ယူနိုင်သည်။ ပဲအမျိုးမျိုး။Continue reading "နေရပ်စွန့်ခွါ ပြည်သူများအတွက် ထုပ်ပိုးသယ်ဆောင်သွားသင့်သော ရိက္ခာများ"

ရေကြီးမှုဖြစ်ပွားပြီးနောက် ကျန်းမာရေး ဆောင်ရန်များ
မျှဝေရင်းကူ

ရေကြီးမှုဖြစ်ပွားပြီးနောက် ကျန်းမာရေး ဆောင်ရန်များ

By MyanHealth  |  August 12, 2024

ရေကြီးမှုဘေး ကျော်လွန်ပြီးနောက် ကျန်းမာရေး ဂရုစိုက်ကြစို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျန်းမာရေး ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ ရေကြီးတဲ့အချိန် ညစ်ညမ်းမှုတွေ ပါလာတတ်သလို၊ ရေကျသွားတဲ့အခါမှာလည်း ရောဂါပိုးတွေ ကျန်ရစ်ခဲ့တတ်လို့ပါ။ ဒါကြောင့် ကျန်းမာရေး ကောင်းစေဖို့ အောက်ပါ အချက်တွေကို လိုက်နာကြဖို့ MyanHealth ကနေ တိုက်တွန်းပါရစေ။ https://myanhealth.org/staging/1678/wp-content/uploads/2024/08/Health-measures-after-a-flood-img-768×1024.jpeg မဖြစ်မနေ လိုက်နာရမယ့် အချက် (၄) ချက် ၁။ အစာစားခြင်းမပြုမီနဲ့ အိမ်သာအသုံးပြုပြီးတိုင်း လက်ကို သေချာစွာဆေးကြောပါ။ 🧼 ရေကြီးမှုတွေကြောင့် ပတ်ဝန်းကျင်မှာ ရောဂါပိုးမွှားတွေ ပေါများနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို ဆပ်ပြာနဲ့ ရေသုံးပြီး စက္ကန့် ၂၀ လောက် ပွတ်တိုက်ဆေးကြောတာက ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းပါ။ ၂။ သေချာကျက်အောင် ချက်ပြုတ်ထားသောContinue reading "ရေကြီးမှုဖြစ်ပွားပြီးနောက် ကျန်းမာရေး ဆောင်ရန်များ"

အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး
မျှဝေရင်းကူ

အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး

By MyanHealth  |  August 12, 2024

နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့ အရေးကြီးသလို ဘေးအန္တရာယ် ကင်းရှင်းဖို့ လည်း အရေးကြီးပါတယ်။ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် အောက်ပါ အချက်အလက်တွေကို မှတ်သားပြီး မျှဝေရင်း ကူညီကြမယ်။ https://myanhealth.org/staging/1678/wp-content/uploads/2024/08/food-safety_img-768×1024.jpeg

ရခိုင်ပြည်နယ်မှာ HIV နဲ့ TB ဆေးများပြတ်လပ်၊ ထိရောက်တဲ့ကုသမှုမလုပ်နိုင်လို့ သေဆုံးရတဲ့လူနာတွေပင်ရှိလာ
ဆောင်းပါးသတင်း

ရခိုင်ပြည်နယ်မှာ HIV နဲ့ TB ဆေးများပြတ်လပ်၊ ထိရောက်တဲ့ကုသမှုမလုပ်နိုင်လို့ သေဆုံးရတဲ့လူနာတွေပင်ရှိလာ

By MyanHealth  |  August 12, 2024

ဩဂုတ် ၁၁။ ရခိုင် ချစ်ခွန်းချို ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး ဆိုင်ရာ ဆိုးရွားတဲ့အခြေအနေတွေကြောင့်ပြည်သူတွေအသက်ဆုံးရှုံးနေရတဲ့အခြေအနေအပေါ် လက်ရှိအစိုးရဘက်ကလည်း ဖြေရှင်းပေးတာမရှိသလို ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဖော်ဆောင်နေတဲ့ AA ရခိုင့်တပ်မတော်ကလည်း ဖြေရှင်းတာမျိုးမရှိဘူးလို့သိရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ HIV, TB ဆေးအပါအဝင် အခြားနာတာရှည် ရောဂါတွေအတွက် ဆေးဝါးတွေ ပြတ်လတ်မှုဖြစ်ပေါ်နေတဲ့အပြင်ဆေးရုံတွေမှာလည်းထိရောက်တဲ့ကူသမှုတွေမပေးနိုင်တဲ့အခြေအနေတွေဖြစ်နေတယ်လို့ ေဒသခံပြည်သူတွေဆီကနေသိရပါတယ်။ https://myanhealth.org/staging/1678/wp-content/uploads/2024/08/colored_pills_capsules_img.jpeg တိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်ကိုကုန်းကြောင်း၊ရေကြောင်းကနေဝင်ရောက်ခွင့်ကန့်သတ်ခံထားရပြီးဆေးဝါးပစ္စည်းတွေကိုပါတရားဝင်သယ်ဆောင်ခွင့်မပြုတဲ့အပြင်အရေးပေါ်လူနာတင်ယာဥ်တွေကိုလည်းမြို့နယ်တခုနဲ့တခုကိုသွားခွင့်မပြုသလိုပြည်မထဲကိုသွားရောက်ကုသခွင့်လည်းမပြုဘူးလို့သိရပါတယ်။ “မြို့ထဲက TB ဆေးထုတ်ပေးတဲ့ဌာနတွေမှာကိုဆေးတွေမရှိတော့ဘူး ။ပြတ်နေပြီ။ဆေးပြတ်ရင် TBလူနာရောHIVလူနာတွေရောကစိတ်ကျရောဂါဝင်တာပဲ။ဆေးမသောက်ရရင်သေတော့မှာလားဆိုပြီးဖြစ်ကုန်ရော။မြို့ထဲကဆေးရုံမှာကလည်းအကြီးစားခွဲစိတ်မှုတွေမလုပ်နိုင်ဘူး။ဆေးရုံမှာရှိနေသေးတဲ့လက်ကျန်ဆေးဝါးအရပဲကုသမှုလုပ်နိုင်တယ်။အရေးပေါ်လူနာလွှဲပြောင်းမယ်ဆိုလည်း လူနာတင်ကားတောင်မြို့အပြင်ပေးမထွက်တော့သေတဲ့သူတွေများလာတယ်။အခုကမြို့ထဲဆေးရုံမှာကုလို့ရရင်ကု၊ကုမရရင်အသေခံဒါပဲရှိတယ်။” လို့ တောင်ကုတ်မြို့နယ် ဒေသခံတစ်ဦးဖြစ်သူကိုမင်းမင်း (အမည်လွဲ) ကပြောပါတယ်။ တောင်ကုတ်မြို့နယ်တခုတည်းမှာတင်ဆေးဝါးပြတ်လတ်မှု၊အရေးပေါ်ကူသမှုမလုပ်နိုင်တဲ့အခြေအနေတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဒေခံပြည်သူ ၁၀ ဦးကျော်အထိရှိနေတယ်လို့သိရပါတယ်။ အလားတူ အခြားရခိုင်ပြည်နယ်တွင်းရှိ မင်းပြား၊သံတွဲ၊ပေါက်တောအပါအဝင် စတဲ့မြို့နယ်တွေမှာပါ ဆေးဝါးတွေပြတ်လပ်နေပြီးဆေးရုံတွေမှာလည်းဆရာဝန်နဲ့သူနာပြုတွေမရှိသလောက်ဖြစ်နေတဲ့အတွက် လက်နက်ကြီးထိမှန်တဲ့လူနာအပါအဝင် နာတာရှည်ရောဂါခံစားရသူတွေ၊HIV ဆေးသောက်သုံးရသူတွေ အားလုံးဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ တရားမဝင်တင်သွင်းရောင်းချနေတဲ့ ဆေးဝါးများရှိသော်လည်း စျေးနူန်းအဆမတန်ကြီးမြင့်နေတာကြောင့် ဒေသခံပြည်သူတွေမှာContinue reading "ရခိုင်ပြည်နယ်မှာ HIV နဲ့ TB ဆေးများပြတ်လပ်၊ ထိရောက်တဲ့ကုသမှုမလုပ်နိုင်လို့ သေဆုံးရတဲ့လူနာတွေပင်ရှိလာ"

ကိုယ်ဝန်ဆောင်ကာလ ကြွက်တက်ခြင်း
ဆောင်းပါးသတင်း

ကိုယ်ဝန်ဆောင်ကာလ ကြွက်တက်ခြင်း

By MyanHealth  |  August 10, 2024

မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ညအိပ်ပျော်နေတုန်း ခြေထောက်ကို ရုတ်တရက်ဆန့်လိုက်တဲ့အခါ ကြွက်တက်ခြင်းကို ခံစားဖူးကြပါသလား။ ကြွက်တက်ခြင်းဝေဒနာဟာ ကိုယ်ဝန်ဆောင်မိခင်အတော်များများ ခံစားရတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ကြွက်သားတွေကို တမင်ထိန်းချုပ်တာမဟုတ်ဘဲနဲ့ ကျုံ့သွားတဲ့အခါ (သို့) တင်းသွားတဲ့အခါ ကြွက်တက်ခြင်းဝေဒနာကို ခံစားရပါတယ်။ ကြွက်တက်ပြီးရင်တော့ ကြွက်သားတွေမှာ နာကျဉ်ခြင်းဝေဒနာ ကျန်နေတတ်ပါတယ်။ ခြေသလုံးကြွက်သားနေရာမှာ အဖြစ်များပြီး တစ်ခါတစ်ရံ ပေါင်ကြွက်သားနဲ့ ခြေချောင်းတွေမှာပါ ခံစားရတတ်ပါတယ်။ https://myanhealth.org/staging/1678/wp-content/uploads/2024/08/cramps-during-pregnancy-img-1024×576.jpg   ကိုယ်ဝန်ဆောင်ကာလမှာ ကြွက်တက်ခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း၊ အလေးအပင်မခြင်းစတဲ့ ကြွက်သားကို အလွန်အကျွံ အသုံးပြုမိခြင်း လေ့ကျင့်ခန်းမလုပ်ခင် အကြောမလျှော့ခြင်း ရေဓါတ်မပြည့်ဝခြင်း ကိုယ်ဝန်ဆောင်စဉ် မြင့်တက်လာတဲ့ ဟော်မုန်းတွေကြောင့်အပြင် ကိုယ်ဝန်ရဲ့အလေးချိန်ကြောင့် သွေးလှည့်ပတ်မှု ပြောင်းလဲခြင်း ကိုယ်ဝန်ရဲ့အလေးချိန်ကခြေထောက်အာရုံကြောတွေကိုဖိမိခြင်း ကိုယ်ဝန်ဆောင်စဉ်မှာ လိုအပ်တဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ ပိုတက်စီယမ်၊ ကယ်(လ်)စီယမ်၊ မဂ္ဂနီစီယမ်စတာတွေContinue reading "ကိုယ်ဝန်ဆောင်ကာလ ကြွက်တက်ခြင်း"

စစ်ရှောင်ပြည်သူများ ကျန်းမာရေး ဆိုင်ရာကုသခွင့်များဆုံးရှုံးနေ
ဆောင်းပါးသတင်း

စစ်ရှောင်ပြည်သူများ ကျန်းမာရေး ဆိုင်ရာကုသခွင့်များဆုံးရှုံးနေ

By MyanHealth  |  August 8, 2024

ဩဂုတ် ၇။ စစ်ကိုင်း ချစ်ခွန်းချို မြန်မာပြည်အနှံအပြားမှာဖြစ်ပွားလျှက်ရှိတဲ့စစ်ပွဲများကြောင့်အရပ်သားပြည်သူအများစုဟာနေထိုင်ရာအိုးအိမ်စည်းစိမ်များကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အဆိုပါတိမ်းရှောင်ထွက်ပြေးရာနေရာများမှာလည်း ရော၈ါကပ်ဆိုးများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းမှုများက နေ့စဥ်အသက်ရှင်သန်မှုအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ် စစ်ရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ တောထဲမှာပဲ ယာယီနေထိုင်နေရတာကြာရှည်လာမှုကြောင့် ကျန်းမာရေး ဆိုင်ရာချို့ယွင်းမှုတွေ ရှိပြီးဖျားနာသူ၊နာမကျန်းသူတွေလည်းရှိနေပါတယ်။ https://myanhealth.org/staging/1678/wp-content/uploads/2024/08/FB_IMG_1723019643674-img.jpg ကလေးမြို့နဲ့အလှမ်းဝေးတဲ့ တောထဲမှာ စစ်ဘေးရှောင်နေရတာဖြစ်တာကြောင့် ကလေးမြို့ပေါ်ကို သွားရောက်ပြီး ဆေးကုသဖို့အတွက် ခက်ခဲတဲ့အခြေအနေတွေကြောင့် စစ်ရှောင်ပြည်သူတွေမှာ ကျန်းမာရေး ဆိုင်ရာကုသခွင့်တွေဆုံးရှုံးနေရတယ်လို့သိရပါတယ်။ လတ်တစ်လော သတင်းရင်းမြစ်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေထဲမှာ သွေးလွန်တုပ်ကွေး၊ဝမ်းပျက်ဝမ်းလျှောရောဂါအပြင်လေဖြတ်ခြင်းနဲ့အဆုတ်နာရောဂါဖြစ်ပွားသူတွေရှိနေတယ်ပါတယ်။ ရောဂါတွေဖြစ်ပွားရတဲ့အဓိကအကြောင်းအရင်းက စစ်ဘေးရှောင်တွေမှာ မိုးတွင်းကာလရောက်သော်လည်းအမိုးအကာအလုံလောက်မရှိခြင်း၊သောက်သုံးရေမသန့်ရှင်းခြင်း၊အစားအသောက်ပိုင်းဆိုင်ရာသန့်ရှင်းမှုအားနည်းခြင်း၊ယင်နားစာစားမိခြင်း၊ခြင်အန္တရာယ်ကိုထိရောက်စွာမကာကွယ်နိုင်ခြင်းစတဲ့အခက်အခဲတွေကြောင့် ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ရောဂါဝေဒနါခံစားရသူတွေထဲမှာ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေပါကြောင်း၊ သွေးလွန်တုပ်ကွေးနဲ့ဝမ်းပျက်ဝမ်းလျှောရောဂါလူနာထပ်တိုးပါက ဆေးဝါးပြတ်လပ်နိုင်ပြီး လေဖြတ် ရောဂါနဲ့နာတာရှည်ရောဂါသမားတွေအတွက်တော့ ဆေးဝါးအကူအညီတွေ အဓိကလိုအပ်နေတယ်လို့သိရပါတယ်။ “သွေးလွန်တုပ်‌ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များနေတယ်။လေဖြတ်တာကတော့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းတွေပါ။ဆေးဝါးလုံလောက်မှုကတော့ ခုထိတော့ ကုသမှုပေးလို့ ရနေတယ်ပြောလို့ရပေမယ့်Continue reading "စစ်ရှောင်ပြည်သူများ ကျန်းမာရေး ဆိုင်ရာကုသခွင့်များဆုံးရှုံးနေ"

သန်ကောင်၊တုတ်ကောင်များအကြောင်း သိကောင်းစရာ
ဆောင်းပါးသတင်း

သန်ကောင်၊တုတ်ကောင်များအကြောင်း သိကောင်းစရာ

By MyanHealth  |  August 7, 2024

မေမေ့ရဲ့ ကလေးလေးက ဗိုက်ခဏခဏနာတတ်ပါသလား။ ဝမ်းခဏခဏ လျှောတတ်ပါသလား။ စားသလောက် ကိုယ်အလေးချိန်မတက်လာဘဲ ဗိုက်ပူနံကားလေး ဖြစ်လာတယ်လို့ ထင်ပါသလား။ ဒါဆိုရင် သန်ကောင်ရောဂါ ဖြစ်နိုင်ခြေ ရှိနေပါပြီ။ သန်ကောင်ရောဂါဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး ကလေးတွေမှာ အတွေ့ရများပါတယ်။ သန်ကောင်တွေဟာ ကလေးတွေရဲ့အူနံရံမှာ ပုံမှန်အားဖြင့် တွယ်ကပ်နေထိုင်ပြီး အာဟာရတွေကို စုပ်ယူစားသုံးလေ့ရှိပါတယ်။ တစ်ချို့သန်ကောင်အမျိုးအစားတွေက ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးမှာ ခိုအောင်းနေထိုင်ပြီး ဒုက္ခပေးတတ်ပါတယ်။ သန်လုံးကောင်၊ သန်ပြားကောင်၊ ချိတ်သန်ကောင်၊ တုတ်ကောင် စတာတွေက မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ https://myanhealth.org/staging/1678/wp-content/uploads/2024/08/roundworms-img-1024×576.jpg ကူးစက်ပျံ့နှံ့ခြင်း သန်ကောင်ရောဂါဟာ သန့်ရှင်းမှုအားနည်းရင် ကူးစက်ပျံ့နှံ့တတ်ပါတယ်။ ပုံမှန်အားဖြင့် သန့် (၄) သန့်ဖြစ်တဲ့ အစာသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်းနှင့် အိမ်သာသန့်ရှင်းခြင်းတို့အားနည်းရင် ဖြစ်တတ်ပါတယ်။ သန်ကောင်ဥတွေဟာ အလွန်သေးငယ်ပြီးမျက်စိနဲ့ မမြင်နိုင်ပါဘူး။ ထိုသန်ကောင်ဥတွေဟာContinue reading "သန်ကောင်၊တုတ်ကောင်များအကြောင်း သိကောင်းစရာ"

စပ်ဆေးသောက်သင့် မသောက်သင့်
ဆောင်းပါးသတင်း

စပ်ဆေးသောက်သင့် မသောက်သင့်

By MyanHealth  |  August 2, 2024

ရွာထဲ ကုန်စုံဆိုင်ကနေ ဝယ်လာတဲ့ အဖြူ အပြာ အဝါ အရောင်စုံ ဆေးလုံးလေးတွေကို  လက်ခုပ်ထဲထည့်ပြီး ဒေါ်ညိုညို (အမည်လွှဲ) က ရေတစ်ခွက်နဲ့သောက် လိုက်ပါတယ်။ သူသောက်လိုက် စပ်ဆေးထုတ်ထဲမှာ အရောင်စုံဆေးခဲ ၆ ခဲလောက်ပါပြီး ဘယ်လိုဆေးဝါးတွေ ပါလည်းဆိုတာတော့ သူမသိပါဘူး။https://myanhealth.org/staging/1678/wp-content/uploads/2024/08/Mixing-Prescription-Drugs-img-1024×576.jpgဘယ်လိုဝေါးတွေပါတယ်ဆိုတာ မသိပေမယ့်လည်း ဒီဆေးထုပ်က သူ့အတွက် ငွေကြေးကုန်ကျမှုသက်သာပြီး ရောဂါကိုယာယီသက်သာစေတာကြောင့် သောက်သုံးနေတာဖြစ်တယ်လို့ဆိုပါတယ်။ ” ဒါရာသီတုပ်ကွေး အတွက်စပ်ဆေးလေ ၊တစ်ထုတ်ကို ၆၀၀ ၊နှစ်ခွက်စာကို ၁၂၀၀ ပေးရတယ် ၊အရင်ရွာမှာလာဆေးထိုးနေကြ ဆရာကစပ်ပြီးရောင်းခိုင်းတာ၊ဒီဆေးလေးရှိလို့အကုန်ကျသက်သာနေတာလေ ” ။ ဒီအမျိုးသမီးကြီးလိုပဲ အခြားသော သူတွေဟာလည်းရာသီတုပ်ကွေးလက္ခဏာအပါအဝင် အခြားရောဂါဝေဒ နာဖြစ်တဲ့ ဖျားနာခြင်း၊ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ဆင်တုပ်ကွေးစတဲ့ ရောဂါတွေအတွက်ပါ စပ်ဆေးကို သုံးစွဲနေကြတာဖြစ်ပါတယ်။ စပ်ဆေးဆိုတာဟာ လူတိုင်း ခံစားရလေ့ရှိ တဲ့ရောဂါဝေဒ နာအချို့အတွက် ဆေးမျိုးစုံကိုရောစပ်ပြီးContinue reading "စပ်ဆေးသောက်သင့် မသောက်သင့်"

Ads Advertisement